Crime
ဘုရားသုံးဆူမြို့ပေါ်မှာ ဘိန်းစာရွက်ပြုတ်ရည်မရောင်းဖို့နဲ့ မသုံးစွဲဖို့ KNU သတိပေး
လွန်ခဲ့သော ၈ နာရီ က
BAP၊ ဇူလိုင် ၂၇။
ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ ဘုရားသုံးဆူမြို့ပေါ်မှာ ဘိန်းစာရွက်ပြုတ်ရည် (ဒေသအခေါ် အပြုတ်ရည် ) မရောင်းဖို့နဲ့ မသုံးစွဲဖို့ဆိုပြီး ကရင်အမျိုးသားအစည်းအရုံး-KNU က သတိပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သောက်တဲ့လူ ထောင် ၃ နှစ်၊ ရောင်းရင် ထောင် ၇ နှစ် ဆိုပြီး ပြောလာတယ်။ အခုက ပညာပေးကာလ ဆိုတော့ ဖမ်းမိရင် ရုံးရှေ့မှာ အပြုတ်ရည်ဘူးကိုင်ပြီး မတ်တပ်ရပ်ခိုင်းထားတယ်” လို့ ဘုရားသုံးဆူ ဒေသခံတဦးက ပြောပါတယ်။
အခုလို အသိပေးချက်မထွက်ခင်ကဆိုရင် ဘုရားသုံးဆူမြို့ပေါ်မှာ ဘိန်းစာရွက်ပြုတ်ရည်(အပြုတ်ရည်) တဘူးကို ထိုင်းဘတ်ငွေ ၅၀ နဲ့ ပေါ်ပေါ်တင်တင်ရောင်းချနေတဲ့ ဆိုင် ၃၀ နီးပါးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခုနောက်ပိုင်း အပြုတ်ရည်ဆိုင်တွေမှာက အပြုတ်ရည်တမျိုးထဲတင်မကဘူး၊ အခြားမူးယစ် ဆေးဝါးတွေ၊ လက်နက် ကိစ္စတွေပါပါလာပြီး ရှုပ်လာလို့ ပိတ်ခိုင်းတာထင်တယ်" လို့ ဒေသခံတဦးက ခန့်မှန်းပါတယ်။
ဘုရားသုံးဆူမြို့ကို ကရင်အမျိုးသားအစည်းအရုံး-KNU က အုပ်ချုပ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပြီး မြို့ပေါ်မှာတော့ စစ်ကောင်စီနဲ့ အပစ်ရပ်အဖွဲ့တွေဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA၊ မွန်ပြည်သစ်ပါတီ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ-PC စတဲ့ လက်နက်ကိုင်တွေလည်းရှိနေပါတယ်။
Top News
လွန်ခဲ့သော ၈ နာရီ က
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၇ ရက် က