bap-logo
Politics

မုံရွာတွင် စစ်ကောင်စီတပ်သားများ KTV ရောက်နေစဉ် ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်းပကဖ ဆို

1ZnVEL4XA1ENGmZoQGLBi-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ -

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များ KTVဆိုင်ကို လာရောက်စဉ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း Black Rangers Forceက သတင်းထုတ်ပြန်ထားသည်။

 

မနေ့က (ဇန်နဝါရီ ရက်) စစ်ကောင်စီတပ်အား ထောက်ပံ့လက်ခံထားသော မုံရွာမြို့ရှိ Super One KTV ကို လက်ပစ်ဗုံးဖြင့် ပစ်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စု ကား စီးပျက်ဆီးသွားကြောင်း ယင်းကဆိုသည်။

 

ယင်း စစ်ဆင်ရေးကို မုံရွာသံမဏိပြောက်ကျားတပ်ဖွဲ့က အမေ့သား ဦးဆောင်ပြီး Black Rangers Force က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုထားသည်။

 

အဆိုပါ KTVကို ယခင်ကလည်း အကြိမ်ကြိမ် သတိပေးသည့်အနေဖြင့် အသေးစားပစ်ခတ်မှုများ ပြုလုပ်ခဲ့ ကြောင်း၊ စစ်ကောင်စီတပ်များကို ထောက်ပံ့လက်ခံခြင်းအား ရပ်တန့်၍ ဆိုင်အား အချိန် အကန့်အသတ်တစ်ခုထိ ပိတ်ပေးရန်လည်းBlack Rangers Force(BRF)က အသိပေးထားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

 

Burma Associated Press

ဒေသကာကွယ်ရေးတပ်ဖွဲ့
အာဏာသိမ်း
စစ်တပ်

Share With
bap-logo