Opinion
ဗိုလ်ချုပ်မှူးကြီး ဥက္ကဌထံပေးစာ (၈၃)
လွန်ခဲ့သော ၂ နှစ် က
ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ ကုန်းပေါ်မှာဆို လိုင်းကြေးတောင်းဖို့နဲ့ မီးရှို့ဖို့လောက် စွမ်းဆောင်နိုင်တဲ့ လက်ပါးစေ စတန်းဒက်အာမီကြီးဟာလည်း နိုင်ငံအဝှမ်း ကြဲလိုက်တဲ့ဗုံးတွေကြောင့် လူတွေခမျာလည်း တွင်းအောင်းရင်း အောင်းရင်း လူစင်စစ်ကနေ ပုရစ်ဖြစ်နေရပါပြီ။
ဗိုလ်ချုပ်မှူးကြီးဥက္ကဌကတော့ ဘွားကြူလက်ကိုဆွဲပြီး ငပလီငွေသောင်ယံမှာ ဟန်းနီးမွန်းထွက်နေချိန် လူဦးရေ စာရင်းကောက်ရင်း၊ ကောက်ဖို့သွားတဲ့ လူတွေ စာရင်းထဲ လျော့လျော့သွားတဲ့အပြင် သေစာရင်းထဲ တိုးတိုး သွားတော့ ခေါင်းခဲစရာပဲပေါ့။
အကယ်၍ အချိန်မီသေးရင် ဗိုလ်ချုပ်မှူးကြီးဥက္ကဌအတွက် အလောင်းစီသူ ဆိုတဲ့ ဘွဲ့တစ်ခုပါ ကိုယ့်ကိုယ်ကို ထပ်ပေးဖို့ အကြံပြုပါရစေ။
အဲပြီးတော့ ငပလီရောက်နေတဲ့ ဦးစီးချုပ်ကြီးဆီကနေ ယပလက်မှာ အသိမ်းခံလိုက်ရတဲ့ ဘဏ်စာအုပ်လေးတွေ ပြန်တောင်းဖို့လည်း မမေ့ပါနဲ့ဦးခင်ဗျာ။ တိုင်းပြည်မှာ လက်ညှိုးထိုးပြီးရှာထားတဲ့ ချွေးနည်းစာလေးတွေ မဟုတ်လား။
အခုဆို ဒီတိုင်းပြည်မှာ အီလက်ထရောနစ်ကားတွေ တနည်းအားဖြင့် အီးကားတွေ လာတော့မယ်ဆိုတော့ အီးစော်နံ အဲလေ မိတ်အင်ချိုင်းနား မီးစက်တွေလည်း ရောင်းအားကောင်းလာတော့မယ်ဆိုတဲ့ သဘောပေါ့ခင်ဗျာ။ ဒီလောက် မီးမမှန်တဲ့တိုင်းပြည်မှာ မီးစက်ပါ ကားပေါ်တင်ထားမှ အီးကားတွေအတွက် စိတ်ချရမယ် မဟုတ်လား။
မောင်စကတော့ ကားဖိုးတတ်နိုင်ပေမဲ့ မီးစက်ဖိုး မတတ်နိုင်လို့ မဝယ်နိုင်ပါဘူးခင်ဗျာ။
စိနကလည်း ခပ်စိမ်းစိမ်း၊ အန်ကယ်ဆန်တို့ဆီက အာမခံနဲ့ ခေါ်တဲ့စာရင်းထဲမှာ မပါလို့လည်း စိတ်မကောင်း မဖြစ်ပါနဲ့ခင်ဗျာ ဗိုလ်ချုပ်မှူးကြီးဥက္ကဌရဲ့ အဓမ္မမိတ်ဆွေဖြစ်တဲ့ ငပူတင်းကို အကူအညီ တောင်းပြီး ဆိုက်ဘေးရီး ယားမှာ ရာသက်ပန်နားခိုမယ်ဆိုရင် ပို့ချင်တဲ့လူတွေမှ အများကြီးရှိနေမှာပါလို့ ပြောရင်း အဆုံးသတ်လိုက် ပါတယ်။
ပြည်သူထောင်စု သမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက
Top News
လွန်ခဲ့သော ၁၉ ရက် က
လွန်ခဲ့သော ၂၃ ရက် က
လွန်ခဲ့သော ၂၃ ရက် က