bap-logo
Weekly

BAP တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်

dYjuXo6yrGVwKWs-qhlTL-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖေါ်ဝါရီ ၄။

 

 

စစ်ကောင်စီ ပြာယာခတ်တဲ့ ရက်သတ္တပတ်

လွန်ခဲ့သော နှစ်နှစ်က တတိုင်းပြည်လုံး အုတ်အော်သောင်းနင်းဖြစ်ခဲ့ရသည့် ဖေဖေါ်ဝါရီလအစသည် အာဏာ သိမ်းစစ်ကောင်စီ၏ အိုးနင်းခွက်နင်းဖြစ်မှုများကြောင့် ဆူဆူညံညံဖြစ်ခဲ့ပြန်သည့် ရက်သတ္တပတ်ပင်ဖြစ်သည်။

 

အလံမလိပ် အသံတိတ်သပိတ်

အာဏာသိမ်းမှုကို အစွမ်းကုန်တွန်းလှန်နေသည့် မြန်မာပြည်သူလူထုသည် တိတ်ဆိတ်မှုဖြင့် တော်လှန်ခြင်းကို အာဏာသိမ်းမှု နှစ်ပြည့်သည့် ဖေဖေါ်ဝါရီ ရက်တွင် ထပ်မံ သက်သေပြခဲ့သည်။

 

လေးကြိမ်မြောက်ဖြစ်သည့် အသံတိတ်သပိတ်ကို နိုင်ငံအနှံ့ရှိ မြို့ပေါင်း ၁၅၀ ကျော်က ပါဝင်ဆင်နွှဲခဲ့သည်ဟု သုတေသနအဖွဲ့ တစ်ခုဖြစ်သော Data For Myanmar က ဆိုသည်။

 

အသံတိတ်သပိတ် ၂၀၂၁ မတ်လ ၂၄ ရက်နှင့် ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၂၂ ဖေဖေါ်ဝါရီ ရက်တို့တွင်လည်း အောင်အောင်မြင်မြင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

 

ယင်းနေ့တွင်ပင် စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံသည်ဆိုသော လူများ၏ ဆန္ဒပြမှုမှာ ရန်ကုန် မြို့လယ်တွင် ကျီးနှင့်ဖုတ်ဖုတ်ဖြစ်ခဲ့ပြီး လူအများလှောင်ပြောင်စရာတစ်ခုဖြစ်ခဲ့သည်။

 

အရေးပေါ်သက်တမ်းတိုးရပြန်တဲ့ စစ်ကောင်စီ

နိုင်ငံတော်သည် ပုံမှန်အခြေအနေတွင် မရှိဟုဆိုကာ စစ်ကောင်စီက ယင်း၏ သက်တမ်းကို ယခုနှစ်တွင် နောက် ထပ် တိုးမြှင့်ကာ စစ်တပ်အုပ်ချုပ်မှုကို ထပ်မံရှည်ကြာစေခဲ့သည်။

 

မြန်မာနိုင်ငံတွင် မြို့ပေါင်း ၃၃၀ ရှိသည့်အနက် ၁၉၈ မြို့ကိုသာ ထိန်းချုပ်ထားနိုင်ပြီး၊ ၆၅ မြို့နယ်ကို ထိန်းချုပ် နိုင်ခြင်းမရှိကြောင်းနှင့် ၆၇ မြို့နယ်ကို ထိန်းချုပ်ရန်ကြိုးပမ်းနေရသည်ဟု ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ဝန်ခံခဲ့သည်။

 

စစ်အုပ်စုက လက်ခံကျင့်သုံးနေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၅ ပြဌာန်းချက်အရ အရေးပေါ်ကာလသက်တမ်း နှစ်ကြိမ်ကို ကျော်လွန်ကာ နောက်ထပ် တစ်ကြိမ် နိုင်ငံတော် အာဏာကို အဓမ္မ ထပ်မံရယူခဲ့ခြင်းဖြစ်သည်။

 

လက်ရှိ အခြေအနေများအရ ရွေးကောက်ပွဲကျင်းပရန် အဆင်သင့် မဖြစ်သေးသည့်အတွက် ယခုလို အရေးပေါ် ကာလအုပ်ချုပ်ခွင့် ထပ်မံတိုးလိုက်ရခြင်းဖြစ်သည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က အကြောင်းပြသည်။

 

ယင်းနေ့ တစ်ရက်တည်းတွင်ပင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPHနှင့် အမျိုးသား ညီညွတ် ရေးအစိုးရ- NUGကို ဆက်လက်အသိအမှတ်ပြုသွားမည်ဟု ဥရောပပါလီမန် ဒုဥက္ကဋ္ဌက ထုတ်ပြန်ပြောဆိုခဲ့သည်။

 

ထစ်ခနဲရှိ စစ်အုပ်ချုပ်ရေး

စစ်ကောင်စီက ယင်း၏သက်တမ်းကို လတိုးပြီး နောက်တစ်ရက်တွင် မြို့နယ် ၃၇ ခု ကို စစ်အုပ်ချုပ်ရေး (Martial Law) ကျင့်သုံးမည်ဟု ကြေညာလာခဲ့သည်။

 

နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ မြို့နယ်ရှိသည့်အနက် မြို့နယ်စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းဖြစ်သည့် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ခြင်းဖြစ်သည်။

 

စစ်ကိုင်းတိုင်းတွင် ၁၁ မြို့နယ်၊ ချင်းပြည်နယ်တွင် မြို့နယ်၊ ပဲခူးတိုင်းတွင် မြို့နယ်၊ မကွေးတိုင်းတွင် မြို့နယ်၊ ကယား(ကရင်နီ)တွင် မြို့နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် မြို့နယ်စီ၊ မွန်ပြည်နယ်တွင် မြို့နယ် အစရှိသည့် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စစ်အုပ်ချုပ်ရေး ကြေညာ ခဲ့သည်။

 

အလားတူပင် စစ်ကောင်စီက ဗဟိုအကြံပေးအဖွဲ့ဖွဲ့စည်းခြင်းနဲ့ သူဦးဆောင်သည့် စစ်ကောင်စီ အဖွဲ့ဝင်များ ကိုလည်း အစားထိုးပြင်ဆင်ဖွဲ့စည်းမှုများပြုလုပ်ခဲ့သည်။

 

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နေရာတွင် ဦးသန်းဆွေကို အစားထိုးခန့်အပ်ခဲ့ပြီး၊ ဟိုတယ်ခရီး၊ ဆောက်လုပ်ရေး၊ တိုင်းရင်းသားရေးရာ စသည့် ဝန်ကြီးနေရာများကိုလည်း ပြောင်းလဲခဲ့သည်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်လင်းနေရာတွင် စစ်တပ်ဗိုလ်မှူးကြီးဟောင်း ထိန်လင်းကို ပြောင်းလဲ ခန့်အပ်ခဲ့သည်။

 

နိုဗယ်ငြိမ်းချမ်းရေးဆု

ယခုနှစ်အတွက် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် စာရင်းတွင် Peace Research Institute Oslo -PRIO ညွှန်ကြား ရေးမှူးက NUG ကိုယ်စားပြု ကုလကိုယ်စားလှယ် ဦးကျော်မိုးထွန်းနှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC တို့ကို ထည့်သွင်းခဲ့သည်။

 

စကာတင်စာရင်းတွင် ဦးကျော်မိုးထွန်းအပါအဝင် နိုင်ငံတကာရာဇဝတ်များခုံရုံး (ICJ) Human Rights Data Analysis Group အီရန်နှင့် အာဖကန်နစ္စတန်က အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူများ ဖြစ်သည့် Narges Mohammadနှင့် Mahbouba Seraj ဖိလစ်ပိုင်နိုင်ငံဖွား ခွဲခြားဆက်ဆံမှု ပ‌ပျောက်ရေးနှင့် တရား မျှတရေး တက်ကြွလှုပ်ရှားသူများဖြစ်သည့် Victoria Tauli-Corpuz နှင့် Juan Carlos Jintiach တို့ ပါဝင်သည်။

 

ပြီးခဲ့သည့်နှစ်ကလည်း မြန်မာနိုင်ငံရှိ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM တွင် ပါဝင်သူများ နိုဗယ် ငြိမ်းချမ်းရေးဆု ဆန်ကာတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ဆုရခဲ့ခြင်းမရှိပေ။

 

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကတော့ CDM တွင်ပါဝင်ခဲ့သည့် နိုင်ငံဝန်ထမ်းများကို တော်လှန်ရေး ကာလအလွန်တွင် နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်မည်ဟု အာဏာသိမ်းမှု နှစ် ပြည့်တွင် ထုတ်ပြောလာခဲ့သည်။

 

ကျဆင်းနေဆဲ မြန်မာ့စီးပွားရေး

နိုင်ငံတွင်းပဋိပက္ခ၊ လျှပ်စစ်မီးပြတ်တောက်မှု၊ မူဝါဒပြောင်းလဲမှုများသည် မြန်မာ့စီးပွားရေးအပေါ် ဆိုးဆိုးရွား ရွား သက်ရောက်နေရာ လူတစ်ဦးချင်း GDP သည် ကိုဗစ်ကာလ မတိုင်မီကာလအောက် ၁၃ ရာခိုင်နှုန်းအောက် ရောက်နေသည်ဟု ကမ္ဘာ့ဘဏ်က ယခုနှစ် ဇန်နဝါရီလ ၃၀ ရက် အစီရင်ခံစာတွင် ဆိုထားသည်။

 

မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်၏ ယခင်ခန့်မှန်းချက်များအရ မြန်မာနိုင်ငံသား ၅၅ သန်းအနက် ၂၂ ဒသမ သန်းခန့်သည် ဆင်းရဲမွဲတေမှုမျဉ်းအောက်တွင် နေထိုင်ကြရပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ဖော်ပြချက်အရ ၁၇ ဒဿမ သန်းခန့်သည် ယခုနှစ်အတွင်း လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်ဖွယ်ရှိနေသည်။

 

မြန်မာ့စီးပွားရေးသည် ပဋိပက္ခများကြောင့် အနှောင့်အယှက်ဖြစ်နေသော်ငြား လာမည့် စက်တင်ဘာလတွင် ရာခိုင်နှုန်းခန့် တိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

 

အမေရိကန်နှင့် မဟာမိတ်တို့၏ စစ်အုပ်စုအပေါ် ပိတ်ဆို့အရေးယူမှုအသစ်

အမေရိကန်နှင့် မဟာမိတ်နိုင်ငံများသည် စစ်အာဏာသိမ်းမှု နှစ်ပြည့်သည့် ဖေဖော်ဝါရီ ရက်တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ သတ္တုတွင်းလုပ်ငန်းများ၊ စွမ်းအင်ဆိုင်ရာ တာဝန်ရှိ သူများအပြင် စစ်အုပ်စုနှင့် ဆက်နွယ်သူများကို ပိတ်ဆို့အရေးယူလိုက်သည်။

 

အမေရိကန်အပါအဝင် ကနေဒါ၊ ဩစတေးလျနှင့် ဗြိတိန်တို့ကလည်း ပိတ်ဆို့အရေးယူမှုများ ကြေညာခဲ့ကြခြင်း ဖြစ်သည်။

 

ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်ကလည်း စစ်ကောင်စီထံ လေယာဉ်ဆီ အဓိက တင်သွင်းသည့် အာရှနေရောင်း ဝယ်ရေး ကုမ္ပဏီလီမိတက်နှင့် ကုန်စည်များချိတ်ဆက်ရေးကုမ္ပဏီလီမိတက်များကို ပိတ်ဆို့ အရေးယူလိုက် သည်ဟု ဗြိတိသျှမြန်မာသံရုံးက ထုတ်ပြန်သည်။

 

အမေရိကန်ပါဝင်သည့် အာဆီယံ အစည်းအဝေး အာဏာသိမ်း စစ်တပ်ကိုဖိတ်

အမေရိကန်နှင့် ထိုင်းနိုင်ငံတို့ ပူးတွဲလက်ခံကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများအဆင့် အစည်းအဝေး နှင့် ပင်လယ်ရေကြောင်း လုံခြုံ‌ရေးကျွမ်းကျင်သူများပါဝင်သော အစည်းအဝေး (ADMM Plus Forum) ကို တက်ရောက်ရန် မြန်မာအာဏာသိမ်း စစ်ကောင်စီကို ဇန်နဝါရီ ၃၀ ရက်က ဖိတ်ကြားခဲ့သည်။

 

စစ်တပ်က အာဏာသိမ်းခဲ့သည့် နှစ်တာအတွင်း စစ်ကောင်စီက မြန်မာကိုယ်စားပြု တက်ရောက်ခွင့် မရသည့် နိုင်ငံတကာအစည်းအဝေး တစ်ဒါဇင်ထက်မနည်း ရှိနေပြီဖြစ်သည်။'

 

ယခုအစည်းအဝေးသို့ တက််ရောက်ခွင့်ရှိသူများကို အာဆီယံကသာ ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ပင်တဂွန် ပြောခွင့် ရပုဂ္ဂိုလ် Marty Meiners က ပြောခဲ့သည်။

 

Burma Associated Press

 

မြန်မာ

Share With
bap-logo