bap-logo
Politics

ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့ သူတော်ကောင်းဟန်ဆောင်နေဟု လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ပြော

lKvdNCiiCdRUnWuG-kn5S-image

လွန်ခဲ့သော ၅ လ က

 

ဂါဇာနှင့် ယူကရိန်းမှ ကြမ်းတမ်းရက်စက်သည့် စစ်ပွဲများ၊ အာဏာရှင်မူဝါဒများ ဆက်လက်ပျံ့နှံ့နေခြင်းတို့ဖြစ်ပေါ်နေသည့်အတွက် ၁၉၄၈ နိုင်ငံတကာစည်းမျဉ်းမူဘောင် ပြိုလဲမှုနှင့် ကမ္ဘာကြီး ရင်ဆိုင်နေရသည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သတိပေးလိုက်သည်။

 

၎င်းအဖွဲ့၏ အစီရင်ခံစာတွင် တရုတ်၊ ရုရှားနှင့် အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံများသည် ဒီဇင်ဘာ ၁၉၄၈ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများ၊ တန်ဖိုးများကို ဦးစီးဦးဆောင် လေးစားလိုက်နာမှုမရှိကြောင်း စွပ်စွဲဖော်ပြထားသည်။

 

အောက်တိုဘာ ရက်တွင် စတင်ခဲ့သော ဂါဇာစစ်ပွဲသည် "ငရဲအတွင်းသို့ ကျဆင်းခြင်း" ဖြစ်ကြောင်း၊ “'ဘယ်တော့မှ ထပ်မဖြစ်စေရဟူသည့် လူ့ကျင့်ဝတ်နှင့် ၁၉၄၈ ဥပဒေရေးရာ သင်ခန်းစာများသည် အစိတ်စိတ်မွှာမွာ ကွဲပျက်သွားခဲ့ကြောင်း" အစီရင်ခံစာ အမှာနိဒါန်းတွင် ၎င်းအဖွဲ့၏ အထွေထွေအတွင်းရေးမှူး Agnes Callamard က ရေးသားထားသည်။

 

'never again’ ဘယ်တော့မှ ထပ်မဖြစ်စေရဆိုသည်မှာ နာဇီတို့၏ ဂျူးလူမျိုး ခြောက်သန်းကို စနစ်တကျ အစုအပြုံလိုက် သတ်ဖြတ်မှုကြောင့် ထွက်ပေါ်လာသော အလားတူဖြစ်ရပ်မျိုး နောင် ထပ်မံ မဖြစ်ပေါ်စေရန် အလေးအနက် ကတိပြုခြင်းကို ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်သည်။

 

အောက်တိုဘာ ရက်တွင် အစ္စရေးတောင်ပိုင်း၌ ဟားမက်စ်တို့က "ကြောက်မက်ဖွယ်ရာ ပြစ်မှုများကျူးလွန်ခဲ့ကြောင်း၊ အစ္စရေးတို့၏ "လက်တုန့်ပြန် စစ်ပွဲများသည်လည်း "စုပေါင်း ပြစ်ဒဏ်ပေးခြင်းများဖြစ်ကြောင်း Callamard က ပြောသည်။

 

အစ္စရေးသည် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများကို ဆက်လက်ချိုးဖောက်နေကြောင်း၊ ၎င်း၏ အရေးအကြီးဆုံး မဟာမိတ် အမေရိကန်နှင့် ယူကေ၊ ဂျာမနီအပါအဝင် အခြားနိုင်ငံများသည်လည်း ယူကရိန်းမှ ရုရှားစစ်ပွဲကို ပြစ်တင်ရှုတ်ချပြီး ဂါဇာမှ အစ္စရေးကို ထောက်ခံသည့်အတွက် "အချိုးမကျသည့် လိုတစ်မျိုး မလိုတစ်မျိုး ကျင့်သုံးမှုကြောင့် အပြစ်ရှိကြောင်း ပြောသည်။

 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဗီတိုကျင့်သုံးခွင့်ရှိသည့် ရုရှားသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းသို့ တပ်ဖွဲ့များစေလွှတ်၍ အပြည့်အဝ ကျူးကျော်မှု ပြုလုပ်ခဲ့ပြီး "အရပ်သားများကို သိလျက်နှင့် တိုက်ခိုက်ခြင်း "စစ်ပွဲတွင်းမှ အကျဉ်းသားများကို နှိပ်စက်ညှင်းပန်းခြင်း၊ ကောင်းမွန်စွာ မဆက်ဆံခြင်းတို့ဖြင့် နိုင်ငံတကာ ဥပဒေကို ဆက်လက်ချိုးဖောက်နေကြောင်း လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောသည်။

 

နောက်ထပ် ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဗီတိုကျင့်သုံးခွင့်ရှိသည့် တရုတ်နိုင်ငံသည်လည်း အနောက်ဘက် အစွန်ရှိ Xinjiang ဒေသတွင် "ဝီဂါလူနည်းစုအပါအဝင် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းကို နိုင်ငံတကာမှ စုံစမ်းစစ်ဆေးမှုမပြုနိုင်ရန် တားဆီးကာကွယ်မှုဆက်လက်ပြုလုပ်နေသည်။

 

ကုလသမဂ္ဂသည် ဝီဂါ အနည်းဆုံး သန်းနှင့် အခြားသော တိုင်းရင်းသားလူနည်းစုများ ထိန်းသိမ်းထားသည့် ထိန်းသိမ်းရေးစင်တာများ တည်ရှိနေမှုကို ၂၀၁၈ ခုနှစ်တွင် ပထမဆုံး ဖော်ထုတ်ခဲ့သည်။ တရုတ်နိုင်ငံက နောက်ပိုင်းတွင် ၎င်းဒေသ၌ စခန်းများ ရှိကြောင်း ဝန်ခံခဲ့သော်လည်း ၎င်းတို့မှာ "အစွန်းရောက်ဝါဒကို နှိမ်နင်းရန် လိုအပ်သည့် သက်မွေးဝမ်းကြောင်း ကျွမ်းကျင်မှု သင်တန်းစင်တာများဖြစ်သည်ဟု ဆိုသည်။

 

မြန်မာစစ်တပ်သည်လည်းကောင်း၊ ရုရှားအာဏာပိုင်များသည်လည်းကောင်း ထင်ရှားသည့် ချိုးဖောက်ကျူးလွန်မှုအကြောင်း အစီရင်ခံတင်ပြချက်များကို စုံစမ်းစစ်ဆေးရန် အားထုတ်ခြင်းမရှိခဲ့

 

 

ကုလလူ့အခွင့်အရေးကောင်စီရုံးမှ ဖိနှိပ်အလွဲသုံးစားမှုများသည် "လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုမြောက်နိုင်သည့် ပမာဏဖြစ်ကြောင်း အပြီးသတ် ကောက်ချက်ချခဲ့သော်လည်း အောက်တိုဘာလ ၂၀၂၂ ခုနှစ်တွင် ၎င်းအရေးကို ဆွေးနွေးငြင်းခုံခြင်းမပြုရန် ကုလလူ့အခွင့်အရေးကောင်စီကပင် မဲပေးခဲ့သည်။

 

မုန်းတီးမှုနှင့် ကြောက်ရွံ့မှု

 

ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်နှင့် ရုရှားတို့၏ ဆက်လက်ပါဝင်နေသည့် အခန်းကဏ္ဍကြောင့်လည်း ၎င်းတို့ကို ဝေဖန်ခံနေရသည်။

 

ပြီးခဲ့သည့် တစ်နှစ်တည်းတွင်ပင် အရပ်သား ၁,၀၀၀ အနည်းဆုံး သေဆုံးခဲ့သည်ဟု လွတ်ငြိမ်းခွင့်အဖွဲ့က ပြောသည်။ အရပ်သားများကို လေကြောင်းတိုက်ခိုက်မှု၊ ရွာမီးရှို့မှုများဖြင့် ပစ်မှတ်ထားမှု အပါအဝင် အလွဲသုံးစာ းဖိနှိပ်မှုများ ကျယ်ပြန့်စွာ ပြုလုပ်နေကြောင်း စစ်တပ်ကို စွပ်စွဲထားသည်။ လူပေါင်း . သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး ၁၉ သန်းခန့်မှာ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ လိုအပ်နေကြောင်း နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ၏ အဆိုအရ သိရသည်။

 

မြန်မာစစ်တပ်သည်လည်းကောင်း၊ ရုရှားအာဏာပိုင်များသည်လည်းကောင်း ထင်ရှားသည့် ချိုးဖောက်ကျူးလွန်မှုအကြောင်း အစီရင်ခံတင်ပြချက်များကို စုံစမ်းစစ်ဆေးရန် အားထုတ်ခြင်းမရှိခဲ့ဟု လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြောသည်။ "နှစ်ဦးလုံးသည် ဘဏ္ဍာရေးနှင့် စစ်ရေးအထောက်အပံ့များ တရုတ်ထံမှ ရရှိခဲ့သည်။ဟုလည်း ဖော်ပြထားသည်။

 

၎င်းအဖွဲ့သည် ကမ္ဘာ့လူ့အခွင့်အရေးအခြေအနေကို နှစ်စဉ် အစီရင်ခံစာ ထုတ်ဝေလေ့ရှိကာ ယခုနှစ်တွင် နိုင်ငံနှင့် နယ်မြေဒေသ ၁၅၅ ခုမှ လူ့အခွင့်အရေးအခြေအနေများကို စစ်ဆေးအကဲဖြတ်ခဲ့သည်။

 

ယခုနှစ်အစီရင်ခံစာတွင် အာဏာပိုင်များက "မုန်းတီးမှုပေါ် အခြေပြုပြီး ကြောက်ရွံ့မှု အမြစ်တွယ်နေသည့်အဖြစ်အပျက်ဇာတ်ကြောင်းများကို ဆက်လက်ဖြန့်ဝေနေပုံကိုလည်း အလေးပေးဖော်ပြခဲ့သည်။ တိုင်းရင်းသားလူနည်းစုများ၊ ဒုက္ခသည်များနှင့် ပြောင်းရွှေ့နေထိုင်သူများအတွက် လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်နှင့် စုဖွဲ့ခြင်းအတွက် နေရာအခင်းအကျင်း ကျဉ်းကျုံ့စေခဲ့သည်ဟု ဆိုသည်။

 

အမျိုးသမီးအခွင့်အရေးနှင့် ကျားမ တန်းတူညီမျှမှုတို့လည်း တိုက်ခိုက်ခံနေရကြောင်း၊ "လွန်ခဲ့သည့် နှစ် ၂၀ အတွင်း ရရှိခဲ့သည်တို့ ခြိမ်းခြောက်မှုခံနေရကြောင်း" အီရန်မှ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည့် အမျိုးသမီးများကို ဖြိုခွင်းမှု၊ အများပြည်သူဘဝမှ အမျိုးသမီးများကို ဖယ်ထုတ်ရန် အာဖဂန်နစ္စတန်မှ တာလီဘန်တို့၏ ကြိုးပမ်းမှုတို့ကို ဖော်ပြခဲ့သည်။

 

၎င်းအဖွဲ့က စစ်ဆေးကြီးကြပ်မှုလိုအပ်သော နည်းပညာအသစ်များ၏ ခြိမ်းခြောက်မှုအန္တရာယ်ကိုလည်း သတိပေးခဲ့သည်။ အသိဉာဏ်ရည်တု Artificial intelligence မြောက်များစွာသော စောင့်ကြည့်စစ်ဆေးမှုကိရိယာများ၏ လျင်မြန်စွာ တိုးတက်မှုတို့သည် ပဋိပက္ခ မီးထိုးပေးခြင်း၊ အခွင့်အရေးနှင့် လွတ်လပ်မှု ထိပါးခြင်း၊ သဘောထားကွဲလွဲမှု ပျံ့နှံ့ခြင်းများ ဖြစ်ပေါ်စေနိုင်သည်ဟု သတိပေးထားသည်။

 

စည်းကမ်းထိန်းသိမ်းမှုမရှိသော နည်းပညာတိုးတက်မှုသည် "ခွဲခြားဆက်ဆံရန်၊ မမှန်သတင်းပေးရန်၊ ပိုင်းခြားရန် လက်နက်အဖြစ် အသုံးချနိုင်သည်ဟု Callamard က ပြောသည်။

 

ကိုးကား - AL Jazeera AP

 

ပုံစာ - ဧပြီလ ၂၃ ရက် ၂၀၄ ခုနှစ် လန်ဒန်မြို့ တွင်ကမ္ဘာ့လူ့အခွင့်အရေးအခြေအနေများ အစီရင်ခံစာ ထုတ်ပြန်ခြင်းမပြုမီ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အထွေထွေအတွင်းရေးမှူး Agnes Callamard က သတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောကြားစဉ်။ (AP Photo/Kirsty Wigglesworth)

 

Burma Associated Press

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့
ရုရှား
တရုတ်
အမေရိကန်

Share With
bap-logo