bap-logo
Data

ပြီးခဲ့သည့်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မျု အကြိမ်ရေ ၈ ထောင်ကျော်ရှိခဲ့ပြီး အရပ်သား သေဆုံးမှု ၂ ထောင်ကျော်ရှိခဲ့

mh9_DRKFHaCvyFZf-xg-4-image

လွန်ခဲ့သော ၉ ရက် က

 

BAP၊ ဇန်နဝါရီ ၂၁။

 

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တနှစ်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မျု အကြိမ်ရေ ၈,၈၂၁ ကြိမ် ရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ထိုအထဲတွင် စက်တင်ဘာ၊ အောက်တိုဘာလနှင့် ဒီဇင်ဘာလ တို့တွင် တိုက်ခိုက်မှု အကြိမ် အများဆုံးဖြစ်သည်ဟုဆိုသည်။

 

ထုတ်ပြန်ချက်စာရင်းအရ ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် လေကြောင်းတိုက်ခိုက်မှုအကြိမ် ၈၂၈ ကြိမ်၊ အောက်တိုဘာလတွင် ၁,၃၄၂ ကြိမ်နှင့် ဒီဇင်ဘာလတွင် ၁,၀၁၄ ကြိမ် ရှိခဲ့သည်ဟုဆိုသည်။

 

ယင်းကဲ့သို့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု စုစုပေါင်း (၂,၃၂၆) ဦး၊ ဒဏ်ရာရရှိမှု စုစုပေါင်း (၄,၁၄၆) ဦးထိ ရှိခဲ့ပြီး အောက်တိုဘာလ၊ ဩဂုတ်လ နှင့် ​မေလ တို့တွင် လေကြောင်းက အရပ်သားပြည်သူ သတ်ဖြတ်ခံရမှု အများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။

 

ပုံစာ- အရပ်သား ၃၀ ကျော်သေဆုံးခဲ့ပြီး ၇၀ ကျော် ဒဏ်ရာရခဲ့သည့် မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှု (ဓာတ်ပုံ- မြောက်ဦးလူငယ်များအစည်းအရုံး)

 

 

Burma Associated Press

လေကြောင်းတိုက်ခိုက်မှု
ရခိုင်

Share With
bap-logo