bap-logo
Crime

ထိုင်းစစ်တပ် အပြစ်မှ ကင်းလွတ်နေကြောင်း ထင်ရှားစေသည့် ကိုအောင်ကိုကို သေဆုံးမှု

EuGDfUZS6gKb7u726FRgk-image

လွန်ခဲ့သော ၂ ရက် က

BAP၊ ဘာသာပြန်။

 

ယခုနှစ် ဇန်နဝါရီလက သွေးထွက်သံယို ဒဏ်ရာများဖြင့် သေဆုံးနေသော မြန်မာလူမျိုး ကိုအောင်ကိုကိုကို ထိုင်းနိုင်ငံ လူစည်ကားရာ မဲဆောက်မြို့အနီး တွေ့ရှိခဲ့ကြသည်။

 

တော်လှန်ရေးစစ်ပွဲဖြစ်ပွားနေသော မြန်မာနိုင်ငံနှင့် နယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ၎င်းကို တွေ့ရှိရခြင်းဖြစ်သော်လည်း အသက် ၃၇ နှစ်အရွယ်ရှိ ကိုအောင်ကိုကို သေဆုံးရခြင်းမှာ မြန်မာနိုင်ငံမှ လက်နက်ကိုင် ပဋိပက္ခများကြောင်း မဟုတ်ပေ။ သက်သေအထောက်အထားများက ထိုင်းစစ်တပ်ကို ညွှန်ပြနေကြသည်။

 

ကိုအောင်ကိုကိုသည် ထိုင်းအာဏာပိုင်များက လေ့ကျင့်သင်ကြားပေးထားသည့် ဒေသခံ Chor Ror Bor စေတနာ့ဝန်ထမ်း ရပ်ရွာ ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးဖြစ်သည်။ ၎င်းသည် ထိုင်းနိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုင်လာသူတစ်ဦးဖြစ်သည်။ ၎င်း၏ရုပ်အလောင်းကို မြေသားလမ်းတစ်နေရာတွင် စွန့်ပစ်ခံရပြီး သုံးပတ်အကြာတွင် ထိုင်းရဲတပ်ဖွဲ့က အခြားသော မြန်မာအမျိုးသားတစ်ဦးဖြစ်သည် အသက် ၂၄ နှစ်အရွယ်ရှိ Sirachuch ကို ဖမ်းဆီးခဲ့သည်။

 

ကိုအောင်ကိုကိုကဲ့သို့ပင် Sirachuch သည်လည်း Chor Ror Bor စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံတွင် ကာလရှည်ကြာ နေထိုင်ခဲ့သူတစ်ဦးဖြစ်သည်။ ရဲတပ်ဖွဲ့က ၎င်းကို ကိုအောင်ကိုကို သေဆုံးစေခဲ့သည့် သတ်ဖြတ်ရန် ရည်ရွယ်ခြင်းမရှိသည့် ညှင်းပန်းနှိပ်စက်မှုဖြင့် စွပ်စွဲ အမှုဖွင့်ခဲ့သည်။ စက်တင်ဘာလတွင် မဲဆောက်ရှိ တရားရုံးတစ်ခုမှ အပြစ်ရှိကြောင်း အမိန့်ချမှတ်ကာ ထောင်ဒဏ် သုံးနှစ်ခွဲ ချမှတ်ခဲ့ပြီး ယခုအခါ ထောင်ဒဏ်ကျခံနေရသည်။

 

Chor Ror Bor တွင် မြန်မာနိုင်ငံသားများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေသော်လည်း အဆိုအရ စစ်သားများက နိုင်ငံသားဖြစ်တည်မှုအပေါ် ထိုးနှက်တိုက်ခိုက်ခဲ့သည်ဟု မျက်မြင်သက်သေများ၏ အဆိုအရ သိရသည်

 

ပြဿနာမှာ Sirachuch သည် ကိုအောင်ကိုကို သေဆုံးစေသည့် ကျူးလွန်သူမဟုတ်ဘ မျက်မြင်သက်သေတစ်ဦးသာ ဖြစ်သည်။

 

Fortify Rights မှ လနှင့်ချီ၍ စုံစမ်းစစ်ဆေးမှုများအရ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ထိုင်းစစ်သား လေးဦးက ကိုအောင်ကိုကိုကို ရပ်တန့်စေကာ အဘယ်ကြောင့် မြန်မာနိုင်ငံသားတစ်ဦးက ထိုင်းနိုင်ငံအလံတံဆိပ်ကပ်ထားသည့် Chor Ror Bor အပေါ်အင်္ကျီ ဝတ်ဆင်ထားရသလဲဟု စစ်မေးခဲ့ကြောင်း ဖော်ထုတ်ခဲ့သည်။

 

Chor Ror Bor တွင် မြန်မာနိုင်ငံသားများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေသော်လည်း အဆိုအရ စစ်သားများက နိုင်ငံသားဖြစ်တည်မှုအပေါ် ထိုးနှက်တိုက်ခိုက်ခဲ့သည်ဟု မျက်မြင်သက်သေများ၏ အဆိုအရ သိရသည်။ အခင်းဖြစ်ပွားရာတွင် ရှိသော အခြာ လုံခြုံရေး စေတနာ့ဝန်ထမ်းများမှာလည်း မြန်မာနိုင်ငံသားပင်ဖြစ်ကာ ကိုအောင်ကိုကိုကို လွှတ်ပေးရန် စစ်သားများအား တောင်းပန်ခဲ့ကြသည်။

 

သို့သော် စစ်သားသုံးဦးက ကိုအောင်ကိုကိုကို သစ်သားတံတားငယ်တစ်ခုအနီးသို့ လမ်းလျှောက်သွားစေကာ အညှာတာမဲ့ ရိုက်နှက်ခဲ့ကြသည်ဟု Fortify Rights မှ ရရှိထားသည့် မျက်မြင်သက်သေ ထွက်ဆိုချက်အရ သိရသည်။

 

စစ်သားများက ၎င်းကို ထိုးနှက်၊ ကန်ကျောက်ကြပြီး ကြီးမားသည့်သစ်သားချောင်းကို အသုံးပြုကာ ရိုက်နှက် တိုက်ခိုက်ခဲ့သည်ဟု မျက်မြင်သက်သေများက ဆိုသည်။ ၎င်းသေဆုံးပြီးနောက် ရိုက်ကူးထားသော ဓာတ်ပုံများအရ ၎င်း၏ နဖူး၊ ပါးရိုး၊ နှာခေါင်းနှင့် နောက်ကျောတို့တွင် အညိုအမည်း ဒဏ်ရာများ တွေ့ရှိရသည်။

 

Fortify Rights မှ ရရှိထားသည့် သေဆုံးရသည့်အကြောင်းရင်းကို သိရှိနိုင်ရန် ခွဲစိတ်စစ်ဆေးချက်အရ တုံးသောအရာဝတ္ထုဖြင့် ခေါင်းကို အရိုက်ခံရ၍ သေဆုံးခြင်းဖြစ်သည်ဟု တွေ့ရှိရကာ မျက်မြင်သက်သေ သုံးဦး၏ ပြောကြားချက်နှင့် ကိုက်ညီနေသည်။

 

၎င်းဖြစ်စဉ်မှာ ထိုင်းနိုင်ငံနှင့် နိုင်ငံတကာ ဥပဒေများ အပါအဝင် နေရာတိုင်းတွင် တားမြစ်ထားသည့် ညှင်းပန်းနှိက်စက်ခြင်းပင် ဖြစ်သည်။

 

ယခုလအစောပိုင်းတွင် ဂျီနီဗာတွင် ထိုင်းနိုင်ငံက ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး သဘောတူစာချုပ်ကို လိုက်နာကြောင်း ခုခံကာကွယ်ခဲ့သည်။

 

ညှင်းပန်းနှိပ်စက်မှု ကျူးလွန်သူ မည်သူမဆို အပြစ်မှ ကင်းလွတ်ခြင်း မရှိစေရ။” ဟု တရားရေးဝန်ကြီးဌာနမှ Aimon Siangyai က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကို ပြောသည်။

 

သို့ရာတွင် ယခုအမှုဖြစ်စဉ်မှာ ကွဲလွဲဖော်ပြနေသည်။ ကျူးလွန်သူများမှာ လွတ်မြောက်နေပြီး အပြစ်မရှိသူတစ်ဦးက ကျူးလွန်သူတို့ကိုယ်စား ပြစ်ဒဏ်ခံစားနေရသည်။

 

အံ့အားသင့်စရာကောင်းစွာပင် မဲဆောက်ရဲတပ်ဖွဲ့၏ Sirachuch ကို တရားစွဲဆိုသည့် အမှုတွဲတွင် ကိုအောင်ကိုကို သေဆုံးမှုတွင် စစ်တပ်ပါဝင်မှုကို စွပ်စွဲ ဖော်ပြထားသည်။ Srachuch ကို ရုံးတင်စစ်ဆေးရာ၌လ သက်သေခံထွက်ဆိုချက် အမြောက်အများကလည်း စစ်တပ်ပါဝင်ပတ်သတ်မှုကို ဖော်ပြထားကြသည်။

 

Fortify Rights ၎င်းအမှုနှင့် ပတ်သတ်သော စာမျက်နှာ ၄၄ မျက်နှာပါဝင်သည့် အစီရင်ခံစာကို ပြီးခဲ့သည့်အပတ်တွင်းက အာဏာပိုင်အမြောက်အများက ကွဲလွဲမှုရှိပြီး မပြည့်စုံသော တုန့်ပြန်ပုံများနှင့် တုန့်ပြန်ခဲ့ကြသည်။

 

ဥပမာအားဖြင့် ရဲမှူးကြီး Pittayakon Petcharat က "ကျွန်တော်တို့ ဥပဒေလုပ်ငန်းစဉ်တွေအတိုင်း လိုက်နာဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် သူက (Srachuch) က အခြားသူတွေကို စွပ်စွဲဖော်ပြခဲ့တာ မရှိပါဘူး" ဟု ရိုက်တာကို ပြောသည်။ ၎င်းသံသယဖြစ်ဖွယ် တုန့်ပြန်ချက်မှာ ထိုင်းရဲတပ်ဖွဲ့က မျက်မြင်သက်သေ ခွဲခြားစိစစ်ခြင်း တစ်ခုတည်းအပေါ်တွင်သာ အမှီပြုဆောင်ရွက်ခဲ့ကာ အခြားသော စုံစမ်းစစ်ဆေးရေး နည်းလမ်းများကို လျစ်လျူရှုခဲ့သည်ဟု ညွှန်ပြနေသည်။

 

ထိုင်းစစ်တပ်က ကွဲလွဲသော ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။ စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ် Thanathip Sawangsang က AFP ကို "ကျွန်တော်တို့ အချက်အလက်တွေ စုံစမ်းစစ်ဆေး ရှာဖွေနေပါတယ်။ ထိုင်းနိုင်ငံက လူ့အခွင့်အရေးကို အမြဲ ဦးစားပေး အရေးထားပါတယ်။” ဟု ပြောသည်။

 

သို့ရာတွင် MGR Online သို့ ထုတ်ပြန်ချက်တစ်ခုတွင် စစ်တပ်က တာဝန်ယူရန် မရှိဟု ငြင်းဆိုကြောင်း၊ ကိုအောင်ကိုကိုသည် နယ်စပ် မြန်မာဘက်ခြမ်းတွင် ညှင်းပန်းနှိပ်စက်ခံရခြင်းဖြစ်ကာ ထိုင်းနိုင်ငံ ပိုင်နက်အတွင်း စွန့်ပစ်ခံရခြင်းဖြစ်ကြောင်း အခိုင်အမာ ငြင်းဆိုထားကြောင်း ဖော်ပြထားသည်။ ၎င်းဖော်ပြချက်သည် အခြေအမြစ်မရှိရုံသာမက Sirachuch ကို အပြစ်ပေးခြင်းအား လုံးလုံးလျားလျား တာဝန်မဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် ပြစ်မှုတစ်ခုအတွက် ထိုင်းတရားရုံးက နယ်မြေပိုင်နက်ကျော်လွန်၍ စီရင်ပိုင်ခွင့်ရှိသည်ဟု ထိုင်းစစ်တပ်၏ ပြောဆိုချက်က ဆိုလိုရာရောက်နေသည်။

 

ဤအမှုမှာ အပြစ်ဒဏ် ကင်းလွတ်မှုတစ်ခုဖြစ်သည်။ ထိုင်းအာဏာပိုင်များက တာဝန်ခံမှုရှိရေး၊ ဥပဒေစိုးမိုးရေး အလျင်အမြန် ဖြေရှင်းရမည်ဖြစ်သည်။ ထိုင်းနိုင်ငံရှိ မြန်မာများအပေါ် ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ခံမှုဆိုသည်မှာ ရှားပါးပြီး ယခင်ကပင် ကြုံတွေ့နေကြဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ လူမှောင်ခိုမှုများနှင့် ဆက်နွယ်သည့် ရာဇဝတ်မှုများတွင် ပါဝင်ပတ်သတ်မှုဖြင့် စစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးကို ထိုင်းအာဏာပိုင်များက ပြစ်ဒဏ်ချမှတ်ခဲ့သည်။

 

ထို့ထက်ပို၍ ထိုင်းနိုင်ငံရှိ သန်းပေါင်းများစွာသော ရွှေ့ပြောင်းနေထိုင်လာသူများအနက် ရွှေ့ပြောင်းလုပ်သားများမှာ နိုင်ငံ၏ စီးပွားရေးအတွက် အရေးပါပြီး အဓိက လုပ်ငန်းနယ်ပယ်များအတွက် ပင်မကျောရိုးအဖြစ် တည်ဆောက်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ရွှေ့ပြောင်းနေထိုင်သူများအတွက် ဥပဒေစိုးမိုးရေး ငြင်းပယ်ခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်ခြင်းသာမက ၎င်းတို့၏ လုပ်အားပေါ်တွင် မှီခိုနေရသည့် စီးပွားရေးကို မတည်ငြိမ်မှု အန္တရာယ်ဖြစ်စေနိုင်သည်။ ရွှေ့ပြောင်းသူများအခွင့်အရေး ကာကွယ်ခြင်းသည် ကိုယ်ကျင့်တရားအရသာမက နှင့် စီးပွားရေးအရလည်း မရှိမဖြစ် လိုအပ်သည်။

 

ကိုအောင်ကိုကို နှိပ်စက်ခံရပြီး သေဆုံးမှုကို ထိုင်းအာဏာပိုင်များက လွတ်လပ်ပြီး ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုတစ်ခု စတင်လုပ်ဆောင်သင့်ပြီး တာဝန်ရှိသည့် စစ်သားများကို ဥပဒေအရ အပြည့်အဝ အပြစ်ပေးအရေးယူရန် လိုအပ်သည်။ ထပ်မံ၍ ထိုင်းအာဏာပိုင်များက Sirachuch ကို မှားယွင်းအပြစ်ပေးခံရမှုကို ရုပ်သိမ်းပြီး ၎င်းနှင့် ကိုအောင်ကိုကို၏ မိသားစုတို့ကို ၎င်းတို့၏ နစ်နာခံစားခဲ့ရမှုများအတွက် နစ်နာကြေး ပေးလျော်သင့်သည်။

 

ကမ္ဘာက စောင့်ကြည့်နေပြီး ကိုအောင်ကိုကိုအတွက် တရားမျှတမှုက ထိုင်းနိုင်ငံတွင် ညှင်းပန်းနှိပ်စက်မှုနှင့် ပတ်သတ်လာလျှင် စစ်သားဖြစ်စေ၊ အရပ်သားဖြစ်စေ ဥပဒေအထက်တွင် မည်သူမျှ မရှိစေရဟု သတင်းစကား ပေးပို့ရာ ရောက်မည်ဖြစ်သည်။

 

(ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသော Fortify Rights မှ အမှုဆောင်အရာရှိချုပ် Matthew Smith ဆောင်းပါးမှ ကောက်နှုတ်ပြန်ဆိုသည်။)

 

ကိုးကား - Bangkok Post

 

ပုံစာ - Tak ပြည်နယ် မဲဆောက်ခရိုင်ရှိ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဝယ်သူစောင့်နေသည့် မြန်မာဈေးသည်များ။ MANAN VATSYAYANA

 

ထိုင်း
အောင်ကိုကို
စစ်တပ်
စစ်သား
သေဆုံးခဲ့
ရွှေ့ပြောင်း

Share With
bap-logo