Politics
ရန်ကုန်မြို့အပါအဝင် နယ်မြို့တချို့တွင် စစ်ကောင်စီက အိမ်ထောင်စုစာရင်း စတင် ကောက်ယူမှု ပြုလုပ်လာ
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ ၉
စစ်ကောင်စီ ကျင်းပရန်ပြင်ဆင်နေသည့် ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲအတွက် ရန်ကုန်မြို့အပါအဝင် နယ်မြို့အချို့ တွင် ယနေ့ မှစတင်၍ အိမ်ထောင်စုစာရင်းများ ကောက်ယူနေကြောင်း သိရသည်။
"ရပ်ကွက်ထဲ အိမ်ထောင်စုစာရင်းပြောဖို့ အော်တယ်။ တစ်အိမ်တက်ဆင်း လာတာတော့မဟုတ်ဘူး။ လမ်းထိပ် မှာ သူတို့တဲထိုးတယ်။ အဲဒီမှာသွားပြောရတယ်" ဟု လှိုင်ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူရာတွင် သန်းခေါင်စာရင်းနှင့် ဧည့်စာရင်းပြရပြီး အိမ်၌ လက်ရှိနေထိုင်သူအရေအတွက် ပြောရကြောင်း၊ အိမ်ထောင်စုစာရင်းရှိ လူဦးရေနှင့် လက်ရှိနေထိုင်သူ ဦးရေ တိုက်ဆိုင်စစ်ဆေးခြင်းမျိုးမရှိကြောင်း သိရသည်။
"ကျွန်တော်တို့လမ်းထဲတော့ မရောက်သေးဘူး။ ဘေးလမ်းမှာ လိုက်ကောက်နေတာတွေ့တယ်။ သူတို့ လိုက်ကောက်နေတာ ရာအိမ်မှူးတွေကောက်နေတာ။ လမ်းမှူးပုံစံမျိုးတွေ။ အတူတူပဲကောက်မယ်ထင်။ ရောက် တာနဲ့ မရောက်သေးတာပဲကွာမယ်ထင်" ဟု သင်္ဃန်းကျွန်းတွင်နေထိုင်သူ တစ်ဦးက ဆိုသည်။
လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် မန္တလေးတိုင်းအတွင်းရှိ ရပ်ကွက်တချို့နှင့် နယ်မြို့တချို့တွင်လည်း လူဦးရေ စာရင်း ကောက်ယူမှုများရှိနေကြောင်း သိရသည်။
ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၌ အိမ်ထောင်စုစာရင်း ကောက်ယူရာတွင် အရပ်ဝတ်များဖြင့်သာ လာရောက် ကောက်ယူခြင်းဖြစ်ပြီး နယ်မြို့အချို့၌ ကောက်ယူမှုတွင် သက်ဆိုင်ရာ ယူနီဖောင်းများ ဝတ်ဆင်ကောက်ယူလျက် ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် တရားမဝင်အတုအယောင်ရွေး ကောက်ပွဲကို ဖန်တီးရန် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ လူဦးရေစာရင်းကောက်ယူမည်ဖြစ်သဖြင့် ယင်းအား ပြည်သူများအနေနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း မပြုရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်းထားသည်။
Related Articles
- မုံရွာတွင် စစ်ကောင်စီတပ်သားများ KTV ရောက်နေစဉ် ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်းပကဖ ဆို
- ALP စစ်ဦးစီးချုပ်နှင့် တပ်မှူးနှစ်ဦးအား သင်္ဂြိုလ်ပြီးစီး၊ အထိမ်းအမှတ် ကျောက်တိုင် သို့မဟုတ် ကျောက်ရုပ်များ စိုက်ထူသွားမည်ဟု ALP ထုတ်ပြန်
- ရွေးကောက်ပွဲအတွက် စစ်ကောင်စီ၏ လူဦးရေစာရင်းကောက်ယူမှုကို ဆန့်ကျင်ရန် တော်လှန်ရေး တပ်ဖွဲ့များ နှိုးဆော်
- ပုသိမ်ထောင်မှ အကျဉ်းသား မဲကြီး ပျောက်ဆုံးနေ၊ ထောင်ပြင်ပမှ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံထားရ