bap-logo
International

ထိုင်းနိုင်ငံ အလယ်ပိုင်းရှိမြို့တွင် နှစ်ချီ၍ မျောက်များ သောင်းကျန်းမှု ထိန်းချုပ်အဆုံးသတ်ရန် စီစဉ်

bTw3laSy_qOATT3wLgcCI-image

လွန်ခဲ့သော ၆ လ က

ထိုင်းနိုင်ငံအလယ်ပိုင်းမြို့တစ်ခုတွင် အနည်းဆုံး ဆယ်စုနှစ်တစ်ခုကြာ ဖြစ်ပွားနေသော လူနှင့် မျောက် ပဋိပက္ခကို ငြိမ်းအေးစေမည့် အစီအမံတစ်ခုကို တောရိုင်းတိရစ္ဆာန်ဆိုင်ရာ အရာရှိများက ဗုဒ္ဓဟူးနေ့တွင် ပြသခဲ့သည်။

 

Lopburi မြို့သို့ ရောက်ရှိလာသည့် မျောက်များသည် ဒေသတွင်း ရိုးရာအစဉ်အလာနှင့် ခရီးသွားများ စွဲဆောင်ရာတစ်ခုဖြစ်သည်။ သို့သော် ဒေသခံများ၊ ဧည့်သည်များအတွက် အန္တရာယ်ရှိသော ရင်ဆိုင်မှုများ နှစ်များစွာ ကြာလာပြီး မျိုးပွားမှု ထိန်းချုပ်၍ ငြိမ်းအေးစေရန် ကြိုးပမ်းမှုများ မအောင်မြင်သောအခါ ဒေသခံများနှင့် စီးပွားရေးလုပ်ငန်းများမှာ ဆက်လက် သည်းမခံနိုင်တော့ပေ။

 

မြို့ပြမျောက် ၂၅၀၀ ခန့်ကို ဝိုင်းဝန်း၍ ကြီးမားသော အကာအရံများအကြား ထားရှိရန် အာဏာပိုင်များက မျှော်လင့်ထားသည်ဟု အမျိုးသားဥယျာဉ်ပန်းခြံ၊ တောရိုင်းတိရိစ္ဆာန်နှင့် သစ်ပင် ထိန်းသိမ်းစောင့်ရှောက်ရေး ညွှန်ကြားရေးမှူးချုပ် Athapol Charoenshunsa က ပြောသည်

 

မျောက်များက လူထားထံမှ အစားအသောက်များ လုယူရန်ကြိုးစားခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိကာ တခါတရံ ရုန်းရင်းဆန်ခတ်ဖြစ်၍ လူများတွင် ပွန်းပဲ့ခြင်းနှင့် အခြားဒဏ်ရာများ ဖြင့် ကျန်ရစ်လေ့ရှိသည်။ မတ်လတွင် မျောက်တစ်ကောင်က အစားအစာ လုယူရန် အမျိုးသမီးတစ်ဦး၏ ခြေထောက်ကို ဆွဲခံရ၍ ၎င်းအမျိုးသမီးတစ်ဦး ဒူးဆစ်လွဲသွားပြီး အခြားအမျိုးသားတစ်ဦးကို ဆာလောင်နေသော မျောက်တစ်ကောင်က မော်တော်ဆိုင်ကယ်ပေါ်မှ တွန်းချလိုက်သောအခါတွင် ဒေါသထွက်မှုများ ဆိုးရွားလာခဲ့သည်။

 

မြို့ပြမျောက် ၂၅၀၀ ခန့်ကို ဝိုင်းဝန်း၍ ကြီးမားသော အကာအရံများအကြား ထားရှိရန် အာဏာပိုင်များက မျှော်လင့်ထားသည်ဟု အမျိုးသားဥယျာဉ်ပန်းခြံ၊ တောရိုင်းတိရိစ္ဆာန်နှင့် သစ်ပင် ထိန်းသိမ်းစောင့်ရှောက်ရေး ညွှန်ကြားရေးမှူးချုပ် Athapol Charoenshunsa က ပြောသည်။ ၎င်းတို့သည် မျောက်များကို မြို့တွင်းတွင် ကန့်သတ်အရေအတွက်ဖြင့် လွတ်လပ်စွာ နေထိုင်စေရန် နည်းလမ်းတစ်ခု ရှာဖွေရေး တောရိုင်းတိရစ္ဆာန် ကျွမ်းကျင်သူများနှင့် အတူတကွ လုပ်ဆောင်မည်ဖြစ်သည်ဟုလည်း ပြောသည်။

 

မျောက်တွေကို လူတွေက နာကျင်အောင်လုပ်တာ ကျွန်တော် မလိုလားပါဘူး။ မျောက်တွေကလည်း လူတွေကို နာကျင်အောင် လုပ်တာလည်း မလိုလားပါဘူး။” ဟု ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ၎င်းက ပြောသည်။

 

ရန်လိုသော မျောက်ထီးကြီးများကို ဦးစားပေး ဖမ်းဆီးသည့် တရားဝင် မျောက်ဖမ်းဆီးရေးအစီအစဉ်များ ပြုလုပ်ခဲ့သည်မှာ ရက်သတ္တပတ်အတန်ကြာခဲ့ပြီး ဖြစ်သည်။ ၃၇ ကောင် ဖမ်းဆီးရမိထားကာ အများစုကို အိမ်နီးချင်းပြည်နယ် Saraburi ပြည်နယ်မှ တောရိုင်းတိရိစ္ဆာန် အာဏာပိုင်များ၏ စောင့်ရှောက်မှုအောက်တွင် ထားရှိကာ ကျန်မျောက်များကို Lopburi တိရိစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်ခဲ့သည်။

 

အာဏာပိုင်များက အကာအရံများ ပြီးစီးသည်နှင့် အထူးသဖြင့် လူနေထိုင်ရာနေရာများတွင် ကျန်ရှိသည့် မျောက်များကို ဖမ်းဆီးသွားရန် စီစဉ်ထားသည်ဟု ပြောသည်။ မျိုးကွဲမျောက်များ အချင်းချင်း တိုက်ခိုက်မှုကို ကာကွယ်ရန် သီးခြားလှောင်အိမ်များလည်း ပြင်ဆင်ထားသည်။

 

ရက်သတ္တပတ် အနည်းငယ်အတွင်း လုပ်ငန်း ပထမအဆင့် စတင်ရန် မျှော်လင့်ထားကြောင်း၊ ကြီးမားသော လှောင်အိမ်များက မျောက် ထောင်ပေါင်းများစွာကို ထည့်သွင်းထားနိုင်မည်ဟု ယုံကြည်ကြောင်း၊ “ပြဿနာကို လျင်မြန်စွာ ဖြေရှင်းသွားမည်” ဖြစ်ကြောင်း Athapol က ပြောသည်။

 

မျောက်များသည် ဘန်ကောက်မြို့၏ မြောက်ဘက် ၁၄၀ ကီလိုမီတာ (မိုင် ၉၀) ခန့်တွင်ရှိသော ၎င်းပြည်နယ်၏ အထိမ်းအမှတ်ဖြစ်ပြီး ရှေးဟောင်း ဘုရားသုံးဆူ ဘုရားကျောင်းတွင် နှစ်စဉ် "မျောက်တို့အတွက် ဘူဖေး” ပွဲတော် ကျင်းပလေ့ရှိကာ မြို့အတွင်း မျောက်များကို ပုံမှန်မြင်တွေ့ရလေ့ ရှိသည်။ မျောက်များသည် ထိုင်းနိုင်ငံ တောရိုင်းတိရိစ္ဆာန် ကာကွယ်ထိန်းသိမ်းရေးဥပဒေဖြင့် ကာကွယ်ထားသည့် မျိုးစိတ်ဖြစ်သည်။

 

ကမ္ဘာလှည့်ခရီးသွားများနှင့် ဒေသခံများက တိရိစ္ဆာန်များကို အစာကျွေးသည့်အတွက် မြို့တွင်းသို့ မျောက်များ ဝင်ရောက်လာစေပြီး အရေအတွက် များပြားလာကာ လူများထံမှ အစာရယူသည့် ဓလေ့ ဖြစ်ပေါ်သွားစေသည်ဟု အချို့က ပြစ်တင်ကြသည်။

 

အစာကျွေးခြင်းကို ကန့်သတ်ရန် အစောပိုင်းက အားထုတ်မှုသည်လည်း အခြေအနေများကို ပိုမိုဆိုးရွားသွားစေသည်ဟု ဒေသခံအချို့က ပြောသည်။ ဒေသတွင်း အာဏာပိုင်များက ကမ္ဘာလှည့်ခရီးသည်များ အဓိက စွဲဆောင်ရာ နေရာများအနီး တည်ရှိသည့် သတ်မှတ်နေရာအနည်းငယ်၏ ပြင်ပတွင် မျောက်များကို အစာကျွေးလျှင် ဒဏ်တပ်မည်ဟု ခြိမ်းခြောက်မှုများ မကြာသေးခင်နှစ်များအတွင်း စတင်ခဲ့သည်။

 

သို့သော် ၎င်း အစာကျွေးရန် နေရာများသည် နယ်မြေ အကြီးအကျယ် စိုးမိုးလိုသည့် တိရစ္ဆာန်အဖွဲ့အချို့က လွှမ်းမိုးထားကာ အခြားနေရာများမှ ပြိုင်ဘက်အဖွဲ့များမှာ ဆာလောင်၍ အစာရရန် လူများကို နှောင့်ယှက်မှု ပိုမို ပြုလုပ်လာကြသည်။

 

လူများအနေဖြင့် မျောက်များကို ဆိုးသွမ်းသူများအဖြစ် မမြင်သင့်ကြောင်း၊ မျောက်ကောင်ရေထိန်းချုပ်ရေး ထိရောက်မှုရှိရန် အာဏာပိုင်များက လုံလောက်စွာ မလုပ်ဆောင်နိုင်ခြင်း ဖြစ်နိုင်ကြောင်း Athapol က ပြောသည်။

 

လူများက မြို့ပြ၏ မျောက်များနှင့် ယှဉ်တွဲ နေထိုင်ရန် ပြောင်းလဲသင့်ကြောင်း၊ သဘာဝ အစားအစာ အရင်းအမြစ်များ ရှားပါးလာသည့်အတွက် တိရိစ္ဆာန်များသည် လူများထံမှ အပါအဝင် ရနိုင်သည့် နေရာများမှ ရှာဖွေလာရကြောင်း တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ညွှန်ကြားရေးမှူး Phadej Laithong က ပြောသည်။

 

ယခင်က ထိန်းချုပ်ရေး စီမံမှုမှာ လျော့နည်းခဲ့သည်။ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း တောရိုင်းတိရိစ္ဆာန် အာဏာပိုင်များက Lopburi မျောက်ကောင်ရေ ၂၆၀၀ ကို သင်းကွပ်ခဲ့သည်။

 

၎င်းတို့သည် Prajuab Kiri Khan နှင့် Phetchaburi ကဲ့သို့ မျောက်ပြဿနာ ကြုံတွေ့နေရသော ထိုင်းနိုင်ငံ၏ အခြားဒေသများတွင်လည်း လုပ်ဆောင်နေကြောင်း Athapol က ပြောသည်။ ထိုင်းနိုင်ငံ၏ ပြည်နယ် ၇၇ ခု အနက် ၅၂ ခုမှာ မျောက်ပြဿနာမကြာခဏ ကြုံရကြောင်း တင်ပြမှု ကြုံတွေ့ရသည်ဟု ၎င်းက ပြောသည်။

 

ကိုးကား - AP

ပုံစာ - နိုဝင်ဘာလ ၂၇ ရက် ၂၀၂၂ ခုနှစ် ထိုင်းနိုင်ငံ Lopburi ပြည်နယ် မျောက်အစာကျွေးပွဲတော်တွင် အသီးအနှံများ စားသောက်နေသည့် မျောက်များ။ (AP Photo/Chalida Ekvitthayavechnukul, File)

 

ထိုင်း
မျောက်
အလယ်ပိုင်း
တောရိုင်းတိရိစ္ဆာန်

Share With
bap-logo