bap-logo
International

ကမ္ဘာမြေ၏ ၁.၂ % ကို ကာကွယ်ရုံဖြင့် မျိုးသုဉ်းပျောက်ကွယ်မှုအများစုကို တားဆီးနိုင်ကြောင်း လေ့လာတွေ့ရှိ

Y-Rs9Zgfi9-hD9eDonpkg-image

လွန်ခဲ့သော ၃ လ က

 

ကမ္ဘာ့မြေပြင် . % ကို သဘာဝ ဘေးမဲ့မြေအဖြစ် ထပ်တိုး ထိန်းသိမ်းခြင်းအားဖြင့် မျိုးသုဉ်းပျောက်ကွယ်ရန် ခန့်မှန်းထားသည့် အပင်နှင့် တိရစ္ဆာန်အများစုကို ကာကွယ်နိုင်ကြောင်း၊ ကုန်ကျစားရိတ်မှာ ဒေါ်လာ ၂၆၃ ဘီလီယံခန့်ရှိကြောင်း အင်္ဂါနေ့တွင် ဖြန့်ဝေခဲ့သည့် လေ့လာချက်တစ်ရပ်အရ သိရသည်။

 

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် စားကျက်မြေပျက်စီးမှုတို့ကြောင့်တောရိုင်းတိရစ္ဆာန်နှင့် အပင်များ ပြုန်းတီးလျော့နည်းလာခြင်းကို ကာကွယ်ရန် ၂၀၃၀ ခုနှစ်တွင် ကမ္ဘာ့အစိတ်အပိုင်း ၃၀ % ကို ကာကွယ်နိုင်ရေး ရည်မှန်းချက်အတွက် ကမ္ဘာတစ်ဝှမ်း ကြိုးစားနေကြသည်။

 

အောက်တိုဘာလ ကိုလံဘီယာ ကုလသမဂ္ဂထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့မူဝါဒချမှတ်သူများ တွေ့ဆုံမည်ဖြစ်ကာ ၎င်းရည်မှန်းချက်သို့ ရောက်ရှိရေး စီမံကိန်းများကို ဆွေးနွေးသွားမည်ဖြစ်သည်။

 

Frontiers in Science ဂျာနယ်မှ လေ့လာချက်သည် ၎င်းကာကွယ်ရေးစီမံကိန်းများတွင် ထည့်သွင်းရန် တန်ဖိုးအမြင့်ဆုံး နယ်ပယ်များကို စိစစ်သတ်မှတ်ရေး ရည်ရွယ်ထားသည်ဟု လေ့လာချက်ကို ပူးတွဲပြုလုပ်သူ၊ ယူနိုက်တက်ကင်းဒမ်း East Anglia တက္ကသိုလ်မှ ဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကျွမ်းကျင်သူ Carlos Peres က ပြောသည်။

 

ဘယ် ၃၀ % ကို ကာကွယ်သင့်တယ်ဆိုတာ တကယ်တမ်း ပြောမထားတဲ့အတွက် 30-by-30 ရည်မှန်းချက်မှာ အသေးစိတ်အချက်တွေ လိုအပ်နေဆဲဖြစ်ပါတယ်။

 

 

နိုင်ငံအများစုက တကယ်တမ်းမှာ မဟာဗျူဟာ မရှိကြဘူး။ဟု Peres က ပြောသည်။

 

ဘယ် ၃၀ % ကို ကာကွယ်သင့်တယ်ဆိုတာ တကယ်တမ်း ပြောမထားတဲ့အတွက် 30-by-30 ရည်မှန်းချက်မှာ အသေးစိတ်အချက်တွေ လိုအပ်နေဆဲဖြစ်ပါတယ်။” (30-by-30 ရည်မှန်းချက် = ၂၀၃၀ ခုနှစ်တွင် ကမ္ဘာ့အစိတ်အပိုင်း ၃၀ % ကာကွယ်ရေး)

 

အမေရိကန်ပြည်ထောင်စု၏ ငါးပုံတစ်ပုံခန့်ရှိသော နယ်မြေနှင့် ညီမျှသည့် ရှားပါး၍ အန္တရာယ်ကျရောက်နေသည့် မျိုးစိတ်များ၏ နေထိုင်ရာ ကမ္ဘာအဝှမ်းမှ နယ်မြေ ၁၆၈၂၅ ခု (စတုရန်းကီလိုမီတာ . သန်း (၆၃၃၀၀၀ စတုန်ရန်းမိုင်))ကို ထပ်တိုး ကာကွယ်ရန် ၎င်းလေ့လာချက်က အဆိုပြုထားသည်။

 

၎င်းအဆိုပြု နယ်မြေများမှာ ကမ္ဘာက ကာကွယ်မှုအချို့ ပြုလုပ်ပြီး နယ်မြေများအပြင် နောက်ထပ် ၁၆% နီးပါးကို ဆိုလိုခြင်းဖြစ်သည်။

 

ပုဂ္ဂလိကပိုင်နက် အများအပြား ပါဝင်သည့် နယ်မြေသစ်များကို ကာကွယ်မှု ရယူရန် ဒေါ်လာ ၂၆၃ ဘီလီယံခန့် ကုန်ကျမည်ဟု လာမည့် ငါးနှစ်အတွင်း လက်ရှိတန်ဖိုးအရ လေ့လာချက်တွင် ခန့်မှန်းထားသည်။

 

ဈေးတွေ ပိုကြီးလာမယ်၊ ထပ်တိုးနယ်မြေတွေကို ကာကွယ်ဖို့ ပိုပြီး ခက်ခဲလာမယ်။ ဒါကြောင့်ကျွန်တော်တို့အတွက် အချိန် မရှိတော့ဘူး။ဟု Peres က ပြောသည်။

 

ထိန်းသိမ်းရန် နယ်မြေများ၏ လေးပုံသုံးပုံမှာ ကမ္ဘာ့ ဇီဝမျိုးကွဲ အစုံလင်ဆုံး ဂေဟစနစ်များရှိသည့် အပူပိုင်း သစ်တောများဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၊ ဘရာဇီးနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် တန်ဖိုးမြင့် နယ်မြေများ ထက်ဝက်ကျော် ပါဝင်တည်ရှိသည်။

 

ရုရှားနိုင်ငံတွင် ထိန်းသိမ်းစောင့်ရှောက်သင့်သော တန်ဖိုးအမြင့်ဆုံး နယ်မြေများ ၁၃၈၄၃၆ စတုရန်းကီလိုမီတာ ရှိပြီး ဂရိနိုင်ငံ၏ အရွယ်အစားခန့်ရှိသည့်အတွက် တစ်နိုင်ငံတည်းအနေဖြင့် အများဆုံးဖြစ်သည်ဟု လေ့လာချက်တွင် ဖော်ပြထားသည်။

 

မဒါဂတ်စကာတွင် လေးခုမြောက် နယ်မြေအများဆုံး ပါဝင်တည်ရှိနေခြင်း၊ ကွန်ဂိုနိုင်ငံသည် အာဖရိကတိုက်အတွင်း ထိန်းသိမ်းစောင့်ရှောက်ရန် ပစ်မှတ်ထားသည့် နယ်မြေအကြီးမားဆုံး ပါဝင်ခြင်းတို့ကြောင့် အာဖရိကနိုင်ငံအများအပြားသည်လည်း ထိန်းသိမ်းစောင့်ရှောက်ရန်စာရင်း၌ ထိပ်ဆုံးတွင် ပါဝင်နေသည်။

 

အကဲဖြတ်ဆန်းစစ်ချက်အရ စာရင်းထိပ်ဆုံးမှ နိုင်ငံ ၃၀ တွင် အမေရိကန်ပြည်ထောင်စုသည် တစ်ခုတည်းသော ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ပါဝင်သော ထိန်းသိမ်းစောင့်ရှောက်ရန် နယ်မြေမှာ .% ရှိပြီး ၎င်းနယ်မြေမှာ Delaware ပြည်နယ်၏ နှစ်ဆခန့် ကျယ်ဝန်းသည်။

 

သုတေသီများက ကုန်းမြေနှင့် ရေချိုဂေဟစနစ်များကိုသာ ထည့်သွင်းစဉ်းစားထားပြီး သမုဒ္ဒရာများနှင့် ရေကြောင်း အကာအကွယ်ပြု ဒေသများ မပါဝင်သေးပေ။ အင်းဆက်ပိုးမွှားများနှင့် ယင်းကဲ့သို့ အခြားသော တိရစ္ဆာန်များကို ပထဝီ မြေပုံမှတ်တမ်းများ ကောင်းစွာ မရှိသည့်အတွက် သုတေသီများက ကျောရိုးမဲ့သတ္တဝါများကို လေ့လာချက်တွင် ထည့်သွင်း မထားပါ။

 

ကိုးကား - Reuters

ပုံစာ - ဂျူလိုင်လ ရက် ၂၀၂၀ ခုနှစ် မက်ဆီကိုနိုင်ငံ Saltillo မြို့ ရှိ ကန္တာရပြတိုက် အရံအတားများအတွင်း အနားယူနေသည့် မျိုးသုန်းမှု အန္တရာယ်ကျရောက်နေသော ဒေသမျိုးရင်း မက်ဆီကန် မီးခိုးရောင် ဝံပုလွေများ။ ( REUTERS/Daniel Becerril/File Photo)

 

Burma Associated Press

ကမ္ဘာ့မြေပြင်
မျိုးသုဉ်းပျောက်ကွယ်မှုများ
ညစ်ညမ်းမှု
သဘာဝ

Share With
bap-logo