bap-logo
Politics

တရုတ်နိုင်ငံ Xinjiang တွင် လူမျိုးတုန်း သတ်ဖြတ်မှု ဆက်လက်ဖြစ်ပွားနေကြောင်း ဘလင်ကန် အစီရင်ခံ

uQ8xbmp0gfSdKTgZu6DwN-image

လွန်ခဲ့သော ၅ လ က

 

တရုတ်အစိုးရသည် အနောက်ဘက် Xinjiang ပြည်နယ်တွင် ဝီဂါမျိုးနွယ်စုနှင့် အခြား မူဆလင်လူနည်းစုများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က တနင်္လာနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင် ဖော်ပြလိုက်သည်။

 

၎င်းသည် ယခုအပတ်အတွင်း တရုတ်နိုင်ငံသို့ သွား ရောက်ခြင်းမပြုမီ ၎င်းအစီရင်ခံစာကို ထုတ်ပြန်ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့်နှစ်အတွင်း ကမ္ဘာတစ်လွှား အလွဲသုံးစားပြုမှုများကို စာရင်းပြုစုထားသည့် နိုင်ငံခြားရေးဝန်ကြီး ဌာန၏ နှစ်ပတ်လည် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတွင် ပြီးခဲ့သည့်နှစ် အစီရင်ခံစာကဲ့သို့ပင် Xinjiang ပြည်နယ်မှ မူဆလင်များအပေါ် ပြုမူဆက်ဆံမှုကို ထပ်မံထည့်သွင်းထားသည်။ သို့သော် ယူကရိန်းမှ စစ်ပွဲ၊ ကမ္ဘာ့ကုန်သွယ်ရေးတို့ကဲ့သို့သော သိမ်မွေ့သည့် ပြောဆိုဆွေးနွေးမှုများ အမေရိကန်သံတမန်နှင့် တရုတ်သံတမန်တို့ မပြုလုပ်မီ ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

 

အစီရင်ခံစာ အမှာစကားတွင် ဘလင်ကန်က ၎င်းအစီရင်ခံစာသည် "တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC)တွင် ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေမှုကို မှတ်တမ်းပြုစုထားကြောင်းဖော်ပြထားသည်။

 

ဥပမာ၊ Xinjiang ပြည်နယ်တွင် PRC က မူဆလင် ဝီဂါအများစုနှင့် အခြားတိုင်းရင်းသားများ၊ ဘာသာရေးလူနည်းစု အစုအဖွဲ့များအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့်အခြား လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်လုပ်ဆောင်နေသည်။ဟု ဘလင်ကန်က အမှာစကားတွင် ပြောသည်။

 

တနင်္လာနေ့ အစီရင်ခံစာမှ တရုတ်နိုင်ငံကဏ္ဍတွင် အခြားသော ပိုမိုကျယ်ပြန့်သည့် တရုတ်နိုင်ငံမှ လူအများအပေါ် ကျူးလွန်သည့် မတရားဖိနှိပ်အလွဲသုံးစားပြုမှုများအနက် Xinjiang ရှိ စခန်းနှင့် အကျဉ်းထောင်များ၊ ပြန်လည်ပညာပေးရေး စခန်းများ၌ လူပေါင်း တစ်သန်းကျော်ကို ထိန်းသိမ်းထားမှုကို အသေးစိတ်ဖော်ပြထားသည်။

 

တရုတ်နိုင်ငံက Xinjiang မှ မတရားဖိနှိပ်မှုများကို အခိုင်အမာ ငြင်းဆိုခဲ့ပြီး အကြမ်းဖက်မှု၊ ခွဲထွက်မှုနှင့် ဘာသာရေး အစွန်းရောက်မှုတို့ကို တားဆီးရန် "သက်မွေးဝမ်းကြောင်း လေ့ကျင့်ရေးစင်တာများ တည်ထောင်ထားကြောင်းသာ ပြောသည်။

 

တရုတ်လုပ်ရပ်များသည် လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်ကြောင်း၊ တရုတ်အရာရှိများနှင့် တွေ့ဆုံဆွေးနွေးစဉ်တွင်လည်း ၎င်း အရေးကို မြှင့်တင်ဖော်ထုတ်ခဲ့သည့် ဘလင်ကန်မတိုင်မီ တာဝန်ယူခဲ့သူ၏ သန္နိဌာန်ကို ၂၀၂၁ ခုနှစ် ၎င်း ရာထူး ရရှိလာစဉ်က ထောက်ခံခဲ့သည်။

 

နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတစ်ဦးက ဘလင်ကန်၏ ခရီးစဉ်အတွင်း တရုတ်အရာရှိများနှင့် ဆွေးနွေးရာတွင် အခြားအရေးများအကြား လူ့အခွင့်အရေးဆိုင်ရာများကို ဘလင်ကန် က မြှင့်တင်ဆွေးနွေးသွားမည်ဟု ပြောပြီး Xinjiang မှ အခြေအနေများကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။

 

ကိုးကား - Reuters

 

ပုံစာ - ဧပြီလ ၁၉ ရက် ၂၀၂၄ ခုနှစ် အီတလီနိုင်ငံ Capri ကျွန်းတွင် G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲကျင်းပနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်။ (REUTERS/Ciro De Luca/File Photo)

 

Burma Associated Press

တရုတ်
လူမျိုးတုန်းသတ်ဖြတ်မှု
အမေရိကန်

Share With
bap-logo