bap-logo
Opinion

ဗိုလ်ချုပ်မှူးကြီးဥက္ကဌထံပေးစာ (၈၄)

3XRLmQ1JtM08Dluh_kdeo-image

လွန်ခဲ့သော ၂ နှစ် က

ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ

 

ဒီတိုင်းပြည်မှာတော့ ပြည်သူတွေအတွက် ပျော်ရတာ နှစ်မျိုးရှိပါတယ်။

 

လျှပ်စစ်မီးလာရင်ပျော်တယ်၊ စတန်းဒက်အာမီထဲက စစ်သားတွေရဲ့ နာရေး ကြားရင် ပျော်တယ် ဆိုတာပါပဲ။

 

အမြန်လမ်းကို ကိုယ့်စားရိတ်နဲ့ကိုသွားပြီး မားလကီးယားသွားတဲ့ ကာနယ် ပေါက်စကြီးရဲ့ သတင်းက တူးသောင်းဇင်တွမ်တီသရီးမှာ ပြည်သူတွေ ပျော်ရတဲ့နေ့ရက်ဖြစ်ခဲ့ပါတယ်။ ၂၀၂၃ဟာ အင်မတန် ထူးခြားတဲ့နှစ် တိုင်းရင်းသားပြည်သူတွေ ပျော်ရမဲ့နှစ်လို့ ဟောကိန်းထုတ်ထားတဲ့ ဗိုလ်ချုပ်မှူးကြီး ဥက္ကဌရဲ့စကားဟာ ဒီနေရာမှာ တော့ သွေးထွက်အောင် မှန်သွားတာပေါ့လေ။

 

မာလကီးယားသွားတဲ့ ကာနယ်ပေါက်စကြီး ဟာလည်း စစ်ကြောရေးဆိုတဲ့ လူ့ငရဲခန်းက လက်ပါးစေ တစ်ယောက်ဆိုတော့ သူ့နာရေးဟာ ပြည်သူတွေအဖို့ မုန့်ဟင်းခါးကို အိုးဘဲဥနဲ့ ကြုံလိုက်ရသလိုပဲ ပေါ့ခင်ဗျာ။

 

မြန်မာပြည်သူတွေကသာ ပျော်တယ်၊ ငရဲမင်းကတော့ စိတ်ညစ်နေလောက်ပေါ့။ တစ်သက်လုံး သူကချည်း စစ်လာခဲ့တာ အခုတော့ သူ့ထက် ရက်စက် ကြမ်းကြုတ်သူတစ်ယောက်က ယောယုဝကို ဆိုက်ရောက်ဗီဇာနဲ့ ရောက်လာတော့မယ်မဟုတ်လား။

 

မောင်စကအဖို့ကတော့ စတန်းဒက်အာမီထဲက အရွက်ပဲကြွေကြွေ၊ အကိုင်းပဲကျိုးကျိုး၊ အမြစ်ပဲ ပြတ်ပြတ် ဆန်ကုန်မြေလေး လူ့အန္တ တစ်ယောက် လျော့သွားတယ်လို့ပဲ မှတ်ယူပါတယ်။

 

အခုဆို မကြာခင်မှာပဲ အရေးပေါ်အခြေအနေဆိုတာကြီးက စာအုပ်စိမ်းထဲမှာ ရှိတဲ့ ပေးထားချက်အရ အိတ်စပိုင်ယာ ဖြစ်တော့မယ်ပေါ့။

 

စာအုပ်ထဲမှာသာ အရေးပေါ်၊ တိုင်းပြည်က ကာလနာတိုက်လို့ နာရေးဖြစ်နေတာ နှစ်နှစ်တောင် ရှိတော့မယ် မဟုတ်လား။

 

တိုင်းပြည်ကို နာရေးအိမ်လုပ်ပြီး ကိုယ့်ဖဲကိုယ်ချိုး၊ ကိုယ့်ဟာကိုယ် ကလဖန်ထိုး တစ်ဝိုင်းလုံး သိမ်းဖို့အရေး ကြိုးပမ်းနေတာမြင်တော့ ကျွတ်” “ကျွတ်ဆိုပြီး စုတ်များတောင် သပ်မိပါရဲ့။

 

ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ နာမည်မျိုးစုံပေးထားတဲ့ အစိုးရအဖွဲ့ဆိုတာလည်း မလို၊ သပိတ်ဝင် အိတ်ဝင် ဖြစ် အောင် စိတ်ကြိုက်ဖန်တီးထားတဲ့ ရွေးကောက်ပွဲလည်းမလို၊ ဟိုဥပဒေ ဒီဥပဒေတွေလည်း မလို အာဏာရှင် ဆိုလည်း ရဲရဲသာ အာဏာရှင်လိုက်ပါခင်ဗျာ။

 

မဟုတ်ရင် ကိုယ့်ဟာကို ပေးထားတဲ့ ဘွဲ့ပေါင်း တစ်သောင်းရှစ်ထောင်ရဲ့ရှေ့မှာ ပြည်သူတွေပေးတဲ့ သူရဲဘော အကြောင်ဆုံး အာဏာရှင်ဆိုတဲ့ ဘွဲ့တစ်ခု ထပ်တိုးလာပါလိမ့်မယ်လို့ ပြောရင်း စာကို နိဂုံးချုပ်လိုက်ပါတယ်။

 

ပြည်သူထောင်စု သမ္မတနိုင်ငံထဲက ဂျနရေးရှင်းစက

 

Burma Associated Press

သရော်စာ
စစ်တပ်
မြန်မာ

Share With
bap-logo