bap-logo
Weekly

ဘီအေပီ၏တစ်ပတ်အတွင်း ပြည်တွင်း သတင်း ကောက်နုတ်ချက်

1nNTLPAQlVhL4BCBIBqVC-image

လွန်ခဲ့သော ၂ နှစ် က

တိုက်ပွဲများ 

 

ယခုတစ်ပတ်တွင် ရာသီဥတုအပူရှိန် လွန်ကဲမြင့်မားလာသကဲ့သို့ အာဏာရှင်တော်လှန်ရေး တိုက်ပွဲများမှာလည်း ပိုမို ပြင်းထန်ပြီး အရှိန်မြင့်မားလာခဲ့ပါသည်။  

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်  ရွှေကုက္ကိုလ်မြို့ ထီးဝါးပလော ထီးကော်ထောကျေးရွာအတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ BGF နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲများကြောင့် ဒေသခံ  ,၀၀၀ ကျော် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရသည်။ အဆိုပါတိုက်ပွဲမှာ ဧပြီ ရက်ထိ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်နှင့်BGFတပ်တို့သည် ရွှေကုက္ကိုလ်မြို့ အဝင်အထွက်ကို ပိတ်ဆို့ထားပြီး အင်အားအများအပြားဖြင့် ခုခံလျှက်ရှိသည်။  

 

တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းတစ်လျှောက်တွင် ပြည်သူများအနေဖြင့် ဧပြီလ ရက်မှ ၂၁ ရက်အထိ လုံးဝသွားလာမှုမပြုလုပ်ကြရန် တော်လှန်ရေးပူးပေါင်းစစ်ကြောင်း အဖွဲ့များက ပူးတွဲအမိန့် ထုတ်ပြန်ခဲ့သည်။  

 

ဧပြီ ၁ ရက်တွင်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ () နယ်မြေများဖြစ်သော သံတောင်မြောက်ပိုင်း လိပ်သိုမြို့နယ်နှင့် ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြရသည်။  

 

လိပ်သိုမြို့နယ်ရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများကို  သံတောင်မြောက်ပိုင်း (အထူးဒေသ) NTDF မှ  သာစည်ကျေးရွာနှင့် မလောက်ချောင်းကျေးရွာကြားတွင် ချုံခိုတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဘက်မှ စစ်ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့သည်။  

 

ဧပြီ ရက်တွင်လည်း တပ်မဟာ နယ်မြေ၊ ရေတာရှည်မြို့နယ်၊ ရှမ်းစုရွာနှင့် ရေနံကျေးရွာအနီးတွင် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး၊ ဧပြီ ရက်တွင် ပင်းသီလာရွာ၊ ဆက်ရစ်ရိုးကုန်းရွာ၊ ရွှေသောင်ရွာတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ ဧပြီ ရက်တွင် ရေတာရှည်မြို့နယ်၊ မျက်နှာပြင်ကျေးရွာ၊ ရွှေသောင်ရွာ၊ နှောပင်ကျေးရွာ အစရှိသော ကျေးရွာများကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။  

 

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် နှစ်ခုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဧပြီ ၃ ရက်တွင် ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါပစ်ခတ်မှုတွင် ကရင်ကန် စစ်ဆေးရေးဂိတ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး သေဆုံးပြီး ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ  သစ်တောစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရသူ ဦး ရှိခဲ့ကြောင်း ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။  

 

ထို့ပြင် တစ်ပတ်အတွင်း စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင်လည်း တိုက်ပွဲများ အသီးသီးဖြစ်ပွားခဲ့သည်။  

 

မတရားထောင်ဒဏ် တစ်သက်တစ်ကျွန်း  

 

အင်းတော်မြို့မှ CDM ဆရာမ ဒေါ်သိန်းလှအပါအဝင် အမျိုးသမီး ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ထောက်ပံ့သည်ဟုစွပ်စွဲကာ မတ်လ ရက်တွင် နေအိမ်များမှ အသီးသီးဖမ်းဆီးခဲ့ပြီး ဧပြီ ရက်တွင် အင်းတော် စစ်ခုံရုံးမှ အကြမ်းဖက်မှုဥပဒေ ပုဒ်မ-၅၀ () ၅၂-(က) အမှုများဖြင့် စွပ်စွဲအမှုဖွင့်အရေးယူကာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။ အင်းတော်ဒေသတွင်  စစ်ခုံရုံးမှ ထောင်ဒဏ်တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ခံရသူစုစုပေါင်း ၅ ဦးထိ ရှိလာပြီး၊  ဖေဖော်ဝါရီ ၂၇ ရက်က အမျိုးသား ဦးနှင့် ဧပြီ ရက်က အမျိုးသား ဦးတို့ကိုလည်း ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။ 

 

မှားယွင်းပစ်ခတ်မှုကြောင့် အရပ်သားသေဆုံး 

 

ဧပြီ ၁ ရက် ညအချိန်တွင် မြိတ်မြို့မှ ကော့သောင်းမြို့ဘက်သို့ မောင်းနှင်လာသည့် မြတ်မန္တလာထွန်း ခရီးသည် တင်ယာဉ်အား တနင်္သာရီမြို့အထွက် ဆင်ခြေဖုံးကျေးရွာအုပ်စု၊ လယ်တောင်ယာရွာနှင့် တမုတ်ချုံးကျေးရွာအကြား ရော်ဘာတောအနီးတွင် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မှားယွင်းပစ်ခတ်ခဲ့ခြင်းကြောင့် အသက် နှစ် အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကာ သံဃာတော် ၂ ပါးနှင့် အမျိုးသား နှစ်ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်းနေ့ ၈ နာရီခန့်တွင် စစ်ကောင်စီတပ်များ စစ်ကူသွားမည့် သတင်းကို ကြိုတင်ရရှိထားကာ ကင်းပုန်း၀ပ်ပြီး စောင့်နေကြစဥ် အရပ်သားများ စီးနင်းလာသည့်ကားမှ ဖြတ်သွားသဖြင့်  ခရီးသည် တင်ယာဉ်အား မှားယွင်းပစ်ခတ်မိခဲ့ခြင်းဖြစ်ကြောင်း အနူးအညွတ်တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့သည်။  

 

ဖမ်းဆီးခံရပြီး ၂၄ နာရီအကြာတွင်  

 

စစ်ကောင်စီတပ်သည် ပြည်ကြီးတံခွန်မြို့နယ် () ရပ်ကွက်မှ NLD ပါတီ ထောက်ခံသူ အသက် ၄၀ ကျော်အရွယ် ဦး၀င်းကျော်အား နေအိမ်အတွင်း ပစ်ခတ်ဖမ်းဆီးခဲ့ပြီး၊ ၂၄ နာရီခန့်အကြာတွင် မိသားစု၀င်များအား အလောင်း လာထုတ်ခိုင်းခဲ့သည်။  

 

သေဆုံးသူ ဦး၀င်းကျော်၏ ဇနီးသည် NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ ဘေးလွှတ်ရာသို့ ပုန်းရှောင်နေရသူတစ်ဦးဖြစ်သည်။ သို့သော် ဧပြီ ၃ ရက်တွင် စစ်ကောင်စီတပ်သားများသည် ၎င်းတို့၏ နေအိမ်သို့ ရောက်ရှိလာပြီး ဦး၀င်းကျော်အား ဇနီးနှင့်ပတ်သက်ပြီး မေးမြန်းစဥ် ရုန်းရင်းဆန်ခတ်ဖြစ်ကြပြီး၊ စစ်ကောင်စီတပ်မှ သေနတ်ဖြင့်ပစ်ခတ်သည့်အပြင် အကြမ်းဖက်ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ မန္တလေး နန်းတွင်းစစ်ကြောရေးသို့ ပို့ဆောင်ခဲ့သည်။   

 

ဧပြီ ရက်တွင် စစ်ကောင်စီတပ်မှ  မန္တလေးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံမှ အလောင်းပြန်ထုတ်ခိုင်းခဲ့ရာ၊ အလောင်း ပြန်ရချိန်တွင် ဦး၀င်းကျော်၏ မျက်နှာ၊ ကျောကုန်းနှင့် ဦးခေါင်းတို့တွင် ရိုက်နှက် နှိပ်စက်ခံထားရသည့် အညိုအမဲစွဲ ဒဏ်ရာများစွာ တွေ့ရှိခဲ့ကြသည်။  

 

Burma Associated Press  

 

ကရင်
ပဋိပက္ခ
အမိန့်ချ
စစ်တပ်
အာဏာဖီဆန်ရေးလှုပ်ရှားမှု
ကျောင်းဆရာ/မ

Share With
bap-logo