bap-logo
International

ဘယ်လ်ဂျီယံ လိင်အလုပ်သမားများ ကမ္ဘာ့ပထမဆုံးအဖြစ် မီးဖွားစားရိတ်ခံစားခွင့်နှင့် ပင်စင် ခံစားခွင့် ရရှိ

bJOYngMNtuwgUSQ-g5ODr-image

လွန်ခဲ့သော ၂၃ ရက် က

BAP၊ ဘာသာပြန်။

လိင်အလုပ်သမားများကို ဥပဒေဖြင့် ခွဲခြားဆက်ဆံမှု အဆုံးသတ်လိုက်သည့် ဥပဒေပြုအမတ်များ၏ လုပ်ဆောင်မှုကို 'အရေးပါသော ရှေ့ခြေလှမ်း’ အဖြစ် ဂုဏ်ပြုကြသည်။

 

ကမ္ဘာ့ပထမဆုံး ဥပဒေအဖြစ် ဘယ်လ်ဂျီယံ လိင်အလုပ်သမားများသည် နာမကျန်းခွင့်၊ မီးဖွားစားရိတ် ခံစားခွင့်နှင့် ပင်စင်ခံစားခွင့်များ ရရှိလာသည်။

 

မေလတွင် ဥပဒေပြုအမတ်များက လိင်အလုပ်သမားများအပေါ် အလွဲသုံးစားပြုမှုများ၊ အမြတ်ထုတ်မှုများကို ဖယ်ရှားရန် ၎င်းတို့ကို အခြားသော ဝန်ထမ်းများနည်းတူ ဝန်ထမ်းရေးရာ ကာကွယ်မှုများ ပေးအပ်ရန် မဲပေးခဲ့ကြသည်။

 

တနင်္ဂနွေနေ့တွင် အသက်ဝင်လာသည့် ဥပဒေသည် လိင်အလုပ်သမားများအတွက် အလုပ်ခန့်အပ်မှု စာချုပ်များ၊ ဥပဒေအကာကွယ်များ အသေအချာ ရရှိစေမည်ဖြစ်သည်။

 

၂၀၂၂ ခုနှစ် ဘယ်လ်ဂျီယံနိုင်ငံတွင် လိင်အလုပ်သမားများကို ‌ပြစ်မှုကျူးလွန်သူအဖြစ်မှ ပယ်ဖျက်သည့် ဥပဒေမူဘောင်တစ်ခု ဖန်တီးခဲ့သော်လည်း လိင်အလုပ်သမားများအပေါ် မည်သည့် အကာအကွယ်မှ အပ်နှင်းခြင်းမရှိခဲ့ပေ။ အလုပ်လက်မဲ့ ခံစားခွင့်များ၊ ကျန်းမာရေးအာမခံများကဲ့သို့သော အလုပ်သမားအခွင့်အရေးများလည်း ပေးအပ်နိုင်ခြင်း မရှိခဲ့ပေ။ ယခုဥပဒေမှာ ယင်းကဲ့သို့ မပြတ်မသားအခြေအနေကို အဆုံးသတ်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

 

ဥပဒေအရ လိင်အလုပ်သမားများသည် လိင်ဆက်ဆံဖက်၊ သီးသန့်သတ်မှတ်ထားသော လုပ်ရပ်များ ကို ငြင်းပယ်ပိုင်ခွင့် ရရှိလာပြီး လုပ်ဆောင်မှုများကို အချိန်မရွေးရပ်ဆိုင်းခွင့်လည်း ရှိလာသည်။ ၎င်းကဲ့သို့ ငြင်းဆန်သည့်အတွက် အလုပ်ခန့်အပ်ခြင်းမှ ရပ်ဆိုင်းခြင်းလည်း မပြုလုပ်နိုင်တော့ပေ။

 

အလုပ်ခန့်အပ်သူများသည် လုပ်ငန်းလုပ်ကိုင်ရာနေရာများတွင် "ကောင်းမွန်သော ကိုယ်ကျင့်တရားနှင့် သိက္ခာ” ရှိရမည်ဖြစ်ပြီး ၎င်းအဆောက်အအုံများတွင် ရုတ်တရက် ထိတ်လန့်ခြင်းအတွက် အချက်ပေးခလုတ်များ၊ သန့်ရှင်းသော အိပ်ရာခင်းများ၊ ရေချိုးခန်းများနှင့် ကွန်ဒုံးများ ထားရှိပေးရမည်ဖြစ်သည်။

 

အိမ်တွင် သွားရောက်လုပ်ကိုင်ခြင်း၊ အဖော်အချွတ် ဖျော်ဖြေမှုများကဲ့သိုသော လုပ်ဆောင်မှုများ၊ အဖော်အချွတ် ရိုက်ကူးရေးများမှာ အကာအကွယ်ပေးမှုများတွင် မပါဝင်ပေ။

 

ဘယ်လ်ဂျီယံ လိင်အလုပ်သမားများသမဂ္ဂက ၎င်းဥပဒေကို ' လိင်အလုပ်သမားများအပေါ် ဥပေဒအရ ခွဲခြားဆက်ဆံမှုကို အဆုံးသတ်စေသည့် အရေးကြီးသော ရှေ့ခြေလှမ်းတစ်ခု’ အဖြစ် ဖော်ပြလိုက်သည်။

 

သို့ရာတွင် စည်းမျဉ်းစည်းကမ်းများသည် လိင်လုပ်ငန်းကို လျှော့ချရန်၊ ပပျောက်စေရန် "လက်နက်သဖွယ်အသုံးပြု” လာနိုင်သည်ဟု ၎င်းတို့က ဆိုသည်။ "ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အချို့က 'ဘေးကင်းရေး''တစ်ကိုယ်ရေ သန့်ရှင်းရေး' စကားလုံးများကို ရှေ့တန်းတင်၍ လိင်အလုပ်သမားများ ၎င်းတို့၏ လုပ်ငန်းခွင်တွင် အလုပ်လုပ်ရန် မဖြစ်နိုင်အောင် အလွန်တင်းကျပ်သော ဒေသန္တရ စည်းမျဉ်းစည်းကမ်းများ ချမှတ်ကြေငြာနေသည်ကို ကျွန်ုပ်တို့ တွေ့မြင်နေရပြီဖြစ်သည်။” ဟုလည်း ၎င်းတို့က ဖြည့်စွက်ဖော်ပြထားသည်။

 

အချို့သော အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ အဖွဲ့အစည်းများက ၎င်းဥပဒေကို ဝေဖန်ခဲ့ကြသည်။ ၂၀၂၃ ခုနှစ်က ဥပဒေကို ထုတ်ပြန်ခဲ့စဉ်တွင် ပြင်သစ်စကားပြောသည့် ဘယ်လ်ဂျီယံ အမျိုးသမီးများ ကောင်စီက ၎င်းဥပဒေသည် မိန်းကလေးငယ်များ၊ လူကုန်ကူးခံရသူများအတွက် "အကြီးအကျယ် ထိခိုက်ခံစား” စေနိုင်သည်ဟု ဆိုသည်။

 

ပြည့်တန်ဆာလုပ်ငန်းဖြစ်တည်မှုနဲ့ ၎င်းအလုပ်သမားများကို ကျွန်ုပ်တို့ အကာအကွယ် မဖြစ်မနေ ပေးရမည်ဟု ဆိုခြင်းမှာ လိင်အကြမ်းဖက်မှုများကို လက်ခံရမည်၊ ၎င်းတို့ကို တိုက်ချက်ခြင်း မပြုရဟု ဆိုလိုရာရောက်သည်။” ဟု ၎င်းအဖွဲ့အစည်းမှ အကြီးအကဲ ပြင်သစ်ဘာသာဖြင့် ထုတ်ဝေသော ဘယ်လ်ဂျီယံနေ့စဉ်သတင်းစာ Le Soir ကို ပြောသည်။

ကိုးကား - The Guardian

ပုံစာ - ဘယ်လ်ဂျီယံနိုင်ငံ Ghent မြို့မှ လိင်လုပ်ငန်း ရပ်ကွက်တစ်ခု။ Photo: Belga News Agency/Alamy

Burma Associated Press

 

မီးဖွားစရိတ်
ဘယ်ဂျီယံ
ပင်စင်
လိင်အလုပ်သမား

Share With
bap-logo