Education
ကျောင်းနဲ့ ၃ နှစ်ကင်းကွာပါက အပြီးပိုင်ထုတ်ပယ်ခံရမှာကိုစိုးရိမ်ကာ CDM တက္ကသိုလ်ကျောင်းသား အချို့ ကျောင်းပြန်အပ်လာ
လွန်ခဲ့သော ၆ လ က
BAP၊ ဇူလှိုင် ၃၀။
တက္ကသိုလ်ကနေ ကျောင်းနဲ့ ၃ နှစ်ကင်းကွာပါက အပြီးပိုင်ထုတ်မယ်ဆိုတာကြောင့် CDM ကျောင်းသားအချို့ ကျောင်းတွေပြန်အပ်တာတွေ များနေတယ်လို့ ဒဂုံသက္ကသိုလ်မှာကျောင်းတက် နေသူတွေက ပြောပါတယ်။
"အချို့က တနှစ်ပဲကျန်လို့ ကျောင်းအပ်ပြပြီးစာမေးပွဲဖြေခါနီးမှ လာတက်မဲ့သူရော အချို့က အပြီး ထွက်ရမှာစိုးလို့ မတက်ပဲနေနေရင်းက ပြန်လာတက်ကြတာ"လို့ ဒဂုံသက္ကသိုလ်မှာ ကျောင်းတက်နေ သူတဦးက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးကတည်းက CDM လုပ်ထားတဲ့ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေ ဒီနှစ်မှာ ကျောင်းပြန်မအပ်ခဲ့ရင် ရာသက်ပန်ထုတ်ပယ်ခံရမှာကြောင့် ကျောင်းပြန်အပ်နေကြတာလို့ ဆိုပါတယ်။
ဒီလိုကျောင်းပြန်တက်ခွင့်ရဖို့အတွက် ၃ နှစ်ကင်းကွာသူတွေက ပါမောက္ခချုပ်ထံ အသနားခံစာတွေ တင်ပြီး ကျောင်းပြန်အပ်နေကြတာလို့ အင်းစိန်နည်းပညာတက္ကသိုလ်ကျောင်းသားတဦးက ပြောပါ တယ်။
"မိဘတွေကအတင်းဖိအားပေးလို့တက်ရတာရော ပြည်တွင်းမှာနေနေရတာကြောင့် ဘွဲ့မရရင် အလုပ်ခက် တာရောကြောင့်လည်း ပါတယ်၊ ကျောင်းပြန်တက်ကြတာ နောက်ဆုံးနှစ်ကျောင်းသား ကျောင်းသူ တော်တော် များများက ပြန်အပ်ပြီး ကျောင်းပြန်တက်နေကြပြီ"လို့ သူကပြောပါတယ်။
CDM ကျောင်းသားအချို့ကတော့ ကျောင်းမတက်ဘဲ နိုင်ငံခြားထွက်ရရာအလုပ်လုပ်ကြတာတွေလည်း ရှိနေပါတယ်။ အချို့က တော်လှန်ရေးနယ်မြတွေမှာ ရရာအလုပ်လုပ်ရင်း တော်လှန်ရေးအတွက် တစ်ဖက် တလမ်းက ကူနေသူတွေလဲ ရှိနေပါတယ်။
ဒီနှစ် တက္ကသိုလ်ကျောင်းဖွင့်ရာသီမှာ ရခိုင်ပြည်နယ်ဖက်က ပြောင်းလာတဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေလဲရှိတာကြောင့် အရင်နှစ်တွေကထက်ပိုပြီး ကျောင်းမှာလူများနေကြတယ်လို့ တက္ကသိုလ် ကျောင်းသားတွေဆီက သိရပါတယ်။
Burma Associated Press
Top News
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၆ ရက် က