Politics
CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှု အနည်းဆုံး သုံးဦးသေဆုံး
လွန်ခဲ့သော ၃ နှစ် က
ချင်း၊ ဇန်နဝါရီ ၁၀
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် ဗစ်တိုရီးယား စခန်းအား စစ်ကောင်စီတပ်က ယနေ့ ညနေ ၅ နာရီခန့်တွင် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ အနည်းဆုံး ၃ ဦး သေဆုံးပြီး အများအပြား ထိ ခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ချင်းလူ့အခွင့်အရေး အဖွဲ့ထံမှ သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ဗုံး ၅ လုံး ကြဲချခဲ့ကာ အိန္ဒိယနိုင်ငံ ပိုင်နက်အတွင်းသို့လည်း ကျူးကျော်ပျံသန်းခဲ့ကြောင်း သိရသည်။
ချင်းအမျိုးသားတပ်ဦး (CNF) သည် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်-NCA ၌ လက်မှတ်ရေးထိုးထားသော လက်နက် ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်သည်။
စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်များအား တစ်နှစ်သက်တမ်းရှိ အပစ်အခတ်ရပ်စဲ မှုကြေညာချက်ကို ယခုနှစ်စတွင် ကြေညာခဲ့သော်လည်း ထိုသို့ ကြေညာအပြီး ၁၀ ရက်အတွင်း NCA လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ် သည်။
ပုံစာ - စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေ တစ်ခုကိုတွေ့ရစဉ်
(ဓာတ်ပုံ- ချင်းလူ့အခွင့်အရေးအဖွဲ့)
စစ်ကောင်စီ
လေကြောင်းတိုက်ခိုက်မှု
ဗုံးကြဲခံရ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်
အိန္ဒိယ
ချင်းအမျိုးသားတပ်ဦး
သေဆုံး
Top News
Articles
Share With