bap-logo
Politics

ဆန္ဒပြပွဲပါဝင်မှုဖြင့် အသက်မပြည့်သေးသည့် ထိုင်းလူငယ် ရာချီ စွဲချက်တင်ခံထားရ

RKMY2kqbvMv6yfbfflo7p-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ

 

ထိုင်းနိုင်ငံတွင် ၂၀၂၀ ခုနှစ်မှ စတင်ခဲ့သည့် ဒီမိုကရေစီထောက်ခံဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သော လူငယ် ၂၀၀ ကျော် သည် နိုင်ငံတော်အကြည်အညိုပျက်အောင် ပြုလုပ်မှုအပါအဝင် ကြီးလေးသော ရာဇဝတ်မှုဆိုင်ရာ စွဲချက်များနှင့် ရင်ဆိုင်နေရကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဗုဒ္ဓဟူးနေ့ ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြသည်။

 

ဘုရင်စနစ်နှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး တောင်းဆိုသည့် လူငယ်ဦးဆောင်ဆန္ဒပြပွဲများသည် ၂၀၂၀ နှောင်းပိုင်းတွင် အရေအတွက်ထောင်ချီ များပြားခဲ့သည်။

 

ထိုင်းအာဏာပိုင်များက ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့် ကလေးများကို ဖမ်းဆီး၊ တရားစွဲ၊ စောင့်ကြည့်၊ ခြိမ်း ခြောက်မှု များ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲထားပြီး ၁၈ နှစ်အောက်ကလေးများအပေါ် တင်ထားသည့် စွဲချက်များကို ရပ်ဆိုင်း ပေးရန် အစီရင်ခံစာတွင် တောင်းဆိုထားသည်။

 

"ကလေးတွေဟာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါရုံလောက်နဲ့ သူတို့ တစ်ဘဝလုံးအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်" ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (ထိုင်းနိုင်ငံ)မှ သုတေသီ Chanatip Tatiyakaroonwong က ပြောကြားခဲ့သည်။

 

လက်ရှိတွင် အသက် ၁၈ နှစ်အောက် ထိုင်းလူငယ် ၃၀၀ နီးပါး ဆန္ဒပြမှုဆက်နွယ်သည့် ရာဇဝတ်မှု စွဲချက်များနှင့် ရင်ဆိုင်နေရပြီး အမှုပေါင်း ၂၀၀ ကျော် အသက်ဝင်လျှက် ရှိနေကြောင်း လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့က ဆိုသည်။

 

အများစုမှာ ကိုဗစ်ကပ်ရောဂါကာလအတွင်း လူစုလူဝေးပြုလုပ်ခြင်းဆိုင်ရာ စည်းကမ်းများကို ချိုးဖောက်မှုဖြင့် စွဲချက်တင်ခံထားရပြီး ဘုရင်စနစ်ကိုစော်ကားမှုဖြင့် စွဲချက်တင်ခံထားရသည့် အရွယ်မရောက်သေးသူ ၁၇ ဦး ထက်မနည်းရှိကြောင်း သိရသည်။

 

ထိုင်းနိုင်ငံတွင် ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၂ အရ ဘုရင်စနစ်ကို ပုတ်ခတ်စော်ကားပါက စွဲချက်တစ်ခုလျှင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။

 

လူ့အခွင့်အရေးဦးဆောင်ထိုင်းရှေ့နေများအဖွဲ့ (TLHR) မှ ပြုစုထားသော စာရင်းများအရ ၂၀၂၀ ဇူလိုင်မှ ၂၀၂၂ ဒီဇင်ဘာလအတွင်း လွတ်လပ်သောလူငယ်ဆန္ဒပြပွဲများတွင် နိုင်ငံရေးအရပါဝင်မှုဖြင့် အနည်းဆုံး လူပေါင်း ,၈၈၈ ဦး စွဲချက်များနှင့် ရင်ဆိုင်နေရပြီး ယင်းထဲတွင် ၁၈ နှစ်အောက်ကလေး ၂၃၈ ဦး ပါဝင်ကြောင်း သိရသည်။

Source/ပုံ – Bangkok Post/Amnesty International

Burma Associated Press

ထိုင်းနိုင်ငံ
ဘုရင်စနစ်
ဆန္ဒပြ
လူငယ်
ကလေးငယ်များ

Share With
bap-logo