bap-logo
Politics

အိန္ဒိယလေပိုင်နက် ပိတ်ထားသင့်ကြောင်း လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

Q93KiGBAg3VxyUd9V_rcR-image

လွန်ခဲ့သော ၃ နှစ် က


ဇန်နဝါရီ ၁၄

 


 
မြန်မာစစ်ကောင်စီက အိန္ဒိယလေပိုင်နက်ထဲသို့ဝင်ရောက်၍ နယ်စပ်ရှိပစ်မှတ်များကို ဗုံးကြဲ တိုက်ခိုက်ခြင်း မပြုလုပ်နိုင်စေရန် အိန္ဒိယအစိုးရက တားဆီးသင့်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Fortify Rights က တိုက်တွန်းခဲ့သည်။


 
မြန်မာစစ်ကောင်စီလေတပ်သည် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့က ချင်းအမျိုးသားတပ်မတော်ဌာနချုပ် Camp Victoria ကို တိုက်ခိုက်ရာတွင် မြန်မာဘက်ခြမ်းသာမက အိန္ဒိယဘက်ခြမ်းထိ ဗုံးများ ကြဲချခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့က ပြောကြားထားသည်။ အဆိုပါလေကြောင်း တိုက်ခိုက်မှုအတွင်း အမျိုးသမီးနှစ်ဦးအပါအဝင် CNF တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့သည်။


 
စစ်ကောင်စီလေတပ်မှကြဲချသည့်ဗုံးနှစ်လုံးမှာ မီဇိုရမ်ပြည်နယ်၊ Champhai ခရိုင်ရှိ Farkawn ရွာအနီး ကျရောက်ခဲ့သည်။ သို့သော် အိန္ဒိယဘက်ခြမ်းတွင် အသေအပျောက်မရှိခဲ့ကြောင်းသိရသည်


 
"နယူးဒေလီအစိုးရအနေနဲ့ ‌စစ်ကောင်စီရဲ့ လေပိုင်နက်ကျူးကျော်မှုကို ခွင့်မပြုသင့်ဘူး။ အိန္ဒိယအာဏာပိုင်တွေ အရပ်သားတွေနဲ့ နယ်စပ်ဒေသလုံခြုံရေးအတွက် အတတ်နိုင်ဆုံး လုပ်ပေးသင့်တယ်" ဟု Fortify Rights အမှုဆောင်အရာရှိချုပ် Matthew Smith က ကြာသပတေးနေ့ ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။


 
"အိန္ဒိယအနေနဲ့ စစ်ကောင်စီကို လေပိုင်နက်အသုံးပြုခွင့်ပေးပြီး ဒေသတည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်ခွင့်  မပေးသင့်ဘူး။ ကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေတွက် စကစတာဝန်ခံလာရေး ကြိုးပမ်းချက်တွေကိုပဲ ကူညီ ထောက်ပံ့ရမှာပါ" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 


 
မြန်မာစစ်ကောင်စီ တိုက်လေယာဉ်များသည် မကြာသေးမီလပိုင်းကလည်း ထိုင်းနှင့်ဘင်္ဂလားဒေ့ရှ် လေပိုင်နက် များကို ကျူးကျော်ဝင်ရောက်ခဲ့သည်။

 


 
လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလေတပ်က ဗုံး ၇ လုံးကြဲချခဲ့ကြောင်း CNF ပြောခွင့်ရ ပုဂ္ဂိုလ် ဆလိုင်းထက်နီက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

 


 
 
Ref – Al Jazeera

ပုံစာ - ချင်းအမျိုးသားတပ်ဦး ( CNF) ဌာနချုပ်တည်ရှိရာ camp victoria ကို စစ်ကောင်စီက ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်ခဲ့သည့် အပျက်အစီးများ

Burma Associated Press



စစ်ကောင်စီ
လေကြောင်းတိုက်ခိုက်မှု
အိန္ဒိယ
ချင်းအမျိုးသားတပ်ဦး

Share With
bap-logo