Urban Life
အိမ်ပြန်လာသူမရှိသေးတဲ့ ထန်တလန်
လွန်ခဲ့သော ၃ နှစ် က
ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ လူသူတိတ်ဆိတ်ခဲ့တာ ရက်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်နေပါပြီ။ ဒါပေမယ့် စစ်ဘေးရှောင်သူတွေဟာ မြို့ပေါ်သို့ ပြန်မလာရဲသေးတဲ့အပြင် ကျန်ရစ်တဲ့လူအနည်းစုကပါ မြို့နဲ့ ဝေးရာကို ထွက်ခွာနေကြဆဲပါပဲ။
စစ်ကောင်စီရဲ့ လက်ပါးစေတပ်တွေက ထန်တလန်မြို့ရဲ့ တပ်ကုန်းဆိုတဲ့နေရာနဲ့ ရဲစခန်းမှာ တပ်စွဲထားပြီး လက်နက်ကြီးတွေနဲ့ အချိန်မရွေးပစ်ခတ်နိုင်တာကြောင့် ပြန်မလာရဲကြဘူးလို့ စစ်ဘေးရှောင်နေသူ ဒေသခံ တစ်ဦးက ပြောပါတယ်။
“မြို့ပေါ်မှာအခုထိ ထိပ်တိုက်ထိတွေ့တာတွေက ရှိနေတုန်းပါပဲ။ စက်တင်ဘာ ၂၀ လောက်ကနေ ထန်တလန်မှာ လူမရှိတော့ဘူးဖြစ်နေပြီ။ ကျွတ်တော်တို့သိထားသလောက် အခုဆို မြို့ထဲမှာ လူက သုံးလေးယောက်လောက်ပဲ ရှိတော့တယ်။ အဲဒါတောင်မှ သက်ကြီးရွယ်အိုနဲ့ မထွက်ချင်တဲ့သူတွေပဲ ကျန်တော့တယ်” Thantlang Placement Affaires Committee- IDPs help ဆိုတဲ့အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်သူစုစုပေါင်း ၇,၀၀၀ ကျော်ရှိတယ်လို့ Thantlang Placement Affaires Committee- IDPs help က ထုတ်ပြန်ထားပြီး အများစုကတော့ ထန်တလန်မြို့နယ်ထဲက စစ်ဘေးလွှတ်ရာ ကျေးရွာတွေဆီ ထွက်ပြေး ခိုလှုံနေကြပါတယ်။ အချို့မှာလည်း ခွာဟရိန်းတောင်ကြော၊ ဗန်ဇန်းတောင်ကြော၊ ဇနတ်တောင်ကြော၊ ဗိုင်လာမ်းတောင်ကြောနဲ့ ဘွောလ်တောင်ကြောစတဲ့ တောင်ကြောတွေထဲက ကျေးရွာတွေဆီမှာ ခိုလှုံနေကြ တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ထန်တလန်နဲ့ ဟားခါးဘက်ကနေ စစ်ဘေးရှောင် လူဦးရေ ၄,၅၀၀ ခန့်ကလည်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခိုလှုံနေကြသူတွေလည်း ရှိနေပါတယ်။
စစ်ဘေးရှောင်တွေက သူတို့ရောက်ရှိနေတဲ့နေရာဒေသတွေထဲက ဘာသာရေးအဆောက်အဦးတွေ၊ ဆွေမျိုး မိတ်ဆွေ နေအိမ်တွေနဲ့ စစ်ဘေးရှောင်စခန်းဆောက်လုပ်ပေးထားတဲ့နေရာတွေမှာ ခိုလှုံကြသလို အချို့လည်း နေအိမ်တွေ ငှားရမ်းနေထိုင်ရင်း ရှောင်တိမ်းနေကြတာဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေက သူတို့ရောက်ရှိနေတဲ့နေရာဒေသတွေထဲက ဘာသာရေး အဆောက်အဦးတွေ၊ ဆွေမျိုးမိတ်ဆွေ နေအိမ်တွေနဲ့ စစ်ဘေးရှောင်စခန်း ဆောက်လုပ်ပေးထားတဲ့နေရာတွေမှာ ခိုလှုံကြသလို အချို့လည်း နေအိမ်တွေ ငှားရမ်းနေထိုင်ရင်း ရှောင်တိမ်းနေကြတာဖြစ်ပါတယ်။
လူနည်းစုသာ ကျန်ရှိတော့တဲ့ ထန်တလန်မြို့ပေါ်က လူသူကင်းရှင်းနေပြီး တစ်ဖက်မှာ ထန်တလန်မြို့ကို မှီခိုနေကြရတဲ့ မြို့နယ်ထဲက ကျေးရွာတွေမှာ ကုန်စည်စီးပွားကူးသန်းရောင်းဝယ်ရေးတွေနဲ့ စားနပ်ရိက္ခာ ဝယ်ယူ ရရှိရေးတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရဖြစ်တာကြောင့် လာမယ့် အောက်တိုဘာမှာ ကျေးရွာတွေနဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲတွေကို ပိုမိုရင်ဆိုင်လာရနိုင်တယ်လို့ Thantlang Placement Affaires Committee- IDPs help တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“စားနပ်ရိက္ခာကို ပြောရမယ်ဆိုရင်တော့ ထန်တလန်က တကယ့်ကို ဆန်၊ စပါးတွေ၊ စားစရာတွေ ဝယ်ယူရတဲ့ အဓိကကျတဲ့နေရာဖြစ်နေတော့ ဒီလကုန်ပြီဆိုရင်တော့ တော်တော်လေးအခက်အခဲရောက်တော့မယ်။ မြို့ပေါ်က ပြဿနာတွေကြောင့် ဘေးနားက ကျေးရွာတွေမှာလည်း အခက်အခဲရှိနိုင်ပါတယ်” လို့ ၎င်းကပြောပါတယ်။
ပုံမှန်ဆိုရင် ထန်တလန်မြို့ပေါ်မှာ စီးပွားကူးသန်းကြသူတွေ၊ ဈေးဝယ်သူတွေ လည်ပတ်ကြသူတွေနဲ့ စည်ကားစ ပြုတဲ့ အချိန်ဖြစ်ပြီး၊ တောင်ယာသမားတွေအတွက်လည်း ပြောင်းတွေ၊ ဆန်တွေ ရိတ်သိမ်းချိန် ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်ကြောင့် ရိတ်သိမ်းချိန်တန်တဲ့ ပြောင်းခင်းတွေနဲ့အတူ အိုးအိမ်များကိုပါ စွန့်ခွာပြီး အသက်လုထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။
“မိုးကုန်တော့ ချမ်းစိမ့်စိမ့်ဖြစ်နေပြီ။ ဒီအချိန်က တကယ်တော့ ပြောင်းတွေ ရိပ်သိမ်းပြီး လူတွေက ရှုတ်ရှတ်ခတ် နေတဲ့အချိန်ပဲ။ ၁၀ လပိုင်းကုန်လောက်ဆိုရင်လည်း စပါးတွေ ရိတ်သိမ်းရတော့မယ်။ ဒါပေမယ့် ဒီတိုင်း စစ်ပွဲတွေ ဖြစ်နေမယ်ဆိုရင်တော့ စိုက်ခင်းတွေ၊ လယ်တွေကို ဘယ်လိုမှ မသိမ်းနိုင်တော့ဘူး။ ပြည်သူလူထုတွေ ထွက်ပြေး ရင်၊ ကျွန်တော်တို့မရှိရင် ဒေသခံတွေရော စီအန်အက်ဖ်နဲ့ ပီဒီအက်ဖ်တွေရော ဘာစားမလဲ။ ကျွန်တော်အဲဒါကို စဉ်းစားကြည့်တယ်။ အခက်အခဲတော်တော်ရှိမယ် "ဟု ဒေသခံက ပြောသည်။
အခုဆိုရင် ထန်တလန်မြို့ထဲက စစ်ဘေးရှောင်တွေအပါအဝင် မြို့နယ်ထဲက ကျေးရွာတွေမှာ စားဝတ်နေရေး အခက်အခဲတွေအပြင် ကျန်းမာရေးပြသနာကို ရင်ဆိုင်နေကြရပါတယ်။ တစ်ဖက်မှာ စစ်ဘေးနဲ့ တစ်ဖက်မှာ ကိုဗစ်ဘေးကို ရင်ဆိုင်နေကြရပြီး၊ ကျေးရွာအချို့မှာ ကိုဗစ်လူနာတွေကို ဆက်တိုက်တွေ့နေရတယ်လို့ ထန်တလန် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ဆိုပါတယ်။
တစ်ဖက်မှာ စစ်ဘေးနဲ့ တစ်ဖက်မှာ ကိုဗစ်ဘေးကို ရင်ဆိုင်နေ ကြရပြီး၊ ကျေးရွာအချို့မှာ ကိုဗစ်လူနာတွေကို ဆက်တိုက်တွေ့နေ ရတယ်လို့ ထန်တလန် စစ်ဘေးရှောင် ကူညီရေးအဖွဲ့က ဆိုပါတယ်။
"ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ရွာတွေမှာ ကိုဗစ်က တကယ်ပြဿနာဖြစ်နေတယ်။ ကျောင်းတွေမှာ လာနေကြတော့ လူတွေက စုဝေးပြီးနေကြရတယ်။ ကိုဗစ်ကူးစက်နှုန်းကလည်း မြင့်တက်နေတယ်။ စေတနာ့ ဝန်ထမ်းတွေကတော့ ရွာအချို့မှာရှိတယ်။ သူတို့စစ်ပေးတာကြောင့် ကိုဗစ်ကူးစက်နှုန်းက မြင့်တက်လာနိုင်တယ် လို့တောင် ခန့်မှန်းရတယ်။ သေတာတော့ မရှိသေးဘူး။ စာရင်းအတိအကျတွေ ကလည်း မရသေးဘူး” ၎င်းအဖွဲ့ရဲ့ တာဝန်ရှိသူက ဆက်လက်ပြောကြားပါတယ်။
မည်သို့ပင်ဆိုစေ အေးချမ်းလှတဲ့ တောင်ပေါ်မြို့ကလေး ထန်တလန်မှာတော့ လူတွေပြန်ရောက်လာဖို့ ခက်ခဲနေ ဦးမှာပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရပ်တန့်ထားလို့မရတဲ့ ဆောင်းဥတုက ရောက်ရှိလာတော့မှာပါ။ စစ်ဘေးရှောင်တွေက စစ်ဘေး၊ ကိုဗစ်ဘေးအပြင် ဆောင်းရာသီရဲ့ အအေးဒဏ်ကိုလည်း ရင်ဆိုင်ကြရဦးမှာ ဖြစ်ပြီး၊ တစ်ပူပေါ်နှစ်ပူဆင့်ရုံမကတဲ့ အာဏာရှင်စစ်ကောင်စီကပေးတဲ့ ဘေးဒုက္ခကို ရင်ဆိုင်နေကြရပါတယ်။
“မိုးကုန်လို့ ဆောင်းပြောင်းခါနီးဆိုတော့လေ သိပ်တော့မအေးပေမယ့် အေးစိမ့်စိမ့်လေးတော့ ဖြစ်နေပြီ။ အေးလာရင်တော့ မတတ်နိုင်တဲ့သူတွေအတွက် shelter အခက်အခဲ ဖြစ်နိုင်ပါတယ်” စစ်ဘေးရှောင် ကူညီ ထောက်ပံ့ရေးလုပ်နေသူက တွေးပူနေပါတယ်။
ပုံစာ- ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စစ်ကောင်စီတပ်များ ဖျက်ဆီးလိုက်သည့် ထန်တလန်မြို့ မြင်ကွင်း (ဓာတ်ပုံ- CJ)
Burma Associated Press