Politics
Fulton အကျဉ်းထောင်တွင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် ကိုယ်တိုင် အဖမ်းခံမည်
လွန်ခဲ့သော တစ်နှစ် က
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် တနင်္လာနေ့က သဘောတူထားသည့် ၎င်း၏ ဒေါ်လာ ၂၀၀၀ ၀၀၀ တန် အာမခံသဘောတူညီချက်စာချုပ်နှင့် အခြားလွတ်ငြိမ်းခွင့် သတ်မှတ်ချက်များအရ လာမည့် ကြာသပတေးနေ့၌ Fulton ခရိုင်အကျဉ်းထောင်တွင် ၎င်းကိုယ်တိုင် အဖမ်းခံမည်ဟု စီစဉ်ထားကြောင်း CNN က ဖော်ပြထားသည်။ ၎င်းနှင့် အပေါင်းပါများသည် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ပြောင်းလဲအောင် အားထုတ်မှုဖြင့် စွဲချက် လေးခု တင်ခံထားရခြင်းဖြစ်သည်။
“ကျွန်တော် အတ္တလန်တာ၊ ဂျော်ဂျီယာကို သွားပါမယ်။ ကြာသပတေးနေ့မှာ အဖမ်းခံပါမယ်။” ဟု ထရန့်က Truth ဆိုရှယ်ကွန်ရက်တွင် ရေးသားထားသည်။
ထရန့်၏ အဖမ်းခံမှုသဘောတူညီချက်များမှာ ညှိနှိုင်းဆဲဖြစ်ပြီး ပုံမှန်အားဖြင့် စွပ်စွဲခံရသူသည် အကျဉ်းထောင်တွင် မှတ်တမ်းတင်ခံရသူသည် ရှာဖွေခြင်း၊ ဆေးစစ်ခြင်း၊ လက်ဗွေရာ ရယူခြင်းနှင့် မှုခင်းမှတ်တမ်းကိုယ်တစ်ပိုင်းပုံရိုက်ခြင်းတို့ ပြုလုပ်စေမည်ဖြစ်သည်။ ထရန့်နှင့် အခြား ထင်ရှားကျော်ကြားသူများကို ၎င်းအစီအစဉ်တိုင်း ပြုလုပ်ခြင်း ရှိ မရှိ ရှင်းလင်းစွာ မသိရှိရကြောင်း CNN က ဖော်ပြထားသည်။
Fulton ခရိုင်တွင် ထရန့်ကို စုစုပေါင်း စွဲဆိုမှု ၁၃ ခု ပြုလုပ်ထားသည်။ မရိုးဖြောင့်သည့် စီးပွားရေးလုပ်ဆောင်ခြင်း၊ ပြည်သူ့ဝန်ထမ်းအရာရှိတစ်ဦးကို သစ္စာဖောက်ဖျက်ရန် တောင်းဆိုခြင်း၊ ပြည့်သူ့ဝန်ထမ်းအရာရှိတစ်ဦးဟန်ဆောင်ရန် ကြိုးပမ်းမှုတွင် ပူးပေါင်းကြံစည်ခြင်း၊ အပြစ်အကြီးဆုံး အဆင့် အတုအပလုပ်ဆောင်မှုတွင် ပူးပေါင်းကြံစည်ခြင်း၊ မှားယွင်းသော ထုတ်ပြန်ချက်များနှင့် ရေးသားချက်များ၊ မှားယွင်းသော ထုတ်ပြန်ချက်များနှင့် ရေးသားချက်များတွင် ပူးပေါင်းကြံစည်ခြင်း၊ မှားယွင်းသော စာရွက်စာတမ်းများ ဖိုင်တွဲမှု၊ မှားယွင်းသော စာရွက်စာတမ်းများ ဖိုင်တွဲမှုတွင် ပူးပေါင်းကြံစည်ခြင်း တို့ပါဝင်သည်။ ပြစ်မှုတစ်ခုစီသည် ကျူးလွန်ခြင်းပြုလျှင် ထောင်ဒဏ် တစ်နှစ်မှ ၂၀ နှစ်အထိ ထောင်ဒဏ်ကျခံရနိုင်သည်။ ပြစ်မှု အတော်များများမှာမူ ဒဏ်ကြေးမျှသာ ပြစ်ဒဏ် ချမှတ်နိုင်သည်။
ထရန့်က စွဲဆိုချက်များကို ငြင်းပယ်ပြီး ၎င်း ရိုးသားကြောင်း Truth လူမှုကွန်ရက်တွင် ပြောဆိုနေခဲ့ပြီး စုံစမ်းစစ်ဆေးမှုများသည် "တစ်စုံတစ်ဦးအပေါ် အပြစ်မရှိဘဲ ပြစ်တင်စွဲဆိုမှု (WITCH HUNT)” သာဖြစ်ကြောင်း၊ ၎င်းအပေါ် ရှာဖွေတွေ့ရှိချက်များမှာ ၎င်း၏ ၂၀၂၄ မဲဆွယ်မှုကို ထိခိုက်စေရန် "ရွေးကောက်ပွဲ ကြားဖြတ်နှောက်ယှက်မှု(ELECTION INTERFERENCE)” သာဖြစ်သည်ဟု ဆိုသည်။
ကိုးကား - CNN, Forbes
ပုံစာ - ဩဂုတ်လ ၁၂ ရက်နေ့က Moines၊ Iowa မှ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်။ (Photo: Getty Images )