Business
၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ဧပြီလ ၁ ရက်မှ ၁၈ ရက်အထိ ကုန်သွယ်မှု တန်ဖိုး ၇၃ ဒသမ ၇၇၈ သန်း အထိရှိခဲ့
လွန်ခဲ့သော ၃ နှစ် က
ဧပြီ ၂၀။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ဧပြီလ ၁ ရက်မှ ၁၈ ရက်အထိ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၇၇၈ သန်း ဆောင်ရွက် နိုင်ခဲ့ဟု စစ်ကောင်စီဘက်က ထုတ်ပြန်သည့်စာရင်းများအရသိရသည်။
ယခုလ ၁ ရက်မှ ၁၈ ရက်အထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၂၅ ဒသမ ၂၉၆ သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၄၈ ဒသမ ၄၈၂ သန်း ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါတွက်ချက်မှုသည် ငွေလဲနှုန်း တရုတ်ငွေ တစ်ယွမ်လျှင် ၃၀၅ ဒသမ ၂၅၄ ကျပ်ဖြင့် တွက်ချက်ထားခြင်း ဟုဆိုသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း များမှာ ကဏန်း၊ သခွားမွှေး၊ ဖရဲသီး၊ ငရုတ်သီးခြောက်၊ ငရုတ်သီးစို၊ ငါးရှဉ့်၊ ကြက်သွန်နီ၊ သရက်သီး၊ ဖရုံသီး တို့ဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီ
ရှမ်း
မူဆယ်
Top News
အာဆီယံ၏ ကုန်ပစ္စည်းမူလဒေသ သတ်မှတ်ချက်ဆိုင်ရာ ပြဿနာ
လွန်ခဲ့သော ၁၉ နာရီ က
ဘန်ကောက်မြို့၌ မေလတွင် 'Rainbow Dress' ပြပွဲ ကျင်းပမည်
လွန်ခဲ့သော ၁၂ ရက် က
Articles
Share With