bap-logo
Weekly

ဘီအေပီ တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်

zL6qG3vwhpUjjaMElfJrS-image

လွန်ခဲ့သော ၃ နှစ် က

ယခု ရက်သတ္တပတ်ဟာ စစ်ကောင်စီက တဖက်သတ်ငြင်းပယ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရဲ့ နှစ်နှစ်မြောက် နှစ်ပတ်လည် ဖြစ်ပါတယ်။

မဲမသမာမှုကို အကြောင်းပြ အာဏာသိမ်းထားတဲ့ ရက်ပေါင်း ၆၀၀ ကျော် ကာလအတွင်းမှာလည်း စစ်ကောင်စီဟာ ပြည်သူလူထုပေါင်း နှစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူတစ်သောင်းကျော်ဟာ ဖမ်းဆီးခံနေရပါတယ်။

တန်ဆောင်တိုင်ပွဲတော်နဲ့ တိုက်ဆိုင်နေတဲ့ ယခုတစ်ပတ်အတွင်းမှာလည်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို လျော့နည်းသွားခဲ့ခြင်းမရှိတဲ့အပြင် နိုင်ငံတစ်ဝှမ်းမှာလည်း လုယက်သတ်ဖြတ်ခံရမှုတွေ တိုးလာနေပါတယ်။

နိုင်ငံအဝှမ်းဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေအနက် ထူးထူးခြားခြား ဖြစ်စဉ်အချို့ကို ဘီအေပီက ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

ရုရှား တိုက်လေယာဥ် စစ်ကောင်စီ အသုံးပြုနေပြီ

ရုရှားဆီကနေ ဝယ်ယူထားတဲ့ Su-30 တိုက်ခိုက်ရေးလေယာဥ်တစ်စီး ပြည်တွင်းကို ရောက်နေပြီး စစ်ကောင်စီ အသုံးပြုနေပြီလို့ Myanmar Witness အဖွဲ့က ထုတ်ပြောခဲ့ပါတယ်။

အဆိုပါ ပြောဆိုချက်ကို စစ်ကောင်စီဘက်က အတည်ပြုထားပါတယ်။

မြန်မာစစ်တပ်ဟာ ရုရှားဆီကနေ Su-30 တိုက်ခိုက်ရေးလေယာဥ် စင်းကို ဝယ်ယူဖို့ ၂၀၁၈ ခုနှစ်မှာ စာချုပ်ချုပ်ခဲ့တာပါ။

ပြည်တွင်း ပြည်ပ လေ့လာစောင့်ကြည့်အဖွဲ့တွေရဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ လက်ယက်ကုန်းနဲ့ ဖားကန့်က ဖြစ်စဉ်တွေအပါအဝင် တိုင်းရင်းသား နယ်မြေတွေနဲ့ နိုင်ငံတဝှမ်းက ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၄၀ နီးပါး ပြုလုပ်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်တွေမှာ အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ပြီး နေအိမ်တွေ၊ ဘာသာရေး အဆောက်အဦး တွေလည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUGရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါတယ်။

အရပ်ဘက်လေယာဉ်သုံး လောင်စာဆီကို မြန်မာလေတပ် အသုံးပြုနေ

စစ်ကောင်စီဟာ ပြည်ပကနေ တင်သွင်းလာတဲ့ အရပ်ဘက်လေယာဉ်သုံး လောင်စာဆီတွေကို လေတပ်ဘက်ကို လွှဲပြောင်းပြီး အသုံးပြုနေတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ -Amnesty International (AI) က ထုတ်ပြန်ပါတယ်။

AI အဖွဲ့ရဲ့ နိုဝင်ဘာ ရက်ထုတ် Deadly Cargo အစီရင်ခံစာမှာ ၂၀၂၁ ဖေဖော်ဝါရီလကနေ အခုနှစ် စက်တင်ဘာလအတွင်း ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို ရောက်လာတဲ့ လေယာဉ်ဆီတင် သင်္ဘော စင်းကို စောင့်ကြည့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လောင်စာဆီတွေ သို့လှောင်ဖြန့်ဖြူးတာကို စွမ်းအင်နဲ့ ရေနံကုမ္ပဏီကြီး Puma ရဲ့ လုပ်ငန်းခွဲ ခုဖြစ်တဲ့ Puma Energy Asia Sun- PEASနဲ့ National Energy Puma Aviation Services-NEPASတို့က လုပ်ဆောင်ပေး ပါတယ်။

ဂြိုလ်တုရတဲ့ ဓာတ်ပုံတွေနဲ့ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအရ လေယာဉ်ဆီ ထောက်ပံ့ပို့ဆောင်ရေး ပစ္စည်း တချို့ကို အနီးနားက မြန်မာစစ်တပ်ထိန်းချုပ်ရာ စစ်ဘက်ဆိုင်ရာ နေရာဆီ သယ်ဆောင်သွားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ်ကုမ္ပဏီ Petro China လုပ်ငန်းခွဲ Singapore Petroleum နှင့် ထိုင်းကုမ္ပဏီ Thai Oil တို့ကလည်း လောင်စာဆီတင် သင်္ဘောနှစ်စင်းကို မြန်မာစစ်တပ်ထံသို့ တိုက်ရိုက်လွှဲပြောင်းပေးခဲ့တယ်လို့ AI က ဆိုထားပါတယ်။

အလားတူ Puma နဲ့ ဖက်စပ်လုပ်နေတဲ့ NEPAS ကလည်း စစ်ဖက်က ထိန်းချုပ်တဲ့ လေယာဉ်ဆီ သိုလှောင်ကန်တွေကို ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လေယာဉ်ဆီနဲ့ သိုလှောင်ကန်လုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံထားတဲ့ Puma Energy အနေနဲ့ သူရဲ့ ရှယ်ယာတွေကို ပြည်တွင်းကုမ္ပဏီတခုဆီ ရောင်းဖို့ သဘောတူထားပြီးဖြစ်တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ရက်က ကြေညာထားပြီးဖြစ်ပါတယ်။

စစ်ဘက်ဆက်နွှယ်သူတွေကို ဥရောပသမဂ္ဂက စီးပွားရေးပိတ်ဆို့

စစ်ကောင်စီရဲ့ ဝန်ကြီး၊ တရားသူကြီးချုပ်အပါအဝင် အရပ်ဘက်၊ စစ်ဘက်အပြင် စီးပွားရေးသမားတွေပါဝင်တဲ့ စုစုပေါင်း ၁၉ ဦးကို အီးယူ ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူတယ်လို့ နိုဝင်ဘာလ ရက်မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖွဲ့စည်းထားတဲ့ စစ်ကောင်စီအဖွဲ့ဟာ မြန်မာပြည်တွင်း ငြိမ်းချမ်းရေး ဒီမိုကရေစီရေးကို ပျက်ပြားစေလို့ အရေးယူတာဖြစ်တယ်လို့ ဥရောပသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပိတ်ဆို့ကန့်သတ်မှုမှာ အဖွဲ့အစည်း ၁၁ ခုနဲ့ လူပုဂ္ဂိုလ် ၈၄ ဦး တို့ပါဝင်ပြီး ကန့်သတ်မှုကြောင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေထဲမှာရှိနေတဲ့ ကန့်သတ်ခံရသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းလိုက်တာ၊ အဖွဲ့ဝင်နိုင်ငံတွေဆီကို ခရီးသွားလာခွင့် ပိတ်ပင်တာခံရပြီး အီးယူ နယ်မြေအတွင်း ဝင်ရောက်တာ(ဒါမှမဟုတ်) ဖြတ်သန်းခြင်းတွေကိုပါ တားဆီးခံလိုက်ရတာပါ။

အရေးယူခံရတဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးထဲက ဦးတေဇနဲ့ ဦးနိုင်ထွဋ်အောင်တို့ဟာ ၂ဝ၁၇ ခုနှစ် ရိုဟင်ဂျာ နယ်မြေ ရှင်းလင်းရေးဖြစ်ရပ်မှာ စစ်တပ်ကို ငွေကြေးထောက်ပံ့ခဲ့ကြပြီး ဦးအောင်မျိုးမြင့်ကတော့ စစ်တပ်အတွက် လက်နက်ပွဲစား လုပ်ပေးခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီခန့် ဝန်ကြီးဒေါက်တာကံဇော်ကတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကတစ်ဆင့် စစ်ကောင်စီအတွက် ဘဏ္ဍာငွေ ရှာပေး နေတယ်လို့ ဆိုပါတယ်။

တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနဲ့ တရားရေးဆိုင်ရာအဖွဲ့ကတော့ ရွေးကောက်ခံ နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီး၊ စွပ်စွဲ ချက်ပုဒ်မတွေတပ် အရေးယူတဲ့နေရာမှာ ပါဝင်ပတ်သက်တာကြောင့် အရေးယူခံရတာပါ။

စစ်ကောင်စီခန့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ကတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ အရေးယူဖို့၊ မဲမသမာမှုနဲ့ အရေးယူဖို့ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီခန့် အကျဉ်းဦးစီးညွှန်ချုပ်နဲ့ ဒုညွှန်မှူးတို့ကတော့ အင်းစိန်ထောင်အပါအဝင် နိုင်ငံတဝန်း ထောင်တွေမှာ ဖမ်းဆီးခံ ထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက် နှိပ်စက်တာကြောင့် အရေးယူခံရတာပါ။

လေတပ်ဦးစီးချုပ်အပါအဝင် ဒုဗိုလ်ချုပ်ကြီးတွေ၊ တိုင်းမှူးတွေကတော့ နိုင်ငံတဝန်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် အရေးယူတာလို့ အီးယူရဲ့ ထုတ်ပြန်ချက်မှာ ပါပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ရေး ဦးစားပေးဖို့ အာဆီယံနဲ့ ကမ္ဘာ့ခေါင်း ဆောင်တွေကို NLD တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ဖို့ အာဆီယံနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက ဦးစားပေးဆောင်ရွက်သင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ဗဟိုအလုပ်ကော်မတီက တိုက်တွန်းလိုက်ပါတယ်။

NLDရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းများကောက်ယူရေးအဖွဲ့-NLD-HRD Tရဲ့ အောက်တိုဘာ ၃၁ ရက် အထိ မှတ်တမ်းတွေအရ ဖမ်းဆီးခံထားရသူ လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး၊ ဖမ်းဆီးထားစဥ် ကာလအတွင်း သေဆုံးသူ လွှတ်တော်ကိုယ်စားလှယ် ဦး အပါအဝင် ၆၇ ဦးရှိပါတယ်။

ဒါ့အပြင် ပါတီရုံးတွေကို ကျူးကျော်ဝင်ရောက်မှု ၁၂၀ ကြိမ်ကနေ ပါတီဝင် ၂၇၄ ဦးရဲ့ ပိုင်ဆိုင်မှုနေအိမ်တွေ ချိတ်ပိတ် သိမ်းဆည်းခံရမှုမှာ လွှတ်တော်ကိုယ်စားလှယ် ၁၃၆ ဦး ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီက နိုင်ငံရေးအရ တရားဝင်မှုနဲ့ နိုင်ငံတကာ အသိအမှတ်ပြု ထောက်ခံမှုရရှိဖို့ ကျင်းပမယ့် ရွေးကောက်ပွဲကို NLD အနေနဲ့ လုံးဝ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။။

လဝက အချက်အလက်နဲ့မကိုက်တဲ့ ဆင်းမ်ကတ်တွေကို ပိတ်သိမ်းမယ်လို့ စစ်ကောင်စီကြေညာပြန်

ဆင်းမ်ကတ်မှတ်ပုံတင်ချိန်က ဖြည့်စွက်ထားတဲ့ သုံးစွဲသူနာမည်နဲ့ မှတ်ပုံတင်နံပါတ်တွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနရဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး လွဲနေတဲ့ နံပါတ်တွေကို ပိတ်သိမ်းမယ်လို့ စစ်ကောင်စီ က နိုဝင်ဘာ ရက်မှာ ကြေညာလိုက်ပြန်ပါတယ်။

မိုဘိုင်းဖုန်းသုံးစွဲသူတွေအနေနဲ့ လာမယ့် ၂၀၂၃ ဇန်နဝါရီလ ၃၁ ရက် နောက်ဆုံးထား တိုက်ဆိုင်စစ်ဆေးဖို့နဲ့ မကိုက်ညီဘူး ဆိုရင် ပြင်ဆင်ဖို့နဲ့ ဇန်နဝါရီလကုန်အထိ မပြင်ထားတဲ့ နံပါတ်တွေကို ပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အရင်က စစ်ကောင်စီဟာ ဆင်းမ်ကတ်တွေကို မှတ်ပုံတင်ဖို့ ဖိအားပေးခဲ့ပြီး အခုသုံးစွဲသူနာမည်နဲ့ မှတ်ပုံတင် နံပါတ်တွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနစာရင်းနဲ့ ကိုက်ညီဖို့ ထပ်မံလုပ်ဆောင် လာတာဖြစ်ပါတယ်။

ကိုက်ညီမှုမရှိတဲ့ နံပါတ်တွေကို MPT ooredoo Mytel အရောင်းဆိုင်နဲ့ ဝက်ဆိုဒ်တွေမှာ သွားရောက် ပြင်ဆင်နိုင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်တွေမှာ ဖုန်းလိုင်း ဖြတ် ထားပြီး အင်တာနက်အသုံးပြုခွင့် ပိတ်ပင်တာတွေရှိသလို ကချင်နဲ့ ရခိုင်ပြည်နယ်က နေရာတချို့မှာလည်း အင်တာနက် လိုင်းတွေ ဖြတ်တောက်ထားပါတယ်။

ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာတွေရဲ့ ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ MPT ဆင်းမ်ကတ် သုံးစွဲသူ သန်း ၂၀၊ အက်တမ်အဖြစ် အမည်ပြောင်းလိုက်တဲ့ Telenor သုံးစွဲသူ ၁၈ သန်း၊ ooredoo သုံးစွဲသူ ၁၅ သန်းနဲ့ စစ်ကောင်စီပိုင် Mytel သုံးစွဲသူ ၁၀ သန်းကျော် ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ နော်ဝေအခြေစိုက် တယ်လီနော(မြန်မာ)နဲ့ ကာတာအခြေစိုက် အော်ရီဒူး(မြန်မာ) တို့ဟာ သူတို့ရဲ့ ရှယ်ယာတွေကို ရောင်းချပြီး ထွက်ခွာသွားပြီဖြစ်ပါတယ်။

တန်ဆောင်တိုင်ပွဲတော်ကာလအတွင်းမှာလည်း သတ်ဖြတ်မှုတွေ စစ်ကောင်စီလုပ်နေ

စစ်ကိုင်းတိုင်းက မင်းကင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ရက် တစ်ရက်တည်းမှာပဲ နေအိမ် အလုံးပေါင်း ၁၀၃ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ရက်မှာ မုံရွာမြို့နယ်က အရပ်သား ရှစ်ဦးနဲ့ PDF တပ်ဖွဲ့ဝင် ဦး၊ စုစုပေါင်း ၁၄ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ထားခဲ့တယ်လို့လည်း သိရပါတယ်။

ကုသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး-UNOCHAရဲ့ အောက်တိုဘာလ ၃၁ ရက် ထုတ်ပြန်ချက်အရ အာဏာ သိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့-ISP Myanmarရဲ့ နိုဝင်ဘာလ ရက်အထိ စာရင်းအရ စစ်အာဏာသိမ်း ၂၁ လအတွင်း နိုင်ငံတစ်ဝန်း နေအိမ်အပါအဝင် အဆောက်အအုံပေါင်း ၃၈,၅၆၈ လုံး ထက်မနည်း မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ နှစ်ပတ်အတွင်း လုယက်မှုနဲ့ အနုကြမ်းစီးမှု ခု ထက်မနည်း ဖြစ်ပွားခဲ့

BAP ရဲ့ လေ့လာစောင့်ကြည့်မှုတွေအရ အောက်တိုဘာ ၂၅ ရက်နေ့ကနေ နိုဝင်ဘာ ရက်ထိ ရက်သတ္တပတ် နှစ်ခု အတွင်း ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်စတဲ့ မြို့ကြီးတွေမှာ အနုကြမ်းစီးမှုနဲ့ လုယက်မှု ခုထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ဒီလိုရာဇဝတ်မှုတွေဟာ မြို့ပြမှာရှိတဲ့ နေအိမ်၊ ကုမ္ပဏီနဲ့ ဆိုင်ခန်းများအပါအဝင် အများပြည်သူ သွားလာနေတဲ့ လမ်းမနဲ့ဘတ်စ်ကား တွေပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ အဆိုပါ လုယက်မှုများအတွင်း ဖုန်း၊ ကား၊ ဆိုင်ကယ်၊ ပိုက်ဆံနဲ့ ဆွဲကြိုး စတဲ့အရာတွေ ပါသွားခဲ့ပြီး ကျူးလွန်သူတွေဘက်က ရန်ပြုတိုက်ခိုက်တာကြောင့် ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိပါတယ်။

အခုလိုဖြစ်ရပ်တွေမှာ မီဒီယာပေါ်ရောက်ခဲ့တဲ့ ဖြစ်စဥ်ရှိသလို မီဒီယာတွေပေါ် မရောက်ခဲ့တဲ့ ဖြစ်စဥ်တွေလည်း အများကြီး ရှိနေပါတယ်။ လုယက်အနုကြမ်းစီးမှုတွေအပါအဝင် အခြားသော ရာဇဝတ်မှုတွေဟာ စစ်ကောင်စီတပ်တွေ အခိုင်အမာ လုံခြုံရေးယူထားတဲ့ မြို့ပြတွေမှာပါ ဖြစ်ပွားနေပါတယ်။

ကုလရဲ့ ဖိအားပေးမှုကြောင့် NUG ဝန်ကြီးတွေ Global Townhall မှာ မိန့်ခွန်းပြောခွင့်မရ

NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ကို အင်ဒိုနီးရှား နိုင်ငံခြားရေးရာ ရပ်ဝန်း-FPCIက ကြီးမှူးကျင်းပတဲ့ Global Townhall ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားဖို့ ဖိတ်ကြားထားပြီးမှ ဖယ်ရှား ခံလိုက်ရပါတယ်။

နိုင်ငံခေါင်းဆောင်တွေ၊ ထင်ပေါ်ကျော်ကြားသူတွေ တက်ရောက်ကြတဲ့ ဒီဆွေးနွေးပွဲကို နိုဝင်ဘာ ရက် မှာ အွန်လိုင်းနဲ့ ကျင်းပခဲ့တာပါ။

အခမ်းအနားစီစဉ်သူတွေကို ဖိအားပေးတာတွေ ရှိခဲ့တာကြောင့် နှစ်ဦးစလုံး တက်ရောက်မိန့်ခွန်းပြောခွင့် မရခဲ့ဘူးလို့ ဒေါ်ဇင်မာအောင်က ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် အသိပေးပါတယ်။

ဘယ်လိုဖိအားပေးတာတွေ ရှိခဲ့လဲဆိုတာကို မဖော်ပြထားပေမယ့် NUG ကိုယ်စားပြုသူတွေကို ဖယ်ရှားပေးဖို့ ကုလသမဂ္ဂရဲ့ အဆင့်မြင့် အရာရှိတစ်ဦးက တောင်းဆိုလာတာကြောင့် ဖယ်ရှားတာခံလိုက်ရတာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ မိန့်ခွန်းပြောခဲ့တဲ့ အရှေ့တီမောနိုင်ငံသမဂ္ဂ ဟိုဆေးရာမို့စ်ဟော်တာကတော့ မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂရဲ့ သစ္စာဖောက်တာကို ထပ်ခံလိုက်ရတယ်လို့ ဝေဖန်ခဲ့ပါတယ်။

Burma Associated Press

 

စစ်ကိုင်း
နိုင်ငံရေး
တိုက်ပွဲ

Share With
bap-logo