Articles
စစ်တပ်၏ လက်ထုတ္တောကျေးရွာ အစုအပြုံလိုက်သတ်ဖြတ်မှုမှ လွတ်မြောက်လာသူများကို AP မေးမြန်းချက်
လွန်ခဲ့သော ၈ လ က
မြန်မာစစ်အုပ်ချုပ်ရေးက ပြီးခဲ့သည့်အပတ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း၌ အရပ်သား ၃၀ ကျော် အစုအပြုံလိုက် သတ်ဖြတ်ခဲ့ရာ ဒေသအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် သတ်ဖြတ်မှုမှ လွတ်မြောက်လာသူတစ်ဦးကို AP က မေးမြန်းထားသည်။
လွတ်လပ်သော မီဒီယာများက တင်ပြခဲ့ကြသည့် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာတွင် စနေနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အစုအပြုံလိုက်သတ်ဖြတ်မှုသည် ကြမ်းတမ်းရက်စက်သော မြန်မာပြည်တွင်းစစ်အတွင်း ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းဖြစ်ပွားခဲ့သေ
AP က ဖြစ်ပွားပုံ အသေးစိတ်ကို လွတ်လပ်စွာ အတည်မပြုနိုင်ဘဲ စစ်အုပ်ချုပ်ရေးကို အီးမေးဖြင့် မှတ်ချက်ပေးရန် တောင်းဆိုခဲ့သော်လည်း ချက်ချင်း မတုန့်ပြန်ခဲ့ပါ။ အရပ်သားများအပေါ် တိုက်ခိုက်နေကြောင်း ယခင် စွပ်
လတ်တလော အစုအပြုံလိုက် သတ်ဖြတ်မှု အခြားနှစ်ခုမှာ ကြာသပတေးနေ့က မကွေးတိုင်းဒေသကြီးရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် အစည်းအဝေးပြုလုပ်နေသော အရပ်သားများနှင့် ခုခံတော်လှန်ရေးအဖွဲ့တစ်ခုမှ အဖွဲ့ဝင်များ အနည်းဆုံး ၁၅ ဦး လေကြောင်းတိုက်ခိုက်မှုဖြင့် သတ်ဖြတ်ခံရခြင်း၊ ယင်းနေ့တွင်ပင် မန္တလေးတိုင်းဒေသကြီးမှ တိုက်ပွဲအတွင်း အငြင်းပွားဖွယ် အခြေအနေများဖြင့် သတ်ဖြတ်ခံရမှုတို့ဖြစ်သည်။
အသက် ၁၇ နှစ်အရွယ် အမျိုးသားငယ် သုံးဦး၊ အခြားသော အသက်အရွယ် ကြီးရင့်သူ နှစ်ဦး၊ အနီးအနားကျေးရွာတစ်ခုမှ လက်သမား သုံးဦးတို့ အပါအဝင် လူပေါင်း ၃၃ ဦး စစ်တပ်၏ ဝင်ရောက်စီးနင်းမှုအတွင်း စနေနေ့က လက်ထုတ္တောကျေးရွာတွင် အသတ်ခံခဲ့ရသည်ဟု ကျေးရွာမှ လွတ်မြောက်လာသော အမျိုးသားညီညွတ်ရေးအစိုးရ ထောက်ခံသူ ဒေသခံအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
AP ကို လုံခြုံရေးအရ အမည်မဖော်ဘဲ ပြောကြားခဲ့သော ၎င်း အုပ်ချုပ်ရေးမှူးက စစ်သားများနှင့် စစ်တပ်လက်အောက်ခံ လက်နက်ကိုင်အရေအတွက် ၁၀၀ မှ ၂၀၀ ကြား ရွာတွင်းသို့ ခုခံတော်လှန်ရေး တပ်သား PDF များကို ရှာဖွေရန် ဝင်လာခဲ့သည်ဟု ပြောသည်။ ၎င်းဖြစ်စဉ်အတွင်း အခြားသော ရွာသား ၁၁ ဦး အနည်းဆုံး ဒဏ်ရာရခဲ့သည်ဟုလည်း ပြောသည်။
မနက် ငါးနာရီထိုးပြီး မကြာမီတွင် စစ်သားများက လက်နက်များ ပစ်ဖောက်ဝင်ရောက်လာသောအခါ ကျေးရွာသားများက ကြောက်လန့်တကြား ထွက်ပြေးကြပြီး ထွက်ပြေးလွတ်မြောက်နိုင်ခြင်း
၎င်းနှင့် ဇနီး၊ ကလေးငယ် နှစ်ဦး၊ အခြားသော မိသားစုဝင်များမှာ ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်ခိုလှုံခဲ့သော်လည်း အခြား ရွာသာ ၁၀၀ ဦးခန့်နှင့်အတူ ပင်မအဆောက်အအုံအတွင်း စစ်သားများ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်ဟု အသက် ၃၂ နှစ်အရွယ်ရှိ ၎င်းအမျိုးသားက လုံခြုံရေးအရ အမည်မဖော်ဘဲ ပြောသည်။
၎င်းနှင့် အခြား အမျိုးသား ၃၀ ဦးတို့ကို စစ်သားများက အပြင်သို့ ခေါ်ထုတ်ပြီး မြေပေါ်တွင် အတန်းလိုက် အတင်းအကျပ်ထိုင်စေပြီး ဒေသခံ ခုခံတော်လှန်ရေးခေါင်းဆောင်က မည်သူဖြစ်သည်၊ မည်သည့်နေရာတွင် ရှာဖွေတွေ့ရှိနိုင်သည်တို့ကို မေးမြန်းစစ်ဆေးခဲ့သည်။
အရိုက်နှက်ခံရသည့်ကြားမှ ရှေ့အတန်းမှ အမျိုးသားများက ၎င်းတို့ မသိရှိကြောင်း ငြင်းဆိုသည့်အခါ စစ်သားများက စတင် ပစ်ခတ်ခဲ့ကြသည်။ တစ်ဦးချင်းစီကို စတင်ပစ်ခတ်ခဲ့သော်လည်း နောက်ပိုင်းတွင် အစုအပြုံလိုက် ပစ်ခတ်ခဲ့သည်ဟု ၎င်းအမျိုးသားက ပြောသည်။
ဘေးမှ လူတစ်ဦးကို အကြိမ်ကြိမ် ပစ်ခတ်ခံရပြီး ၎င်းအပေါ်သို့ လဲကျလာစဉ် မြေပေါ်သို့ လှဲချနေလိုက်သည်ဟု ပြောသည်။ လက်နက်အများအပြားဖြင့် ဆက်လက်ပစ်ခတ်နေသည့်အသံများ ကြားနေခဲ့ရပြီး ဗိုလ်ဖြစ်သူက မသေမချင်း ပစ်သတ်ရန် အမိန့်ပေးနေသည်ကိုလည်း ကြားခဲ့ရသည်။ ၎င်းနေရာတွင် ၂၄ ဦး သေဆုံးခဲ့ပြီး ရွာတွင်း အခြားနေရာတွင် ကိုးဦး အသတ်ခံခဲ့ရသည်။ AP သို့ ပြသသော ဓာတ်ပုံများတွင် အလောင်းအရေအတွက်တွေ့မြင်နိုင်ပြီ
၎င်းလွတ်မြောက်လာသူသည် ဘယ်ဘက် ချိုင်းတွင် ဒဏ်ရာရခဲ့ပြီး မနက် ၇ နာရီခန့်အထိ စစ်သားများ ဘုန်းကြီးကျောင်းဝန်းမှ မထွက်ခွာမီ နာရီဝက်ခန့် သေဟန်ဆောင်နေခဲ့ရသည်။ စစ်သားများက သေဆုံးသူ အမျိုးသား ငါးဦးကို မီးရှို့ခြင်း၊ ၎င်း၏ ဇနီးနှင့် ကလေးငယ်များအပါအဝင် ရွာသား ၁၇ ဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်ပြီး ထွက်ခွာသွားသည်ဟု ၎င်းက ပြောသည်။ ဓားစာခံများကို ရွာပြင်တွင် လွှတ်ပေးခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
၎င်းနှင့် အုပ်ချုပ်ရေးမှူးတို့နှစ်ဦးလုံး
စစ်ကိုင်းဒေသကြီးသည် စစ်တပ်ကို ခုခံတော်လှန်မှု အားကောင်းသည့် ဒေသကြီးဖြစ်ပြီး စစ်တပ်ကလည်း လေကြောင်းနှင့် လက်နက်ကြီး အထောက်အကူပြုထားသည့် မြေပြင်အင်အားများ အသုံးပြု၍ အဓိက ထိုးစစ်များဖြင့် တိုက်ခိုက်ခြင်း၊ ရွာများကို မီးရှို့ခြင်း၊ နေအိမ်များမှ လူပေါင်း သိန်းချီ၍ ထွက်ပြေးစေခြင်းတို့ဖြင့် တုန့်ပြန်ခဲ့သည်။
လက်ထုတ္တောကျေးရွာသည် မန္တလေးမြို့ အနောက်ဘက် ၇၀ ကီလိုမီတာခန့် (၄၅ မိုင်) တွင် တည်ရှိသည်။
ကိုးကား - AP
ပုံစာ - မေလ ၁၁ ရက် ၂၀၂၄ ခုနှစ် မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာတွင် စစ်တပ်၏ သတ်ဖြတ်ခြင်းခံရသူများကို ကျေးရွာပြင်ပတွင် မြှုပ်နှံရန် ထရပ်ကားဖြင့် သယ်ဆောင်သွားစဉ်။ (People’s Defence Force via AP)