Data
ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူခံရသူ ၁၃ ဦး အထိရှိလာပြီ
လွန်ခဲ့သော ၁၇ နာရီ က
BAP၊ စက်တင်ဘာ ၂၄။
စစ်အုပ်စုက ရွေးကောက်ပွဲပျက်ပြားအောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတဝှမ်း ဖမ်းဆီး အရေးယူခံရသူ ၁၃ ဦးအထိ ရှိလာနေပါပြီ။
ဖမ်းဆီးတရားစွဲခံရသူတွေထဲမှာ အသက် ၁၄၊ ၁၅၊ ၁၆ စတဲ့ အသက်မပြည့်သေးတဲ့ အရွယ်တွေ လည်းပါဝင်နေပါတယ်။
အတည်ပြုပြဋ္ဌာန်းတာ နှစ်လနီးပါးသက်တမ်းသာရှိသေးတဲ့ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေရဲ့ ပုဒ်မ ၂၃ (က) နဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က အသက် ၃၆ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို ပထမဆုံးအကြိမ် ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး ၁၅ ရက်အတွင်းမှာ အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်ကို ချမှတ်ခဲ့ပါတယ်။
အဲဒီနောက် စစ်တပ်ဖမ်းဆီးထားသူတွေထဲမှာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် အရှေ့ပိုင်းမှာနေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုအောင်ရဲထွဋ် (ခ) ကိုရဲထွဋ်၊ အသက် ၂၃ နှစ်အရွယ်ရှိ ကိုရန်နိုင်ကြည်ဝင်း (ခ) ကိုရန်နိုင် (ခ) ကိုအကြီးကောင်တို့ပါဝင်ပါတယ်။
ရန်ကုန်တိုင်းမှာပဲ ရွှေပြည်သာမြို့နယ်ထဲက ကိုရဲသူရအောင် (၃၆)နှစ်၊ ကိုကျော်ဝဏ္ဏ (၂၅)နှစ်၊ ကိုချစ်ဝင်း (၄၅)နှစ်၊ ကိုပြေထွန်း (၃၄)နှစ်တို့ကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
ဒါ့အပြင် ကရင်နီပြည်၊ လွိုင်ကော်မြို့မှာလည်း ကိုပိုင်ပိုင်စိုး(ခ) မျိုးမင်းခန့်(ခ) ပိုင်စိုး (၁၈)နှစ်၊ ကိုဟန်ထွန်းအောင်(ခ) ရဲမင်းကိုကို (ခ)ဟန်ကြီး (၁၈)နှစ်၊ အောင်နိုင်လင်း (၁၇)နှစ်၊ ဖြိုးပိုင်ဇေအောင် (၁၆)နှစ်နဲ့ ထွန်းနေဦးလှိုင် (၁၄)နှစ်တို့ကို စက်တင်ဘာလအတွင်းမှာပဲ ဖမ်းဆီးခဲ့ပါသေးတယ်။
ဖမ်းဆီးခံရသူတွေကို ထောင်ဒဏ် ၇ နှစ်အထိ အမြင့်ဆုံးချမှတ်နိုင်တဲ့ ပုဒ်မ ၂၃ (က) အပါအဝင် အခြားပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။
ပုံစာ- စစ်တပ်ဖမ်းဆီးထားတဲ့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် အရှေ့ပိုင်းမှာနေထိုင်တဲ့ ကိုအောင်ရဲထွဋ် (ခ) ကိုရဲထွဋ်၊ ကိုရန်နိုင်ကြည်ဝင်း (ခ) ကိုရန်နိုင် (ခ) ကိုအကြီးကောင်
Top News
လွန်ခဲ့သော ၁၇ နာရီ က
လွန်ခဲ့သော ၁၇ နာရီ က
လွန်ခဲ့သော ၁၈ နာရီ က