Data
စစ်ဗိုလ်ချုပ်တွေရဲ့ လက်ကိုင်တုတ် ပြည်ခိုင်ဖြိုးပါတီက တနိုင်ငံလုံးမှာ ကိုယ် စားလှယ်အများဆုံးနဲ့ ရွေးကောက်ပွဲဝင်မယ်
လွန်ခဲ့သော ၁၇ နာရီ က
BAP၊ စက်တင်ဘာ ၂၄။
စစ်ဗိုလ်ချုပ်ဟောင်းတွေ စစ်တပ်အငြိမ်းစားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ-ပြည်ခိုင်ဖြိုး က လာမဲ့ စစ်အုပ်စုရွေးကောက်ပွဲမှာ တနိုင်ငံလုံး ကိုယ်စားလှယ်အများဆုံး ဝင်ပြိုင်ဖို့ရှိနေပါတယ်။
စစ်အုပ်စုရွေးကောက်ပွဲကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မဲ့ နိုင်ငံရေးပါတီ ၆ ပါတီထဲမှာမှ ပြည်ခိုင်ဖြိုးက တနိုင်ငံလုံးမှာ ကိုယ်စားလှယ် တထောင်ကျော် (၁,၀၁၈ ဦး) နဲ့ ဝင်ပြိုင်မယ်လို့ဆိုပါတယ်။
အဲဒီနောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဒုတိယအများဆုံးနဲ့ ၆၉၄ ဦး၊ ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက ၆၇၂ ဦးတို့နဲ့ အစဉ်လိုက်ရပ်တည်နေပါတယ်။
မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၄၂၈ ဦး၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ၅၈၄ ဦး၊ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက ၅၁၂ ဦး ဆိုပြီး စစ်အုပ်စု ရွေးကောက်ပွဲကို ဝင်ပြိုင်ကြဖို့ရှိနေတာပါ။
နိုင်ငံရေးပါတီတွေအနက် တိုင်းနဲ့ပြည်နယ်အတွင်း စည်းရုံးမဲ့ပါတီ ၅၁ ခုကတော့ ကိုယ်စားလှယ်စုစုပေါင်း ၉၆၀ စာရင်းတင်သွင်းထားပြီး တသီးပုဂ္ဂလပြိုင်မဲ့သူက ၉၅ ဦး ရှိနေတယ်လို့ စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
စစ်အုပ်စုရွေးကောက်ပွဲ ပထမပိုင်းကို လာမဲ့ ဒီဇင်ဘာလ ၂၈ ရက်မှာ လုပ်ဖို့ ကြေညာထားပါတယ်။
Top News
လွန်ခဲ့သော ၁၇ နာရီ က
လွန်ခဲ့သော ၁၇ နာရီ က
လွန်ခဲ့သော ၁၈ နာရီ က