bap-logo
Article

ပျူစောထီးများလက်အောက်က ပန်းရံရွာ

dLABRl9-7_cYTiyeLqgzs-image

လွန်ခဲ့သော ၂ နှစ် က

ရွာမီးရှို့ခံရတာထက်စာရင်တော့ တစ်လငါးထောင် ပေးရတာတန်တယ်၊ မိသားစုကွဲရတာထက်စာရင်ပေါ့လေ ဆိုပြီးတွေးကြမှာပေါ့ဟု ပန်းရံရွာမှ စွန့်ခွာထွက်ပြေးလာသူ ကိုညီလုံးကပြောသည်။

 

ပန်းရံရွာတွင် စစ်အာဏာမသိမ်းခင်ကတည်းက အနီဘက်ရပ်တည်သူနှင့် အစိမ်းဘက်ရပ်တည်သည့်သူ ထက်ဝက်ခန့်စီ ရှိကြသည်။ အာဏာသိမ်းပြီးနောက် ယခုလက်ရှိတွင် အစိမ်းဘက်ရပ်တည်သည့် ပျူစောထီး များ၏ အင်အားကောင်းလာပြီး စစ်ကောင်စီ၏ဖိနှိပ်မှုအောက်တွင် ငြိမ်ဝပ်ပိပြားနေလျက်ရှိကြောင်း ရွာခံ ကိုညီလုံးက ဖြည်းညှင်းစွာပြောပြသည်။

 

ပျူထောက်ခံသူတွေက ကောင်းကောင်းဝင်ထွက်သွားလာနိုင်တယ်၊ ဝင်ထွက်သွားလာလို့  ကောင်းအောင်ကိုပဲ ပျူစောထီးတွေနဲ့ အဆင်ပြေအောင်နေနေကြတာဟု ပန်းရံရွာသားများ၏ နေထိုင်မှု အခြေအနေကိုပြောပြသည်။

 

ကျေနပ်တဲ့သူက တစ်ဝက်လောက်ရှိတယ်၊ ပိုက်ဆံရှိတဲ့အသိုင်းအဝိုင်းများတယ်။ မကျေနပ်သူက တစ်ဝက် လောက် နီးနီးရှိတယ်ဟု ပျူစောထီးများစိုးမိုးလာမှုနှင့်ပတ်သက်၍ ရွာခံများသဘောထားကို ကိုညီလုံးက ဆိုသည်။

 

ရွာလူဦးရေ၏ တစ်ဝက်ခန့်ရှိသည့် ပိုက်ဆံရှိသူအများစုသည် ပျူစောထီးထောက်ခံသူ အများစု ဖြစ်ကြသည်ဟု ၎င်းကဆိုသည်။ ရွာတွင် ပျူစောထီးများက ဆက်ကြေးကောက်ခံမည်ကိုလည်း ထိုသူတို့က တက်ကြွစွာ ထောက်ခံကြသည်။ ထို့ကြောင့် အခြားရွာသားများလည်း လိုက်နာကြရသည်ဟု ကိုညီလုံးကဆက်ပြောသည်။


ဥက္ကဌက ဘာလုပ်မယ်ဆို သူတို့ကထောက်ခံတယ်ဆို တခြားလူတွေပါ လိုက်ထောက်ခံရတယ်။ ပိုက်ဆံ (ဆက်ကြေးကောက်ခြင်း) ဆိုလည်း သူတို့ထောက်ခံတယ်ဆိုတာနဲ့ လက်ခံရတယ်ဆက်ကြေး ကောက်သည့် ကိစ္စနှင့်ပတ်သက်၍ ကိုညီလုံးကပြောသည်။

 

ဥက္ကဌက ဘာလုပ်မယ်ဆို သူတို့ကထောက်ခံတယ်ဆို တခြားလူ တွေပါ လိုက်ထောက်ခံရတယ်။ ပိုက်ဆံ (ဆက်ကြေးကောက်ခြင်း) ဆိုလည်း သူတို့ထောက်ခံတယ်ဆိုတာနဲ့ လက်ခံရတယ်

 

 

အခြားရွာသားများမှာလည်း လက်နက်ကိုင်ပျူစောထီးများ လက်အောက်လုံးလုံးရောက်နေသော ရွာအတွင်း နေထိုင်နေရသည်ဖြစ်ရာ ၎င်းတို့ဆန္ဒကို လုံးလုံးလျားလျားမပြနိုင်ကြပေ။ ပန်းရံရွာသည် အိမ်ထောင်စု ခုနှစ်ရာခန့် ရှိသည့် ရွာတစ်ရွာဖြစ်ပြီး အာဏာမသိမ်းခင်ကာလတွင် ၎င်းတို့ရွာနီးစပ် ဆယ်ရွာဆယ့်ငါးရွာအုပ်စုတွင် မြေဈေး အမြင့်ဆုံးနှင့် အမည်ကောင်းရှိသည့်ရွာတစ်ရွာဖြစ်သည်။

 

အရင်က ပန်းရံရွာ အိမ်ဝန်းတစ်ဝန်း ဝယ်မယ်ဆို ဒီ့ပြင်ရွာ နှစ်ဝန်းဝယ်နိုင်တယ်၊ အခုဇီးကုန်း ကျော်သွားရင် ပန်းရံဆို လက်သင့်မခံတော့ဘူးဖြစ်သွားတယ်ဟု ၎င်းရွာ၏ ပုံရိပ်မည်သို့ ပြောင်းပြန် ဖြစ်သွားသည်ကို ပြောသည်။

 

လမ်းပန်းဆက်သွယ်ရေးအချက်အချာ ကျသည့်နေရာတွင်ရှိသောကြောင့်လည်း ရေပန်းစားခဲ့သည်။ ယခုအခါ ပန်းရံရွာ၏ပုံရိပ်သည် ယခင်အခြေအနေနှင့် ပြောင်းပြန်ဖြစ်သွားပြီဖြစ်ကြောင်း ရွာသို့ မပြန်ရဲသည့် ရွာခံ ကိုညီလုံးက ပြောပြသည်။

 

ရေဦးလမ်းမကြီးတွင် ဂိတ်ဖွင့်ကာ ငွေတောင်းခြင်း၊ ဖြတ်သွားဖြတ်လာ လူ၊ ဆိုင်ကယ်နှင့် ကားများကို စစ်ဆေး ခြင်း၊ ပိုက်ဆံတောင်းခြင်းစသည်တို့ကို ပြုလုပ်လာခဲ့သည်။ ထို့အပြင် ၎င်းပျူစောထီးများသည် အနီးအနားမှရွာ သူ/သားများကို ဖမ်းဆီး၊ ညှင်းဆဲ၊ ပိုက်ဆံတောင်း၊ ပီဒီအက်ဟုစွပ်စွဲကာ စစ်ကောင်စီတပ်ဆီ ပို့ခြင်း စသည့် အပြုအမူများကို ဆက်တိုက်ကျူးလွန်လာခဲ့သည်။

 

လမ်းတစ်လျှောက် ဘာအစစ်အဆေးမှမရှိဘူး၊ ပန်းရံကျမှ အစစ်အဆေးခံရ၊ ရိုက်နှက်ခံရဟု တော်လှန်ရေး ကာလအတွင်း ရေဦးလမ်းပေါ်ရှိသည့် ပန်းရံရွာထိပ်မှ စစ်ဆေးရေးဂိတ်ကို ဖြတ်ရသည့်အခါ ခရီးသွားများ ကြုံရပုံကို ကိုညီပုကဆက်ပြောလေသည်။ တော်လှန်ရေးအင်အားစုဘက်ကဟု သံသယရှိပါက ထိုစစ်ဆေးသည့် နေရာတွင်ပင် ပစ်သတ်ခြင်းသည်လည်း ၎င်းတို့၏ ပုံမှန်အပြုအမူကဲ့သို့ပင်။  

 

ရေဦးလမ်းမပေါ် မေးတင်တည်ထားသည်ဖြစ်သောကြောင့် အခြားမြို့နယ်များသို့သွားသည့် လမ်းမကြီးများ ပေါ်ရောက်ရန် လွယ်ကူသည့်နေရာတွင် ရှိသည်။ ရွာသူ/သားသည် ကုန်ရောင်းကုန်ဝယ်နှင့် ဈေးဝယ်ရန်အတွက် မြို့ပေါ်သို့တက်ရလေ့ရှိသည်။ ပန်ရံနှင့် ရွာနီးချုပ်စပ်သည် ရွှေဘိုမြို့ပေါ်သို့တက်၍ ဈေးဝယ်လေ့ရှိကြသည်။ ပန်းရံရွာအနောက်ဘက်တွင် ရှိသည့်ရွာများသည် ရွှေဘိုမြို့ပေါ်သို့တက်ရန် ကုန်းလမ်းအတွက် ပန်းရံရွာကို မဖြစ်မနေပင်ဖြတ်ကြရသည်။ ပန်းရံရွာထိပ်ရေဦးလမ်းမပေါ်တွင် ပျူစောထီးများ၏ စစ်ဆေးရေးဂိတ် တစ်ခု ရှိသည်။

 

ထိုပျူစောထီးများအားလုံးတွင် လက်နက်တပ်ဆင်ထားသည်။ နွေဦးတော်လှန်ရေးသမားများက အရှည်ဟု ခေါ် ကြသည့် ရိုင်ဖယ်သေနတ်အရှည်အများစုဖြစ်ပြီး လက်လုပ်သေနတ်နည်းကြောင်း ကိုညီလုံးက ဆိုသည်။ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များမှာ လက်လုပ်အများစုနှင့်တိုက်ပွဲဝင်နေရချိန်တွင် စစ်ကောင်စီလက်အောက်ခံ ပျူ စောထီးများမှာ စက်ရုံထုတ်လက်နက်ကောင်းများ ကိုင်ဆောင်လျက်။

 

 

 

ပန်းရံရွာမှ ကားဖြင့်သွားပါက မိနစ်ထက်ပိုမကြာဘဲ သီလုံးရွာရှိသည်။ ထိုရွာတွင် ယခင်နှစ် ဧပြီလက စတင်ပြီး စစ်ကောင်စီတပ်စွဲထားခဲ့သည်။ လက်ရှိတွင် စစ်ကောင်စီသည် ရွာခံပျူစောထီးများ အားကောင်းပြီဖြစ်သည့် သီလုံးရွာမှ ဇီးဖြူကုန်းရွာသို့ပြောင်းလဲတပ်စွဲထားသည်။ ရေဦးလမ်းမပေါ်တွင် မေးတင်ထားသည်ဖြစ်ရာ ပန်းရံ ရွာသို့ ဝင်ရန် ကတ္တရာခင်းထားသည့် ကားလမ်းသည်လည်း အသင့်ရှိသည်။ စစ်ကောင်စီတပ်များက သီလုံးရွာမှ ထွက်တိုင်း မကြာခဏဝင်လာလေ့ရှိသည်။

 

လွန်ခဲ့သည့်နှစ် နောက်ဆုံးလများတိုင် ပန်းရံရွာတွင် သပိတ်လှုပ်ရှားမှုများရှိခဲ့သော်လည်း ဒီဇင်ဘာလတွင် ပန်းရံရွာ၌ ပျူစောထီးအဖွဲ့ စတင်ပေါ်ပေါက်လာပြီး စိုးမိုးလာသည်နှင့်အမျှ ထိုလှုပ်ရှားမှုများ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။ လက်ရှိတွင် မည်သည့်တော်လှန်ရေးလှုပ်ရှားမှုမှ မရှိတော့သည့် အပြင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးလက်အောက်တွင် ငြိမ်ဝပ်ပိပြားနေပြီပင်ဖြစ်သည်။ ပျူစောထီးများ စိုးမိုးလာသည့် ဒီဇင်ဘာ ကတည်းက ရွာ၏လုံခြုံရေးနှင့် ရပ်ရွာကောင်းစားရေးအတွက်ဟုဆိုကာ အိမ်ထောင် တစ်စုလျှင် တစ်လ ၅,၀၀၀ ကျပ် ဆက်ကြေးကောက်သည်ကို ပေးဆောင်လာခဲ့ရသည်။

 

ယင်းမှတဆင့်ပြောင်းလဲကာ လယ်ပိုင်ရှိသူများမှာ တစ်လ ၇,၀၀၀ မှ ၁၀,၀၀၀ ကျပ်အထိ ပေးဆောင်ရပြီး လယ်ပိုင်မရှိသူများက တစ်လ ၃,၀၀၀ ကျပ် ပေးဆောင်ရသည်။ လက်ရှိတွင် လယ် ဧကနှင့်အထက် ပိုင်သူများက ၁၀,၀၀၀ ကျပ်နှင့် လယ် ဧက‌အောက် ပိုင်ဆိုင်သည့် အိမ်ထောင်စုများက ၅,၀၀၀ ကျပ်နှင့် လယ်ပိုင်မရှိသူများက ၃,၀၀၀ ကျပ် ပေးဆောင်နေရလျက်ရှိသည်။

 

ဆက်ကြေးကောက်တယ်ဆိုတာ အဲ့ဒါအတွက်ပဲဟု ကိုညီပုက ပျူစောထီးများကို ရည်ညွှန်းပြီး ဆိုလေသည်။

 

သီလုံးရွာသည် အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးလာသည်ဖြစ်ရာ အချို့မှာအလုပ်မရှိသဖြင့် ပျူစောထီးအဖွဲ့အတွင်းသို့ ဝင်လိုက်ကြကြောင်း ကိုညီပုကပြောသည်။ ပျူစောထီးများသည် လခလည်း ရသလို စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသူများထံမှတောင်း၍လည်း ဝင်ငွေရကြသည်။ ထို့အပြင် တော်လှန်ရေး ကို ထောက်ခံသည့်အိမ်များကို ဝင်စီးခြင်း၊ ပစ္စည်းများယူခြင်း၊ လုခြင်း စသည်တို့သည်လည်း ၎င်းတို့ဝင်ငွေ ရသည့် လမ်းကြောင်းလည်းဖြစ်သည်။

 

စားပေါက်ချောင်ဖို့ လုပ်တာလည်းရှိတယ်၊ နားမလည်ဘဲဝင်တဲ့သူလည်းရှိတယ်။ သုံးဆယ် (ပန်းရံရွာမှ ပျူစောထီးဦးရေ) ပဲအားသန်တဲ့သူရှိတယ်၊ ကျန်တဲ့လေးဆယ်လောက်က နားမလည် ပါးမလည် လုပ်တာပန်းရံ မှ ပျူစောထီးများအကြောင်းကို ရွာခံကိုညီပုဆိုသည်။ တော်လှန်ရေး အင်အားစုများဘက်မှ စိုးမိုးမှုရှိပါက လွယ်ကူစွာ သိမ်းသွင်းနိုင်ကြောင်း ၎င်းကသုံးသပ်သည်။ 

 

စားပေါက်ချောင်ဖို့ လုပ်တာလည်းရှိတယ်၊ နားမလည်ဘဲဝင်တဲ့ သူလည်း ရှိတယ်။ သုံးဆယ် (ပန်းရံရွာမှ ပျူစောထီးဦးရေ) ပဲအားသန်တဲ့သူရှိတယ်၊ ကျန်တဲ့လေးဆယ်လောက်က နားမလည် ပါးမလည် လုပ်တာ

 

 

 

လွန်ခဲ့သည့် ငါးလခန့်တွင် တစ်ကြိမ်နှင့် သုံးလေးပတ်ခန့်တွင်တစ်ကြိမ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှစ်ကြိမ် လာရောက်ဟောပြောခြင်း ပြုလုပ်ခဲ့သည်။ ရွာမှထွက်ခွာသွားသည့်သူများအနေဖြင့် လက်နက်ကိုင်ခြင်းကဲ့သို့ သော အမှုများမရှိပါက ရွာသို့ပြန်ဝင်ရန်နှင့် မိဘများအနေဖြင့် အပြစ်မရှိဘူးထင်ပါက ပြန်ခေါ်ပါရန် လာရောက် ဟောပြောခဲ့ခြင်းဖြစ်သည်။စစ်သားတွေကသာ ပြောသွားတာ၊ အောက်ခြေ လူတွေက အဲ့လိုမဟုတ်ဘူး။ လူမှုရေးအငြိုးတွေဘာတွေရှိတယ်၊ ပစ်ခွင့်ပေးထားတယ်ဟု ထိုစစ်ကောင်စီတပ်၏ စကားများမှာ စိတ်မချ ရကြောင်း ၎င်းက ပြောလေသည်။

 

ပန်းရံရွာတွင် နာရီကျော်လျှင် မည်သူမျှ ရွာသို့ အဝင်အထွက်မရတော့ပေ။ ရွာသည်မိန်းလမ်းမကြီး ထိပ်တွင်ဖြစ်ရာ / နာရီအထိ လူရှိတတ်သည်ဟု ရွာခံကိုညီပုကဆိုသည်။ ထိုသို့အချိန်ကျော်သူများကို ကင်းစောင့်သူပျူစောထီးများက မထင်သလို သေနတ်နှင့်ပစ်ခြင်း၊ ရိုက်ခြင်းများ ပြုလုပ်တတ်သည်။

 

ပစ်ခွင့်ပေးထားသောကြောင့် လူစိမ်းဆိုလျှင် PDF ဟုစွပ်စွဲကာ လမ်းတွင်ပင် ပစ်သတ်ခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်လေ့ရှိသည်။ လက်ရှိတွင် တစိမ်းဧည့်သည်များ ရွာသို့လာမည်ဆိုပါက စစ်ကောင်စီခန့် ရပ်ကျေးဥက္ကဌ၏ ထောက်ခံစာပါမှသာ ဝင်ထွက်ခွင့်/ခရီးသွားလာခွင့် ရှိသည်ဆိုသည့် စည်းကမ်းကို လိုက်နာနေကြရကြောင်း ကိုညီလုံးက အားမရသည့်လေသံဖြင့် ပြောလေသည်။

 

ထိုမတိုင်ခင်က ပျူစောထီးများက လူစိမ်းများကိုရွာသို့ဝင်ခွင့်မပေးဘဲ ရွာသားများသာ ရွာသို့ အဝင်အထွက် လုပ်ခွင့်ရှိခဲ့သည်။ ပန်းရံရွာတွင် ရွာသားများ စပါးစိုက်ခွင့်ရကြသောကြောင့် လယ်ထဲ ဆင်းနိုင်သည်။ သို့သော် ယခင်က မနက်လေးနာရီ လယ်ထဲသို့ထွက်ခွာကြရရာမှ ယခုငါးနာရီခွဲမှ ထွက် ရသည်။ စပါးရိတ်သိမ်းချိန်တွင် ရွာအတွင်းစိုက်ထားသည့်စပါးများ ဝယ်ရန်အတွက် ရွာခံစပါးပွဲစားများ ဝယ်ခွင့်ရပြီး အခြားရွာမှပွဲစားများသည် ရွာဝင်စပါးဝယ်ခွင့်မရခဲ့ကြောင်း ကိုညီပုကဆိုသည်။ ထိုနေရာ တစ်ဝိုက်တွင် အင်တာနက်အဖြတ်ခံထားရပြီး ရွာအတွင်းနေထိုင်သူများမှာလည်း သတင်းအမှောင် ကျလျက် ရှိသည်။  

 

ရွှေဘိုမြို့နယ်သည် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ၏အင်တာနတ်ဖြတ်တောက်မှုမှ လွတ်ကင်းသည့် လေးမြို့ နယ်တွင် ပါဝင်သော်လည်း ပန်းရံရွာ အနီးအဝိုက်မှာမူ အင်တာနက် ဖြတ်တောက်ခံထားရသည်။

 

ဤသို့ဖြင့် သီလုံး၊ ဇီးဖြူကုန်း၊ ခွန်တောင်းကြီး၊ မြင်းစီးစသည့် ပန်းရံအနီးရှိ ရွာများသည်လည်း စစ်ကောင်စီ တပ်၏ စိုးမိုးမှုအောက်တွင် ပြားပြားဝပ်လျက်ပင်။ ယခင်နှစ် ဒီဇင်ဘာလမှ ယခုနှစ် ဇူလိုင်လအတွင်း ပျူစောထီး များ စိုးမိုးမှု ပိုမိုအားကောင်းလာခြင်းသည် စစ်ကောင်စီတပ်၏ အောင်မြင်မှုပင်။

 

ရွာပေါင်းစုအနီးအစပ်ကို အချိတ်အဆတ်မမိခဲ့ဘူးဒီဇင်ဘာလမတိုင်ခင်က တော်လှန်ရေးအင်အားစုများ အခြေအနေကို ကိုညီလုံးကပြန်ပြောသည်။

 

ဒီဇင်ဘာနောက်ပိုင်း ရွာခံပျူစောထီးများ၏ အင်အားစိုးမိုးလာမှုကို မတားဆီးနိုင်ခဲ့ပုံကိုပြောပြသည်။ အနီးဝန်း ကျင်တွင် စစ်ကောင်စီတပ်စွဲထားသည့်အင်အားလည်းရှိပြီး လက်နက်လည်းရသည့်အပြင် ရွာသူ/သားများဆီမှ ဆက်ကြေးပိုက်ဆံလည်း ကောက်ထားသောကြောင့် ငွေရေးကြေးရေးလည်း အထောက်အပံ့ဖြစ်ကာ ပျူစောထီးများ အားကောင်းသွားကြောင်း ၎င်း၏သုံးသပ်ချက်ကို ဆက်ပြောသည်။

 

ပန်းရံရွာသည် အခြားရွာများကဲ့သို့ ရွာလုံးကျွတ်မီးရှို့ခံရခြင်း၊ ဖျက်ဆီးလုယက်ညှင်းဆဲခံရခြင်းများ မရှိပေ။ သို့သော် ပျူစောထီးများ၏ ၂၄ နာရီကင်းနှင့် လက်နက်များ ရှိနေသည်။

 

ရွာမှထွက်သွားရပြီးနောက် NUG လက်အောက်ခံ PDF တစ်ဦးဘဝကို ရွေးချယ်သွားသည့် ကိုညီလုံးကအုံးတာ ရရင်ရသလို လုပ်တယ်ပဲရသေးတယ်၊ အထောက်အပံ့လည်းမရှိဘူး။ ပန်းရံကို အာရုံမစိုက်နိုင်တော့ဘူး။ တစ်နိုင်ငံ လုံးနိုင်ဖို့ပဲ ဦးစားပေးတော့တာဟု‌ ဆိုသည်။ပကဖ ( ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့) က ကိုယ့်ဟာကိုယ် လှုပ်ရှားလို့ရတယ်။ PDF (NUG လက်အောက်ခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ) ထဲရောက်သွားတော့မရတော့ဘူးဟု ဆက်ပြောလေသည်။

 

ပကဖ (ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့) က ကိုယ့်ဟာကိုယ် လှုပ်ရှားလို့ရတယ်။ PDF (NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ) ထဲရောက်သွားတော့ မရတော့ဘူး” 

 

 

ထိုရွာများကဲ့သို့ရွာများ ရှိနေသေးခြင်းသည် တော်လှန်ရေးကြန့်ကြာဦးမည်ဖြစ်ပြီး ၎င်းတို့ကိုစိုးမိုးနိုင်မှ တော်လှန် ရေး အောင်သည်ဟုပြောရမှာဟု ကိုညီလုံးကပြောလေသည်။ ဤကဲ့သို့သောရွာများအပေါ် စိုးမိုးမှု အားနည်းနေ သောကြောင့် ထောက်ပို့အရာတွင်လည်း ဆုံးရှုံးမှုဖြစ်သည်။ လမ်းပိတ်ထားသောကြောင့် ထောက်ပို့အရာတွင် တော်လှန်ရေးအင်အားစုအတွက် အားနည်းမှုရှိစေကြောင်း ၎င်းက ဆက်ပြောသည်။ဆက်သွယ်ရေးကောင်းရင် ထောက်ပံ့ရေးကောင်းမှာ၊ ဒီလိုရွာတွေကို သိမ်းသွင်းနိုင်မှ နိုင်မှာဟုပြောလေသည်။

 

လွန်ခဲ့သည့်နှစ် စက်တင်ဘာ တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က တစ်နိုင်ငံလုံး လှည်းနေ လှေအောင်းမြင်းဇောင်းမကျန် ရရာလက်နက်စွဲကိုင်၍ စစ်ကောင်စီကိုတော်လှန်တိုက်ထုတ်ရန် D-Day ကြေညာ ခဲ့သည်။ ထိုသို့ကြေညာခဲ့သော်လည်း ဒီဇင်ဘာတွင် ပန်းရံရွာ၌ ပျူစောထီးများ အားကောင်းလာခဲ့သည်။ ပန်းရံရွာ မှာ တော်လှန်ရေးအင်အားစုများဘက်မှ အားမကောင်းသေးသည့် ရွှေဘိုမြို့အနောက်ဘက်ခြမ်းမှ ရွာတစ်ရွာသာ ဖြစ်သည်။ ထိုကဲ့သို့ရွာများ စစ်ကိုင်းတိုင်းနှင့် တစ်နိုင်ငံလုံး တွင် မည်မျှရှိသေးသည်ကို အတိအကျမသိသေးပေ။

 

လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုရွေးထားပြီး တော်လှန်ရေးမအောင်ပါက ရွာသို့ပြန်ရန် မဖြစ်နိုင်ကြောင်း ဆိုထားသည့် ပန်းရံရွာသားကိုညီပုကတော့ပန်းရံရွာရဲ့အနေအထားကို သိစေချင်တာ၊ ဒီလိုရွာတွေမရှိအောင် အဘက်ဘက်ကဝိုင်းဝန်းကူညီပေးကြပါလို့ဟု ပြောလေသည်။

 

Burma Associated Press

 

စစ်ကိုင်း
ပျူစောထီး
စစ်တပ်
ပန်းရံရွာ

Share With
bap-logo