Sports
ကမ္ဘာ့ဖလားဖိုင်နယ်ပွဲသည် နိုင်ငံအသင်းအတွက် နောက်ဆုံးကစားသောပွဲစဉ်ဟု မက်ဆီ ပြော
လွန်ခဲ့သော ၃ နှစ် က
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီသည် လာမည့် ဒီဇင်ဘာလ ၁၈ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ်သည် အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ၎င်းကစားပေးသော နောက်ဆုံးပွဲစဉ် ဖြစ်လာလိမ့်မည်ဟု အတည်ပြုပြောကြားလိုက်သည်။
အာဂျင်တီးနားသတင်းမီဒီယာ Diario Deportivo Ole နှင့် တွေ့ဆုံခဲ့ရာတွင် မက်ဆီက ၎င်း၏ ဆုံးဖြတ်ချက်ကို ပွင့်လင်းစွာ ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
မက်ဆီ ဦးဆောင်သော အာဂျင်တီးနားဘောလုံးအသင်းသည် ဆီမီးဖိုင်နယ်အဆင့်တွင် ခရိုအေးရှားကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်လှမ်းခဲ့ခြင်းဖြစ်သည်။
ခရိုအေးရှား၏ အားနည်းချက်များကို စနစ်တကျ လေ့လာကာ ထိထိရောက်ရောက် အသုံးချခဲ့ခြင်းဟုလည်း ယင်းပွဲစဉ်နှင့်ပတ်သက်၍ မက်ဆီက ရှင်းပြခဲ့သည်။
“ဒီလိုတွေ၊ ဒီလောက်အထိ လုပ်ပြနိုင်ခဲ့လို့ ကျွန်တော် ကျေနပ်ပီတိဖြစ်ရပါတယ်။ ကျွန်တော့်ရဲ့ ကမ္ဘာ့ဖလား ခရီးစဉ်က အဆုံးသတ်တော့မှာဖြစ်သလို လာမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲက အာဂျင်တီးနားအတွက် ကျွန်တော် နောက်ဆုံးကစားပေးတဲ့ပွဲစဉ် ဖြစ်လာတော့မှာပါ။ နောက်ထပ် နှစ်ပေါင်းများစွာ ကျွန်တော် အခုလို လုပ်ပြနိုင်ဖို့ ဆိုတာက မဖြစ်နိုင်တော့ပါဘူး။ အခုလိုပုံစံနဲ့ လက်ရွေးစင် ကစားသမားဘဝကို အဆုံးသတ်ခွင့်ရတာဟာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်”ဟု သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် မက်ဆီက ပြောကြားခဲ့သည်။
မက်ဆီသည် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်ရွေးစင်အသင်းနှင့်အတူ စံချိန်သစ်ပေါင်းများစွာကို တင်နိုင်ခဲ့သည်။ ဂန္ထဝင် မာရာဒိုနာနှင့် ကွင်းလယ်လူ မာရှေယာနိုတို့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ်စီ ပါဝင်ကစားခွင့် ရခဲ့သည့်စံချိန်ကို မက်ဆီက ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ် ပါဝင်ကစားခွင့်နှင့်အတူ ကျော်ဖြတ်နိုင်ခဲ့သည်။
အာဂျင်တီးနားလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားသွင်းဂိုး အများဆုံးရယူနိုင်ခဲ့သည့် တိုက်စစ်မှူးဟောင်း ဘာတစ္စတူတာ၏စံချိန်ကိုလည်း ခရိုအေးရှားကို အနိုင်ရခဲ့သည့် ဆီမီးဖိုင်နယ်တွင် ပင်နယ်တီ ကတဆင့် သွင်းယူလိုက်သော ဂိုးနှင့်အတူ ကမ္ဘာ့ဖလားသွင်းဂိုးအရေအတွက် ၁၁ ဂိုးဖြင့် မက်ဆီက ကျော်ဖြတ် နိုင်ခဲ့သည်။
Top News
လွန်ခဲ့သော ၂ ရက် က