Politics
ဝက်လက်မြို့ပေါ် က ခြောက်ရက်ကြာ တိုက်ပွဲတွင် နှစ်ဖက် အကျအဆုံးရှိခဲ့
လွန်ခဲ့သော ၃ နှစ် က
စစ်ကိုင်း၊ ဇန်နဝါရီ - ၂၆။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့ပေါ်တွင် လက်ရှိဖြစ်ပွားနေသည့် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့များကြား တိုက်ပွဲတွင် နှစ်ဖက် အကျအဆုံးများရှိခဲ့ကြောင်း People's Army to Fight Dictatorship အဖွဲ့က ထုတ်ပြန်သည်။
ဝက်လက်မြို့ပေါ်တွင် ယခု ဇန်နဝါရီလ ၂၀ ရက်မှ စတင်ပြီး ၂၆ ရက်နေ့အထိ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်နေခြင်းဖြစ်ကာ စစ်ကောင်စီဖက်မှ ၁၅ ဦးသေဆုံးပြီး ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့သည်။ ပကဖများ ဘက်ကလည်း အဖွဲ့ဝင် ၆ ဦးကျဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့က ၂ ဦး ဖမ်းဆီး ခံထားရကြောင်း ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း ဝက်လက်မြို့ပေါ်မှစစ်ကောင်စီလက်အောက်ခံ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ရုံးသုံး ကွန်ပျူတာ ၂ လုံးသိမ်းဆည်း ရရှိခဲ့ပြီး တွေ့ရှိရသော အချက်လက်များကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများထံသို့ အပ်နှံ သွားမည်ဟုဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို PAFD တပ်ခွဲမှူး ဗိုလ်လှိုင်ဘွား၊ တပ်စိပ် (၁) ပျံလွှားအဖွဲ့၊ တပ်စိပ်(၂) ခွပ်ဒေါင်း အဖွဲ့တပ်စိပ် (၃) ဇာမဏီအဖွဲ့တပ်စိပ် (၄) ငရဲမီးအဖွဲ့နှင့် PAFD တပ်ခွဲ DKPDF-MMU စသည့် မဟာမိတ် ပူးပေါင်းအဖွဲ့များဆောင်ရွက်နေခြင်းဖြစ်ကြောင်းဆိုထားသည်။
Photo - People's Army to Fight Dictatorship