bap-logo
Education

လွိုင်ကော်တက္ကသိုလ်က ကျောင်းသားတွေ တောင်ကြီးတက္ကသိုလ်ကို ပြောင်းတက်နေ

GJg6nbNP9WJiAIHxM4-g0-image

လွန်ခဲ့သော တစ်နှစ် က

ဇန်နဝါရီ ၆။

 

ကရင်နီပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်ကို တောင်ကြီးတက္ကသိုလ်ရဲ့ တွဲဖက် အဖြစ် ထားရှိပြီးနောက် လွိုင်ကော်တက္ကသိုလ်မှာ တက်ရောက်ခဲ့သူတွေ တောင်ကြီးတက္ကသိုလ်မှာ ပြောင်းလဲ တက်ရောက်သူတွေ များပြားနေတယ်လို့ ကျောင်းသား၊ကျောင်းသူတွေဆီက သိရပါတယ်။

 

"မေဂျာတစ်ခုနဲ့တော့ မတူဘူးပေါ့၊ အရင်လွိုင်ကော်မှာ တက်သူအများအပြား ပြောင်းပြီး တက်လာ ကြတယ်၊ အချို့ ဒေးကနေ အဝေးသင်ပြောင်းတာ၊ တော်တော်များများ နှစ်ခုထဲကတစ်ခု တက်သူ များတယ်ပေါ့"လို့ လွိုင်ကော် တက္ကသိုလ်ကနေ တောင်ကြီးတက္ကသိုလ်ကို ပြောင်းလဲတက်ရောက်လာသူ တစ်ဦးက ပြောပါတယ်။

 

လွိုင်ကော်တက္ကသိုလ်ကို တောင်ကြီးတက္ကသိုလ်ရဲ့ တွဲဖက်အဖြစ် ထားရှိကြောင်းကို ပညာရေးဝန်ကြီး ဌာနက တရားဝင် ကြေညာထားတာမရှိပေမယ့် ဌာနအလိုက် အကြောင်းကြားစာထုတ်ထားတယ်လို့ ပညာရေး အသိုင်းဝိုင်းကနေ သိရပါတယ်။

 

လက်ရှိတောင်ကြီးတက္ကသိုလ်ကို ရောက်ရှိလာကြတဲ့ လွိုင်ကော်တက္ကသိုလ်က ပြောင်းလာသူတွေကို အခန်းသီးသန့် ထားတာမျိုးတွေရှိနေတယ်လို့ တောင်ကြီးတက္ကသိုလ်မှာ တက်ရောက်နေသူတွေက ပြောပါတယ်။

 

"တက္ကသိုလ်က နှစ်ခုပေါင်းထားတော့ လူစည်ကားနေတယ်၊ ဟိုဘက်မှာ စစ်ဖြစ်နေပေမယ့် အများကြီး ပြန်တက်ကြတယ်၊ တက်ဖို့ စိတ်မဝင်စား သူတွေက အရင်ကတည်းက မတက်ကြဘူးလေ၊ စစ်တပ်ကို အားပေးလို့တက်တာ မဟုတ်ကြဘူး၊ မိဘက ဘွဲ့တစ်ခု ရစေချင်လို့ ဖိအားကြောင့် တက်ကြရတာ"လို့ တောင်ကြီးတက္ကသိုလ်မှာ တက်သူတစ်ဦးက ပြောပါတယ်။

 

ကရင်နီပြည်နယ် မြို့နယ်အများစုက ပြည်သူတွေ ရှမ်းပြည်တောင်ပိုင်းကို စစ်ဘေးရှောင်နေကြရပြီး၊ အခြေခံပညာကျောင်းက ကျောင်းသား တွေဟာလည်း နီးစပ်ရာနေရာတွေမှာ ကျောင်းတက်နေကြရ တယ်လို့ စစ်ဘေးရှောင်သူအချို့ဆီက သိရပါတယ်။

 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတုန်းက လွိုင်ကော် တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမများနဲ မိသားစုဝင် ၂၀၄ ဦးကို ကရင်နီတပ်ဖွဲ့တွေက လုံခြုံဘေးကင်းတဲ့နေရာကို ပို့ဆောင် ပေးခဲ့ကြပါတယ်။

 

ကရင်နီက ၁၁၁၁ စစ်ဆင်ရေးအတွင်း တော်လှန်ရေးအင်အားစုတွေ ကယ်ထုတ်လာတဲ့ Non CDM ဝန်ထမ်းတွေထဲက လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဦးကို ဖရူဆိုမြို့နယ် တရားရုံးက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ရက်မှာ ဒဏ်ငွေ ၁၇ သိန်းကျပ်နဲ့ အရေးယူခဲ့ကာ နေရပ်ပြန်ခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၄ ရက်ကလည်း လွိုင်ကော် တက္ကသိုလ်မှာ ဖြေဆိုမယ့် အဝေးသင်တတိယ အသုတ် စာမေးပွဲတွေကို ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်

 

Burma Associated Press

ကယား(ကရင်နီ)
လွိုင်ကော်
တက္ကသိုလ်
တောင်ကြီး
ကျောင်းသား

Share With
bap-logo