bap-logo
Local News

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ထူးခြားထင်ရှား ကိန်းဂဏန်းများ

eensDYlJSWPEfcfpUpLwd-image

လွန်ခဲ့သော ၃ နှစ် က

ကလေးငယ် (၅၂၀,၀၀၀) ကျော်

ကလေးငယ်

မြန်မာနိုင်ငံမှာ ကလေးငယ်အရေအတွက် ၅၂၀,၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှု (၁၇၁) ကြိမ်

ဗုံးကြဲခံရ

၂၀၂၂ ဇန်နဝါရီလကနေ အောက်တိုဘာလကုန်ထိ ၁၀ လအတွင်း စစ်ကောင်စီဘက်က ကရင်နီပြည်နယ်မှာ ဗုံးကြဲတိုက်ခိုက် မှုပေါင်း ၁၇၁ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

တစ်ရက်အတွင်း စစ်စခန်း () ခု

ကရင်

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေဟာ နိုဝင်ဘာလ ၁၂ ရက်နေ့ တစ်ရက်အတွင်း မှာပဲ စစ်ကောင်စီရဲ့ စခန်းသုံးခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သံဆိပ်စခန်း၊ ဘောကထာစခန်းနဲ့ တုံးတံတားစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီစခန်းတွေကနေ စစ်လက်နက်ပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့ပါတယ်။

ရိုဟင်ဂျာ (၂၀၀) ကျော် ဖမ်းဆီးခံရ

ရိုဟင်ဂျာ

BAP သတင်းဌာနက စုစည်းထားသည့် အချက်အလက်များအရ နိုဝင်ဘာလအတွင်း ရိုဟင်ဂျာ ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ အမျိုးသမီး ၆၀ နီးပါး ပါဝင်ပါတယ်။ ရန်ကုန်၊ မွန်၊ ကရင်နဲ့ ရခိုင် စတဲ့ပြည်နယ်နဲ့ တိုင်းတွေမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

KIO အရာရှိ (၁၃) ဦး ဖမ်းဆီးခံရ

KIO အရာရှိ

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO)ရဲ့ အုပ်ချုပ်ရေးပိုင်းအရာရှိ ၁၃ ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်များက မြစ်ကြီးနားမြို့၊ Happy KTV မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်အစောပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

Burma Associated Press

 

ကရင်
တိုက်ပွဲ
ကချင်
ကလေးငယ်များ
ဗုံးကြဲခံရ

Share With
bap-logo