bap-logo
Urban Life

စစ်အာဏာရှင်ကြောင့် ငွေကြေးအခက်အခဲ ကြုံလာရသည့် ဘဏ်ငွေအပ်သူများ

CdYvfWhSh0DVMKtHLGKxU-image

လွန်ခဲ့သော ၄ နှစ် က

မြန်မာနိုင်ငံရဲ့ လတ်တလော အခြေအနေမှာ အာဏာသိမ်းကောင်စစ်ကောင်စီ၏ အမိန့်ကြောင့် ဘဏ်အပ်ငွေများ ထုတ်ရာတွင် ကန့်သတ်ခြင်းခံထားရသည်။

 

ဘဏ်အပ်ငွေ စာရင်းရှိသူများသည် လက်ဝယ်၌ငွေသားကိုင်ဆောင်ထားနိုင်ရန်အတွက် ငွေကြေးကို ရာခိုင်နူန်း အလိုက် အမြတ်ပေးကာ လှဲလှယ်နေကြရသည်။

 

ပုဂ္ဂလိကဘဏ်များဆီမှ အပ်ထားငွေများကို ပြန်ထုတ်ချင်သည့်အတွက် ငွေကြေးဝန်ဆောင်မှု ပေးသူများထံမှ တဆင့် ဘဏ်အမျိုးအစားအလိုက် အမြတ်ပေးရသော မတူညီသည့် ရာခိုင်နှုန်းဖြင့် လဲလှယ်နေရသည်ဟု သတင်းရရှိသည်။

 

ကျွန်မတို့မှာ သည်ပိုက်ဆံလေးပဲရှိတာ။ တစ်ကယ်လို့ ဘဏ်တွေပြိုလဲသွားတာမျိုးဆိုရင် ရှိတာလေးတွေ ပါသွားမှာစိုးလို့ အမြတ်ပေးပြီးလှဲထားရတာ။ ကျန်းမာရေးကိစ္စ ဆောင်တာမျိုးရော လိုအပ်သူကို ကူဖို့ရော လက်ထဲမှာ ငွေရှိနေဖို့လိုလို့ လှဲလှယ်နေတာဟု အင်းစိန်မြို့နယ်တွင် နေထိုင်သည့် အငြိမ်းစား ဝန်ထမ်းတစ်ဦးက ပြောသည်။

 

ကျွန်မတို့မှာ သည်ပိုက်ဆံလေးပဲရှိတာ။ တစ်ကယ်လို့ ဘဏ်တွေ ပြိုလဲသွားတာမျိုးဆိုရင် ရှိတာလေးတွေ ပါသွားမှာစိုးလို့ အမြတ်ပေးပြီး လှဲထားရတာ။ ကျန်းမာရေးကိစ္စ ဆောင်တာမျိုးရော လိုအပ်သူကို ကူဖို့ရော လက်ထဲမှာ ငွေရှိနေဖို့လိုလို့ လှဲလှယ်နေတာဟု အင်းစိန်မြို့နယ်တွင် နေထိုင်သည့် အငြိမ်းစား ဝန်ထမ်းတစ်ဦးက ပြောသည်။

 

လက်ရှိတွင် KBZ ဘဏ်က ငွေသားထုတ်ယူမူ အလွယ်ဆုံးနှင့် အေတီအမ်စက်များတွင် ငွေထုတ်ယူရာတွင် အခြားဘဏ်များထက် အချိန်ကုန်နည်းခြင်းကြောင့် kBZ ဘဏ်စာရင်းရှိသူ အချင်းချင်း စာရင်းလွှဲပြောင်း၍ ငွေကြေးပေးနိုင်သူက ကျပ်နူန်း အမြတ်ပေးကာ လဲလှယ်နေကြသည်။

 

ဧရာဝတီဘဏ်မှဆိုလျှင် အမြတ် ကျပ်နှုန်း၊ အခြားဘဏ်များမှ စာရင်းကနေ လွှဲပြောင်းမည်ဆိုပါက ကျပ်မှ ၁၁ ကျပ်အထိ ပေါက်ဈေးရှိနေခြင်း ဖြစ်သည်။

 

အမြတ်ပေးငွေကြေးလှဲလှယ်ရခြင်းသည် လက်ရှိလုပ်ငန်းလည်ပတ်နိုင်ရန် ငွေသားကိုင်ဆောင်ထားလိုခြင်း၊ ငွေသားဖြင့် ပေးချေရန်လိုသည့် အိမ်ခြံမြေ အရောင်းအဝယ်အချို့အတွက် ဖြစ်ကြသည်။  အချို့မှာ ပုဂ္ဂလိက ဘဏ်ထဲတွင် စိတ်မချသည့်အတွက် အမြတ်ပေးထုတ်ကာ ဗဟိုဘဏ်တွင် ပြန်လည်အပ်နေမှုများ ရှိနေကြာင်း သတင်းရရှိသည်။

 

image

 

ကိုယ့်ပိုက်ဆံနဲ့ကိုပြန်ရဖို့ ဘယ်ဘဏ်ကဝန်ဆောင်မူပေးလဲဆိုတာကို နားစွင့်ရတယ်။ ဘယ်အေတီအမ်စက်က ငွေထည့်လဲဆိုတာကို မိုးလင်းကမိုးချုပ်ထိ ရှာထုတ်ရတယ်။ အမြတ်ပေးပြီးထုတ်လဲ လိုသလောက်မရဘူး ကုန်ဖိုး တွေက ငွေသားနဲ့ရှင်းရတော့ ငွေရဖို့သာရှာနေရတယ်ဟု သန်လျင်မြို့က ငွေကြေး လာရောက်ထုတ်ယူသူ တစ်ဦးက ပြောသည်။

 

လက်ရှိအချိန်တွင် ငွေကြေးထုတ်ရန် အခက်ခဲဆုံးဘဏ်များမှာ ယူနိုက်တက် အမရာဘဏ်၊ အာရှစိမ်းလန်း ဖွံ့ဖြိုးမှုဘဏ်၊ မြန်မာယူနီဗာဆယ်ဘဏ်များဖြစ်ကြသည်။ ၎င်းဘဏ်များသည် ဘဏ်တွင်ရော အေတီအမ်စက် များထံတွင်ပါ ငွေကြေးပြန်ထုတ်ယူရန် ခက်ခဲနေသည့်အတွက် အမြတ်ပေး ဝန်ဆောင်မူပေးသူ ရှားပါးနေသည်ဟု ငွေထုတ်သူများက ပြောကြသည်။

 

လက်ရှိကာလတွင် ဘဏ်အများစုမှာ ပိတ်ထားဆဲဖြစ်သည့်အတွက် ငွေစာရင်းရှိသူများက မိမိပိုင်ဆိုင်သည့် ငွေများ လက်ဝယ်ရောက်ရှိရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြံဆောင်နေရခြင်းဖြစ်သည်။

 

ဘဏ်စာအုပ်နှင့် ထုတ်သူများအား တစ်ပတ်လျှင် တစ်ကြိမ်သာထုတ်ပေးပြီး တစ်ရက်လျှင် ၃၀ ဦးသာ ထုတ်ခွင့်ရကြသည်။

 

တုံကင်ရဖို့ မနက်လေးနာရီအချိန်မှ စတန်းစီကြရသည်။ ထိုသို့တန်းစီလျှင်တောင်မှ ငါးမိနစ်အတွင်း တုံကင် ပြည့်သွားသည့်အတွက် ငွေထုတ်မရတဲ့သူများလည်း ရှိနေသည်။ တုံကင်ယူဖို့နေရာအတွက်လည်း သုံးသောင်း ကျပ်အထိ ပေးခဲ့ရသည်ဟု လသာမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

 

ချက်လက်မှတ်နဲ့ထုတ်ဖို့ အိမ်ကနေ ၄နာရီထွက်တာတောင် တုံကင်ရဖို့မလွယ်ဘူး၊ ဘဏ်တိုင်းက ငွေထုတ် ပေးတာမဟုတ်တော့ ထုတ်ပေးတဲ့နေရာကိုရောက်အောင် အနီးနားဝန်းကျင်မှာအိပ်ရတယ် လေးနာရီထပြီး သွားတာမမီလို့ နေရာအတွက် အမြတ်ပေးပြီး ဝယ်ခဲ့ရတယ်"ဟု ၎င်းက ပြောသည်။ 

 

image

 

လက်ရှိအချိန်တွင် ဘဏ်များက အွန်လိုင်း တုံကင်ယူရသည့် ဝန်ဆောင်မူပေးလာခဲ့သည်။ ထိုသို့ အွန်လိုင်း ဝန်ဆောင်မှုရရန်အတွက်လည်း သုံးရက် အချိန်ယူရကြောင်း ကိုယ်တိုင်ကြုံနေရသူများက ပြောသည်။


အေတီအမ်ကတ်ဖြင့် ငွေထုတ်ပါက တစ်ရက်လျှင်တစ်ကြိမ်၊ ကတ်တစ်ခုလျှင်၂ သိန်းမှ ၃ သိန်းကျပ်သာ ရနေသည်။ ထိုသို့ရရန်အတွက်လည်း အေတီအမ်စက်ရှိရာနေရာတွင် နာရီပေါင်းမြောက်များစွာ တန်းစီပြီး စောင့်ဆိုင်းနေရသည်။

 

ထိုသို့သော အခြေအနေများကြောင့် စာရင်းရှိသူအချင်းချင်း ငွေစာရင်းလွှဲကာ ငွေသားပေးနိုင်သူက အမြတ် ရာခိုင်နူန်း ယူ၍ လှဲလှယ်နေသည့် ဝန်ဆောင်မှုများကို ရယူနေရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

ထိုသို့သော အခြေအနေများကြောင့် စာရင်းရှိသူအချင်းချင်း ငွေစာရင်းလွှဲကာ ငွေသားပေးနိုင်သူက အမြတ် ရာခိုင်နူန်း ယူ၍ လှဲလှယ်နေသည့် ဝန်ဆောင်မှုများကို ရယူနေရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

 

ယခုအချိန်တွင် ဘဏ်အနည်းငယ်သာ အချိန်ပိုင်းဖွင့်ပေးနေပြီး အေတီအမ်စက် ငွေဖြည့်ခြင်း၊ အေတီအမ်နှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများပေးခြင်း၊ အပ်ငွေလက်ခံခြင်း၊ အာမခံထားသည့် ကိစ္စများ သက်တမ်းတိုးနိုင်ရေး သာ ဦးစားပေး ဆောင်ရွက်နေကြရသည်ဟု ဘဏ်ဝန်ထမ်းအချို့က ပြောသည်။

 

ရာခိုင်နူန်းအလိုက် အမြတ်ယူ လှဲလှယ်သူများသည်လည်း ငွေသားရနိုင်ရန် အေတီအမ်ကတ်ရှိသည့် အကောင့် ပေါင်းများစွာထံမှ တစ်ရက်တစ်ခါငွေထုတ်ကာ ငွေသားစုဆောင်းရကြောင်း ပြောဆိုကြသည်။

 

"ကတ်ရှိသူတွေကိုလဲ ထုတ်ခွင့်ရဖို့ အမြတ်ပေးရတယ်။ တစ်ကတ်ကို နှစ်သိန်းရဖို့ တန်းစီရတယ်။ငွေရှိတဲ့စက်နေရာရောက်ဖို့ ကားငှားရတာမျိုး နေ့စဉ်စားစရိတ်နဲ့တွက်ရင် ရာခိုင်နူန်းယူတာက မများပါဘူး။ ခုဆို လိုသလောက် ဝန်ဆောင်မူမပေးနိုင်ဘူး။  ငွေသားလိုသူကများနေတယ်။ နေ့စဉ် ထုတ်နိုင်တဲ့ ငွေအားက နည်းနေတယ်ဟု ဝန်ဆောင်မူလုပ်သူ အချို့ကပြောသည်။

 

ငွေစက္ကူကို အကျိုးအမြတ်ရယူ ရောင်းဝယ်ဆောင်ရွက်ပါက ဥပဒေနှင့်အညီ အရေးယူမည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဧပြီလ ၁၅ ရက်က သတင်း ထုတ်ပြန်ထားသည်။

 

လုပ်ငန်းရှင်အချို့သည် ဘဏ်များတွင် အပ်နှံမူများမပြုဘဲ လက်ဝယ်မှာထားရှိကာ ငွေကြေးလိုအပ်သူများဖြင့် ချိတ်ဆက်၍ အကျိုးမြတ်ရယူ ဆောင်ရွက်နေခြင်းကြောင့် ဈေးကွက်တစ်ခု ဖြစ်ပေါ်နေသည်ဟုလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဘဏ်များအပေါ် စိတ်ချယုံကြည်စွာ ဝန်ဆောင်မူများကို ပုံမှန်ရယူသုံးစွဲရန် ပြည်သူများကိုလည်း ဗဟိုဘဏ်က တိုက်တွန်းထားသည်။

 

ပြည်သူတွေများကမူ ယခုအချိန် ဘဏ်တွင် အပ်ထားသည်ထက် လက်ဝယ်ရှိဖို့သာ အရေးကြီးခြင်းကြောင့် ရသလောက် နေ့စဉ်ထုတ်နေရသည်ဟု ပြောသည်။

 

ဘယ်ဘဏ်ကိုမှမယုံဘူး ဒါကြောင့် လက်ထဲထားဖို့ထုတ်နေရတာ ငွေစက္ကူ ဖျက်သိမ်းရင်လဲ ခံရမှာပဲ။ မတတ်နိုင် ဘူးလို့ဟု ငွေထုတ်သူတစ်ဦးက ပြောသည်။

 

ဘဏ်ဝန်ထမ်း CDM လုပ်ထားသူတွေများနေသည့်အတွက် ဘဏ်ခွဲအနည်းကို အချိန်အကန့်အသတ်ဖြင့် ဖွင့်နိုင်ပြီး အများစုကို ပိတ်ထားရဆဲဖြစ်သည်ဟု ဘဏ်မန်နေဂျာများကပြောသည်။

 

"လိုသလောက်ပဲထုတ်ပါ။ စိတ်ချရတယ်ပြောလဲမရဘူး။ ရသလောက်ကို ထုတ်နေကြတာ၊ အပြစ်မတင်ပါဘူး၊ အမြတ်ပေးဝန်ဆောင်မှုလုပ်နေတာကို ဝန်ထမ်းတွေ ပါဝင်မပတ်သက်ဖို့တော့ သတိပေးထားရတယ်"ဟု ပုဂ္ဂလိက ဘဏ်မန်နေဂျာတစ်ဦးကပြောသည်။

 

"လိုသလောက်ပဲထုတ်ပါ။ စိတ်ချရတယ်ပြောလဲမရဘူး။ ရသလောက်ကို ထုတ်နေကြတာ၊ အပြစ်မတင်ပါဘူး၊ အမြတ်ပေးဝန်ဆောင်မှု လုပ်နေတာကို ဝန်ထမ်းတွေ ပါဝင်မပတ်သက်ဖို့တော့ သတိပေးထားရတယ်"ဟု ပုဂ္ဂလိက ဘဏ်မန်နေဂျာတစ်ဦးကပြောသည်။

 

CDM လုပ်နေသည့် ဝန်ထမ်းများအနေဖြင့်လည်း ဧပြီလ ၂၉ ရက် နောက်ဆုံးထားကာ လုပ်ငန်းခွင်သို့ မဖြစ်မနေ ပြန်ဝင်ရမည်ဟု ပုဂ္ဂလိကဘဏ်များက ၎င်းတို့၏ ဝန်ထမ်းများအား ဖိအားပေးလျှက်ရှိနေသည်။

 

လက်ရှိအချိန်တွင် KBZ ဘဏ်က ကတ်တစ်ခုလျှင် ငွေထုတ်ခွင့် တစ်ရက်၂ သိန်း၊ KBZ pay အကောင့် တစ်ခုလျှင် သိန်းကျပ်နှင့် ဧရာဝတီဘဏ်က သိန်း၊ အခြားဘဏ်များကလည်း ကတ်တစ်ခုကို သိန်း၊ သိန်းကျပ်သာ ထုတ်ယူခွင့်ပြုနေသည်။

 

ဘဏ်အများစုမှာ အေတီအမ်စက်များအတွင်း ငွေမထည့်ကြခြင်းကြောင့် မည်သည့်စက်တွင် ငွေလာထည့်သည် ကို တစ်ယောက်တစ်နေရာ စောင့်ဆိုင်းပြီး အချင်းချင်းချိတ်ဆက်နေကြရသည်။

 

ထိုသို့သော အခြေအနေများကြောင့် လက်ရှိအချိန်တွင် အကောင့်အချင်းချင်းငွေလွဲပြီး အမြတ်ရာခိုင်နူန်းပေး လှဲလှယ်လိုသူ များနေဆဲဖြစ်သည်။ ထို့ကြောင့် သည်ဝန်ဆောင်မူလုပ်ငန်းများမှာ ဆက်လက်ရှိနေဦးမည်သာ ဖြစ်သည်ဟု ငွေကြေးလှဲလှယ်သူအချို့က သုံးသပ်ကြသည်။

Burma Associated Press

မြန်မာ
ဘဏ်
အာဏာသိမ်း
အေတီအမ်

Share With
bap-logo