bap-logo
International

TikTok က ၁၈နှစ်အောက် အသုံးပြုသူများကို အချိန်ကန့်သတ်မည်

B1YnHuzwYc4zMVAKifsHs-image

လွန်ခဲ့သော ၂ နှစ် က

ပေကျင်း - မတ် ၂။

 

ဗွီဒီယိုအတိုများ ဖန်တီးမျှဝေရာ ဆိုရှယ်မီဒီယာပလက်ဖောင်း TikTok သည် အသက် ၁၈ နှစ်အောက် အကောင့် အားလုံးအတွက် နေ့စဉ်အသုံးပြုချိန် မိနစ် ၆၀ ပုံမှန် သတ်မှတ်မည်ဖြစ်သလို မိဘများအနေဖြင့် ကလေးများ အတွက် မသင့်လျော်သော အကြောင်းအရာအချို့ကို ကြည့်ခွင့်ပိတ်ပင်နိုင်စေရန် ဆက်တင်များ ထည့်သွင်းမည် ဟု သိရသည်။

 

လူငယ်များကြားအလွန်ရေပန်းစားသည့် ဆိုရှယ်မီဒီယာကုမ္ပဏီ၏ အဆိုပါစည်းကမ်းအပြောင်းအလဲမှာ TikTok နှင့်ပတ်သက်၍ လုံခြုံရေးအပြင် အချို့သောအကြောင်း အရာများကို လိုရာတွန်းပို့နိုင်စွမ်းနှင့်ပတ်သက်၍ ကမ္ဘာတဝှမ်း အစိုးရများကြား စိုးရိမ်မှုမြင့်တက်လာပြီးနောက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

 

အမေရိကန်ပြည်ထောင်စုရှိ မိဘအချို့မှာ ၎င်းတို့၏ သားသမီးများ တရုတ်ဗွီဒီယို ဖန်တီးမျှဝေရေးအက်ပ် အသုံး ပြုချိန် ကန့်သတ်ရန် အခက်တွေ့နေကြသည်။ ဝါရှင်တန်အ ခြေစိုက် Pew သုတေသနစင်တာ၏ ဖော်ပြချက်အရ အမေရိကန်ဆယ်ကျော်သက် သုံးပုံနှစ်ပုံမှာ TikTok အသုံး ပြုကြောင်း သိရသည်။

 

လက်ရှိထုတ်ပြန်ချက်နှင့်ပတ်သက်၍ လူငယ်များအနေ ဖြင့် သုံးစွဲချိန် မိနစ် ၆၀ ပြည့်ပါက လျှို့ဝှက်နံပါတ်တစ်ခု ရိုက်ခိုင်းမည်ဖြစ်ပြီး ဆက်ကြည့်လိုပါက "မိမိဆုံးဖြတ် ချက်အလျောက်" ဆက်ကြည့်နိုင်မည်ဖြစ်ကြောင်း TikTok ၏ ယုံကြည်မှုနှင့်ဘေးကင်းလုံခြုံ‌‌‌‌‌ရေးဌာနမှူး Cormac Keenan က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

 

အသက် ၁၃ နှစ်အောက် အသုံးပြုသူများမှာ သတ်မှတ်ထားသည့် မိနစ် ၆၀ ပြည့်ပြီး အချိန်ပိုနာရီဝက် ကြည့်ရှုလိုပါက အုပ်ထိန်းသူမှ လျှို့ဝှက်နံပါတ်ရိုက်ပေးရမည်ဖြစ်သည်။

 

TikTok က မိနစ် ၆၀ သတ်မှတ်ချက်ကို အမေရိကန်နိုင်ငံ ဘော်စတွန်ကလေးဆေးရုံရှိ Digital Wellness Lab မှ ပညာရပ်ဆိုင်ရာသုတေသနနှင့် ကျွမ်းကျင်သူများနှင့် တိုင်ပင်၍ သတ်မှတ်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့အပြင် စတင်စမ်းသပ်နေပြီဖြစ်သည့်အဆိုပါ တစ်တော့ဆက်တင်ကို ကလေးပြုစုပျိုးထောင်ရေး၊ လူငယ်နှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်လုပ် ဆောင်သွားမည်ဟုလည်း ကုမ္ပဏီဘက်က ပြောကြားထား သည်။

 

မကြာသေးမီနှစ်များအတွင်း ကမ္ဘာတဝှမ်းရှိ လူငယ်များ ဆိုရှယ်မီဒီယာပေါ်တွင် ထိတွေ့ခွင့်ရနေသည့် အကြောင်း အရာများနှင့် ၎င်းတို့၏ ထိခိုက်နိုင်မှုအတိုင်းအတာနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

 

ယမန်နှစ်နှောင်းပိုင်းကထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်အရ TikTok ၏ လုပ်ဆောင်ပုံ (အယ်လဂိုရီသမ်) သည် ဆယ်ကျော်သက်လူငယ်များအတွက် မိမိကိုယ်ကိုယ်အန္တရာယ်ပြုသည့် အကြောင်းအရာများကို ပိုမို ပြသခြင်း၊ စားသောက်မှုပုံစံပျက်ယွင်းလာအောင် အားပေးခြင်းများရှိခဲ့ကြောင်း ဖော်ပြသည်။ ထို့အပြင် ဖေ့စ်ဘွတ်အပိုင် အင်စတာဂရမ်လည်း အလားတူ စွဲချက်များနှင့် ရင်ဆိုင်နေရသည်။

 

လက်ရှိ TikTok က အသက် ၁၃ မှ ၁၅ နှစ်အတွင်း ဆယ် ကျော်သက် အကောင့်များကို သီးခြားသတ်မှတ် အသုံး ပြုစေခြင်း၊ အသက် ၁၆ နှစ်ပြည့်မှ တိုက်ရိုက်မက်ဆေ့ ပေးပို့ခွင့်ပြုခြင်းအစရှိသည့် လုံခြုံရေးစည်းကမ်းအချို့ ချမှတ်ထားသည်။

 

Source/ပုံ – Forbes/Al Jazeera

 

Burma Associated Press

 

လူမှုကွန်ယက်
TikTok

Share With
bap-logo