bap-logo
Data

အာဏာသိမ်းစစ်အုပ်စုလက်အောက် နှစ် နှစ်ကြာ ကာလရဲ့ ထူးခြားရက်စဉ်မှတ်တမ်း

Qy4SuVAgsghAguo6HJbZN-image

လွန်ခဲ့သော ၂ နှစ် က

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့စစ်တပ်က ဒီမိုကရေစီနည်းလမ်းတကျ‌ ရွေးကောက်ထားတဲ့ အရပ်သားအစိုးရ ကို ဖြုတ်ချပြီး တိုင်းပြည်အာဏာကို သိမ်းယူခဲ့တာ ယနေ့ ဖေဖေါ်ဝါရီ ရက်မှာဆိုရင် နှစ်နှစ် ပြည့်မြောက်ပြီ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ စစ်ဗိုလ်ချုပ်တွေဟာ ၎င်းတို့ရဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူ မှန်သမျှကို သုတ်သင်ရှင်းလင်းဖယ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်။

 

မြန်မာရဲ့ ရွေးကောက်ခံအစိုးရခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း တစ်သီတစ်တန်းသော ပုဒ်မများနဲ့ တရားစွဲဆိုခံခဲ့ရပြီး နှစ်ရှည်ထောင်ဒဏ်များချမှတ်ခံရခြင်းဖြင့် သူမရဲ့ကျန်ရှိနေသေးတဲ့ ဘဝသက်တမ်း တလျှောက်လုံးကို သံတိုင်တွေနောက်မှာသာကုန်ဆုံးရဖို့ ရင်ဆိုင်နေရပါတယ်။

 

အာဏာသိမ်းစစ်အုပ်စုလက်ထက် သွေးထွက်သံယိုဖြစ်ရပ်များစွာထဲကမှ ကမ္ဘာကိုထိန့်လန့်စေတဲ့ ဖြစ်ရပ်တစ်ခု ကတော့ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူ ဦးကို အာဏာသိမ်း စစ်အုပ်စုက သေဒဏ် စီရင်ခဲ့မှုပါ။ ဒါဟာ မြန်မာမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် သေဒဏ် စီရင်ခြင်းလည်း ဖြစ်ပါတယ်။

 

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အခြေစိုက်လှုပ်ရှားမှုများကို ဖြိုခွင်းတာမှာလည်း စစ်တပ်က လေကြောင်းတိုက် ခိုက်မှုများကို အရှိန်မြှင့်တိုးပွားဆောင်ရွက်နေပြီး လက်နက်ရရှိရေးနဲ့စပ်လျဉ်းကာ မြန်မာစစ်အုပ်စုနဲ့ ရုရှအကြား ဆက်ဆံရေးများပိုမိုနီးစပ်လာပါတယ်။

 

ယင်းကဲ့သို့ အာဏာသိမ်းစစ်အုပ်စုဖက်က သွေးထွက်သံယို ဖြိုခွင်းမှုများကို အရှိန်မြှင့်ဆောင်ရွက်နေပေမယ့် လည်း စစ်တပ်ရဲ့အကြမ်းဖက်မှုများအဆုံးသတ်ရန်နဲ့ အရပ်သားအစိုးရလက်ထဲ တိုင်းပြည် အာဏာ ပြန်လည် ရောက်ရှိဖို့အတွက် သံတမန်နည်းအရ ကြိုးပမ်းအားထုတ်မှုများဟာ အောင်မြင်မှု မရသေးပါဘူး။

 

"ဒီအကျပ်အတည်းဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကလိုပဲ အပူတပြင်းအ‌ရေးကြီးတဲ့အနေအထားမှာ အခုထိ ရှိနေသေးတဲ့ အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကြီးမားတဲ့ကျရှုံးမှုကို ပြန်လည်သုံးသပ်ဖို့ဆိုတာ အရေးကြီးပါတယ် " လို့ ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုစင်တာရဲ့ ဥက္ကဌဖြစ်တဲ့ Akila Radhakrishnan က ဆိုခဲ့ပါတယ်။

 

"နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ၎င်းတို့ရဲ့အမှားကနေ သင်ယူဖို့‌ဆိုတာ ဘယ်တော့မှ‌နောက်ကျမှာ မဟုတ်ပါဘူး။ ကုလ လုံခြုံရေးကောင်စီကလည်း မကြာသေးမီကချမှတ်ခဲ့တဲ့ ၎င်းရဲ့ မြန်မာဆိုင်ရာ ပထမဆုံးသော ဆုံးဖြတ်ချက်ကို မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးခြင်းဖြင့်သော်လည်းကောင်း၊ လက်နက်ရောင်းဝယ်မှုကို ပိတ်ပင်တဲ့အရေးယူခြင်းဖြင့်သော်လည်းကောင်း ရှေ့လျှောက်အရေးယူမှုတွေနဲ့အတူ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖေါ်ဆောင်ရွက်သင့်ပါတယ်" လို့ ၎င်းက ဆိုခဲ့ပါတယ်။

 

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ ရက်ကနေ ယနေ့အချိန်ထိ မြန်မာရဲ့အာဏာသိမ်း စစ်အုပ်စုလက်ထက် ထူးခြားရက်စဉ် မှတ်တမ်းကို တင်ဆက်ပေးလိုက်ပါတယ်။

 

၂၀၂၁၊ ဖေဖေါ်ဝါရီ ၁။

 

၂၀၂၀ နိုဝင်ဘာမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဲမှာ သောင်ပြိုကမ်းပြိုနဲ့ ပြန်လည်ရွေးကောက်ခံကာ အနိုင်ရခဲ့တဲ့ NLD ပါတီရဲ့ ရွေးကောက်ခံလွှတ်တော်အမတ်တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းဆီးထိန်း သိမ်းကာ အ‌ရေးပေါ်အခြေအနေတစ်ရပ်ကို ကြေညာပြီး တိုင်းပြည်အာဏာကို သိမ်းယူခဲ့ပါတယ်။

 

ဖေဖေါ်ဝါရီ ၃။

 

ဆရာဝန်များ၊ ဆရာ၊ ဆရာမများ အပါအဝင် အစိုးရဝန်ထမ်းအများအပြားက အကြမ်းမဖက်ဆန္ဒပြမှု (CDM လှုပ်ရှားမှု) ကို နိုင်ငံတဝှမ်းမှာ စတင်ကြေညာခဲ့ပါတယ်။

 

စကား‌ပြောစက်များကို တရားမဝင်လက်ဝယ်ရှိမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်အုပ်စုက ပထမဆုံးစွဲဆိုတဲ့ အမှုလည်းဖြစ်ပါတယ်။

 

 

ဖေဖေါ်ဝါရီ ၉။

 

ငြိမ်းချမ်းစွာဆန္ဒပြနေသူများအပေါ် သေစေနိုင်လောက်တဲ့အထိ ရဲတပ်ဖွဲ့က အင်အားအလွန်အကျွံ သုံးကာ နှိမ်နှင်းမှုတွေရှိလာပါတယ်။ မြို့တော် နေပြည်တော်မှာ အသက် ၂၀ ရှိ မမြသွဲ့သွဲ့ခိုင်ဟာ ငြိမ်းချမ်းစွာ ဆန္ဒ ဖေါ်ထုတ်နေစဉ် ဦးခေါင်းကို သေနတ်ဖြင့်အပစ်ခံရကာ ဆေးရုံတင်ခဲ့ရပြီးနောက် ၁၀ ရက်အကြာမှာ ဆုံးခဲ့ပါ တယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၀ ခုမှာ လူစုလူဝေးမပြုလုပ်ဖို့ အာဏာသိမ်းစစ်အုပ်စုက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

 

ဖေဖေါ်ဝါရီ ၁၂။

 

စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မှာ သောင်းနဲချီတဲ့ ပြည်သူတွေဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် လှုပ်ရှားမှု တွေထဲ ပါဝင်ချီတက်ခဲ့ပါတယ်။ ဒီချီတက်မှုဟာ စစ်ဗိုလ်ချုပ်တွေက တိုင်းပြည်အာဏာကို သိမ်းပြီးနောက် အကြီးမားဆုံးသော အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒဖေါ်ထုတ်တဲ့ လူအုပ်စုပဲ ဖြစ်ပါတယ်။

 

အမေရိကန်ပြည်ထောင်စုက အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့ရဲ့အပေါင်းအပါ စစ်ဗိုလ်ချုပ်များ အပေါ် လူပုဂ္ဂိုလ်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့ပါတယ်။ ယင်း ပိတ်ဆို့အရေးယူမှုကို ကနေဒါ၊ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံများကပါ လိုက်လံ ဆောင်ရွက်ခဲ့ပါတယ်။

 

ဖေဖေါ်ဝါရီ ၂၆။

 

ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်ဖြစ်တဲ့ ဦးကျော်မိုးထွန်းဟာ ကုလအထွေထွေညီလာခံမှာ မြန်မာ စစ်တပ်ကို ဖြစ်နိုင်သမျှအပြင်းထန်ဆုံးအရေးယူမှုကိုပြုလုပ်‌ဖို့ မိန့်ခွန်းပြောကြားခဲ့ပြီး ၄င်းရဲ့ မိန့်ခွန်းကို လက်သုံးချောင်း ထောင်ကာ အဆုံးသတ်ခဲ့ပါတယ်။

 

ရက်အနည်းငယ်ကြာပြီးနောက် ဦးကျော်မိုးထွန်းကို သံအမတ်ရာထူးက ဖြုတ်လိုက်ပြီဖြစ်တယ်လို့ အာဏာသိမ်း စစ်အုပ်စုက ကြေညာခဲ့ပြီး စစ်အုပ်စုရဲ့ဖိအားတွေရှိပေမယ့် ကုလကတော့ ဦးကျော်မိုးထွန်း ကို လက်ရှိရာထူးမှာပဲ ဆက်ထားခဲ့ပါတယ်။

 

မတ် ၁၀။

 

ကုလ လုံခြုံရေးကောင်စီက အာဏာသိမ်းစစ်အုပ်စုကို ပြည်သူ့လက်ထဲတိုင်းပြည်အာဏာပြန်အပ်ဖို့ တညီ တညွတ်တည်း တောင်းဆိုခဲ့ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သူတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက် နှိမ်နှင်းမှုကို ရှုပ်ချခဲ့ပါတယ်။

 

နောက်တစ်ရက်မှာ မြန်မာဆိုင်ရာ ကုလလု့အခွင့်အရေးကိုယ်စားလှယ်ဖြစ်သူ တွမ်အန်ဒရူးက မြန်မာကို တရားမဝင်အစိုးရ၊ လူသတ်ကောင်က အုပ်ချုပ်နေတာဖြစ်ကြောင်း ကုလလူ့အခွင့်အရေးကောင်စီကို ပြောပါတယ်။

 

နောက်တစ်ရက်မှာ မြန်မာဆိုင်ရာ ကုလလု့အခွင့်အရေးကိုယ်စားလှယ်ဖြစ်သူ တွမ်အန်ဒရူးက မြန်မာကို တရားမဝင်အစိုးရ၊ လူသတ်ကောင်က အုပ်ချုပ်နေတာဖြစ်ကြောင်း ကုလလူ့အခွင့်အရေးကောင်စီကို ပြောပါတယ်။

 

မတ် ၂၇။

 

တပ်မတော်နေ့မှာ အနည်းဆုံး ပြည်သူ ၁၆၀ ကို စစ်တပ်က သတ်ဖြတ်ခဲ့ပါတယ်။

 

ဧပြီ ၁၆။

 

အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့ပါတယ်။

 

ဧပြီ ၁၆။

 

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံ ခေါင်းဆောင် များ တွေ့ဆုံကာ မြန်မာမှာ အကြမ်းဖက်မှုများရပ်တန့်‌‌ရေးနဲ့ နိုင်ငံရေးအကျပ်အတည်းအတွက် အဖြေရှာဖွေရေး တို့ ပါဝင်တဲ့ ဘုံသဘောတူညီချက် ချက်ကို ရယူခဲ့ပါတယ်။

 

မေ ၂၄။

 

အာဏာသိမ်းစစ်အုပ်စုရဲ့ ဖြုတ်ချခံအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံး အကြိမ် အဖြစ် တရားရုံးမှာ ရုံးထုတ်ကြားနာခြင်းခံရပါတယ်။

 

ဆက်သွယ်ရေးစကားပြောစက်များလက်ဝယ်ရှိခြင်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း ကိုဗစ် စည်းမျဉ်း များကို ချိုးဖေါက်ခြင်းကြောင့်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆို ရုံးတင်စ စ်ဆေးခဲ့ပါတယ်။

 

ဇူလိုင် ၂၆။

 

မဲမသမာမှုများရှိခဲ့သည်ဟုဆိုကာ စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း ကြေညာ ခဲ့ပါတယ်။

 

၂၀၂၀ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့တဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းများကတော့ ရွေးကောက်ပွဲမှာ သမာသမတ်မကျမှု ဘာမျှမရှိကြောင်း ဆိုခဲ့ပါတယ်။

 

ဩဂုတ် ၁။

 

အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က စကစရဲ့ ဝန်ကြီးချုပ်အဖြစ် ၎င်းဘာသာ၎င်း ခန့်အပ်ခဲ့ပြီး ၂၀၂၃ မှာ စစ်တပ်က ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပေးမယ်လို့ ကြေညာခဲ့ပါတယ်။

 

ဩဂုတ် ၆။

 

နယူးယောက်မြို့တွင် ကုလ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန်ကြိုးပမ်းခဲ့တဲ့ မြန်မာ နိုင်ငံသား နှစ်ဦးကို အမေရိကန်ပြည်ထောင်စုက တရားစွဲဆိုရုံးတင်အပြစ်ပေးခဲ့ပါတယ်။

 

စက်တင်ဘာ ၆။

 

ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ သာသနာညှိုးနွမ်းစေမှုဖြင့် ထောင်သွင်းအကျဉ်းချ ပြစ်ဒဏ် ပေးခြင်း ခံခဲ့ရသော ဦးဝီရသူကို အာဏာသိမ်းစစ်အုပ်စုက ထောင်မှလွှတ်ပေးခဲ့ပါတယ်။

 

စက်တင်ဘာ ၇။

 

မညစ (အမျိုးသား ညီညွတ်ရေးအစိုးရ) က ပြည်သူ့ခုခံစစ်ကို ကြေညာခဲ့ပါတယ်။

 

အောက်တိုဘာ ၁၆။

 

အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်နဲ့ အာဆီယံ ခေါင်းဆောင်များအကြားရယူခဲ့တဲ့ ဘုံသဘော တူညီချက် ချက်ကို အကောင်အထည်ဖေါ်ရန် မြန်မာစစ်တပ်ဖက်ကပျက်ကွက်တာနဲ့ စပ်လျဉ်းပြီး အာဆီယံ ထိပ်သီးအစည်း အဝေးကို မြန်မာအားပေးမတက်စေခဲ့ပါဘူး။

 

နိုဝင်ဘာ ၁၆။

 

ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား ၁၅ ဦးအား ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ကျူးလွန်တယ်ဟု ဆိုကာ တရားစွဲဆိုရုံးတင်ပို့ခဲ့ပါတယ်။

 

ဒီဇင်ဘာ ၆။

 

စစ်တပ်အားအ‌သရေဖြတ်မှုနဲ့ ကိုဗစ် စည်းကမ်းများကို ချိုးဖေါက်သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် () နှစ် စတင်ချမှတ်ခဲ့ပြီး ယင်းနေ့ညတွင်ပင် ထောင်ဒဏ် နှစ်နှစ်သို့ ဖြေလျော့ပေးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

 

ဒီဇင်ဘာ ၂၄။

 

ခရစ္စမတ်ပွဲတော်ကာလအတွင်း ကယားပြည်နယ်ရှိ ဖရူးသို့ စစ်တပ်ရဲ့စီးနင်းဝင်ရောက်တိုက် တိုက်ခိုက်မှုအတွင်း အရပ်သား ဒါဇင်ခန့်ကို စစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ ကုလက ဆိုခဲ့ပါတယ်။

 

၂၀၂၂၊ ဇန်နန်ဝါရီ ၇။

 

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်ဟာ ပထမဆုံးနဲ့ ယခုအချိန်အထိ တစ်ဦးတည်းသော နိုင်ငံ့ ခေါင်းဆောင် အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပါတယ်။

 

ဇူလိုင် ၂၅။

 

အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူများဖြစ်ကြသော ကိုဖြိုးဇေယျာသော်၊ ကိုကျော်မင်းယု (ကိုဂျေမီ) ကိုလှမျိုးအောင်နဲ့ ကိုသူရဇော်တို့ကို အာဏာသိမ်းစစ်အုပ်စုက အင်းစိန်ထောင် တွင်ပင် ကြိုးမိန့်ပေးစီရင်ခဲ့ပါတယ်။

 

ယခု သေဒဏ်စီရင်မှုဟာ မြန်မာမှာ နှစ် ၃၀ ကျော်အတွင်း ပထမဆုံး သေဒဏ်စီရင်မှုလည်းဖြစ်ခဲ့ပါတယ်။ သေဒဏ်ကျမိန့်ခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်ရှိနေပါသေးတယ်။

 

ယခု သေဒဏ်စီရင်မှုဟာ မြန်မာမှာ နှစ် ၃၀ ကျော်အတွင်း ပထမဆုံး သေဒဏ်စီရင်မှုလည်းဖြစ်ခဲ့ပါတယ်။ သေဒဏ်ကျမိန့်ခံထားရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်ရှိနေပါသေးတယ်။

 

ဩဂုတ် ၃။

 

ရုရှနိုင်ငံခြားရေးဝန်ကြီး Seregy Lavrov နဲ့ စစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တို့ နှစ်ဦး နေပြည်တော်မှာ ဆုံတွေ့ခဲ့ပါတယ်။

 

စက်တင်ဘာ ၇။

 

ရုရှနိုင်ငံ မြို့တော် မော်စကိုမှာကျင်းပခဲ့တဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ် သို့ မင်းအောင်လှိုင်တက်ရောက်ကာ ရုရု သမ္မတ ဗလာဒီမာ ပူတင် နဲ့ တွေ့ဆုံခဲ့ပါတယ်။

 

စက်တင်ဘာ ၁၆။

 

စစ်ကိုင်းတိုင်းရှိ စာသင်ကျောင်းတစ်‌ကျောင်းကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုမှာ အနည်းဆုံး ကလေးငယ် ၁၁ ဦး သေဆုံးခဲ့ရပါတယ်။

 

ယင်းဖြစ်စဉ်နှင့်စပ်လျဉ်းကာ အာဆီယံအနေနဲ့ မြန်မာ့အ‌‌ရေးမှာ ဘုံသဘောတူညီချက် ချက်က ဆက်ဆိုင် နေဆဲပဲလား (သို့) ယင်းဘုံသဘောတူညီချက်ကို အစားထိုးဆောင်ရွက်ဖို့ လိုနေပြီလား ဆိုတာကို မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အက်ဒူလာ က မေးခွန်းထုတ်ခဲ့ပါတယ်။

 

နိုဝင်ဘာ ၁၇။

 

အမျိုးသားနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ခေါင်းစဉ်နဲ့ ဩစတြေးလျစီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနယ်၊ ဂျပန်လူမျိုးရိုက်ကူးရေးသမား တိုရူ ကူဘိုတာ၊ မြန်မာဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီ ဘိုးမန်း နဲ့ အမေရိကန်နိုင်ငံသား ကျော်ဌေးဦးတို့ နဲ့အတူ အကျဉ်းသား ၅,၇၇၄ ဦးကို စစ်တပ်က လွှတ်ပေးခဲ့ပါတယ်။

 

ဒီဇင်ဘာ ၂၂။

 

မြန်မာမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုများကို ရပ်တန့်ပေးရန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန် ကုလလုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်ချက် ချခဲ့ပါတယ်။

 

အဖွဲ့ဝင် ၁၅ နိုင်ငံရှိတဲ့အထဲ တရုတ်၊ ရုရှ နဲ့ အိန္ဒိယက မဲ့မပေးခဲ့ဘဲ ကျန် ၁၂ နိုင်ငံက ယင်းဆုံးဖြတ်ချက်ကို ထောက်ခံမဲ‌ပေးခဲ့ကာ အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။ ယခု ဆုံးဖြတ်ချက်ဟာ လွတ်လပ်ရေးရပြီးစ မြန်မာကို ကုလသမဂ္ဂရဲ့အဖွဲ့ဝင်အဖြစ် လက်ခံကြောင်း ၁၉၄၈ ခုနှစ်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ပြီးနောက် ၇၅ နှစ်အတွင်း ပထမဆုံးချမှတ်တဲ့ မြန်မာဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုလည်းဖြစ်ပါတယ်။

 

ဒီဇင်ဘာ ၃၀။

 

ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် နှစ်ချမှတ်ခဲ့ခြင်းဖြင့် ၎င်းအပေါ် တစ်သီတစ်တန်းစွဲဆိုထားတဲ့ ပြစ်မှုများကို လက်စသတ်ခဲ့ပါတယ်။ အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဟာ ၎င်းအပေါ်စွဲဆိုထားတဲ့ အမှုများနဲ့ ထောင်ဒဏ်စုစုပေါင်း ၃၃ နှစ် ချမှတ်ခံခဲ့ရပြီး ၎င်းကိုဘယ်နေရာမှာ ချုပ်နှောင်ထားတယ်ဆိုတာကို စစ်တပ်က ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။

 

၂၀၂၃၊ ဇန်နန်ဝါရီ ၅။

 

တိုင်းပြည်ရဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးအဖြစ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြစ်ဒဏ်ခံ အကျဉ်းသား ၇,၀၀၀ ကျော်ကို အာဏာသိမ်းစစ်အုပ်စုက လွှတ်ပေးခဲ့ပေမယ့် ၎င်းတို့ထဲမှ အနည်းအကျဉ်းသာ နိုင်ငံ‌ရေး အကျဉ်းသားများဖြစ်ကြောင်း သိရပါတယ်။

 

ဇန်နန်ဝါရီ ၂၄။

 

ရိုဟင်ဂျာ လူနည်းစုအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုများနဲ့ အာဏာသိမ်းကာလအတွင်း စစ်တပ်ရဲ့မြန်မာပြည်သူများအ‌ပေါ် ဥပဒေမဲ့ကျူးလွန်ခဲ့တဲ့ ပြစ်မှုများနဲ့စပ်လျဉ်းပြီး ယင်းဖြစ်စဉ်များမှာ ရှင်သန်ကျန်ရစ်သူမြန်မာနိုင်ငံသား ဒါဇင်‌ကျော်ခန့်က မြန်မာစစ်တပ်က တာဝန်ရှိသူများကို ပြစ်မှု ကြောင်းအရ တရားစွဲဆိုမှုတစ်ခုကို ဂျာမနီ နိုင်ငံက တရားရုံးတစ်ခုမှာ ပြုလုပ်ခဲ့ပါတယ်။

 

"ယခုတရားရုံးကို တင်သွင်းတဲ့ အမှုစွဲဆိုလွှာမှာဆိုရင် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ပြစ်မှုများနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ရာမြောက်တဲ့ မြန်မာစစ်တပ်ရဲ့ စည်းစနစ်တကျနဲ့ လူများကို သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ လက်စဖျောက်ပစ်ခြင်း၊ နှိပ်စက်ခြင်းတို့ကို ကျူးလွန်ခဲ့တဲ့ ထင်ရှားတဲ့ သက်သေတွေကို ဖေါ်ပြထားပါတယ်" လို့ Fortify Rights အဖွဲ့ရဲ့ ပူးတွဲ တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ မတ္တရူး စမစ် (Matthew Smith) ကဆိုခဲ့ပါတယ်။

 

ဇန်နန်ဝါရီ ၂၆။

 

မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ဒီရေတက်သလို တက်လာလျှက် ရှိကြောင်း ကုလ က ထုတ်ပြန်ခဲ့ပါတယ်။

 

ဇန်နန်ဝါရီ ၂၇။

 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတစ်ရပ်ကို နိုင်ငံပိုင်သတင်းစာတွေမှာ ထုတ်ပြန်ခဲ့ပါတယ်။

 

၂၀၂၃၊ ဖေဖေါ်ဝါရီ ၁။

 

စစ်တပ်က တိုင်းပြည်အာဏာသိမ်းပြီး နှစ်နှစ်အကြာ ယနေ့မှာတော့ မြန်မာစစ်တပ်ရဲ့ အဓိကဝင်ငွေ ရလမ်း တစ်ခုဖြစ်နေတဲ့ နိုင်ငံပိုင် မြန်မာ့ရေနံနှင့်ဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းက အရာရှိများကို ပထမဆုံးအကြိမ် အဖြစ် ပိတ်ဆို့အရေးယူမှုတစ်ရပ်ကို ချမှတ်ကြောင်း အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါနဲ့ ဗြိတိန်တို့က ကြေညာခဲ့ပါတယ်။

 

"ကျွန်ုပ်တို့အနေနဲ့ မြန်မာကို ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်ပြီးမောင်းနှင်ပေးနိုင်ရန် ထပ်လောင်း တောင်းဆို ပါတယ်" ဆိုတဲ့ စာသားပါ ပူးတွဲထုတ်ပြန်ချက်တစ်ခုကို အာမေးနီးယား၊ ဘော့ဆွာနာနှင့် ဟာဇီဂိုဗီနာ၊ မိုင်ခရိုနီးရှီးယား ဖဒရယ်ပြည်နယ်များ၊ ဂျော်ဂျီယာ၊ ဂါနာ၊ အိုက်စလန်၊ လက်ချင်စတိန်း၊ မွန်တီနီဂရိုး၊ နယူးဇီလန်၊ မြောက် မက်ဆီဒိုးနီးယား၊ နော်ဝေ၊ တောင်ကိုရီးယား၊ မာရှယ်ကျွန်းစု၊ ပါလာအူ၊ ဆားဘီးယား၊ ဆွဇ်ဇလန်နဲ့ ယူကရိန်းနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများက ထုတ်ပြန်ခဲ့ပါတယ်။

 

နိုင်ငံ‌ရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းများအရ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူများနဲ့ ပြည်သူ အနည်းဆုံး ၃,၀၀၀ ခန့်ဟာ သတ်ဖြတ်ခံခဲ့ရပြီး ဒါဟာ ယမန်နှစ်ကထက် နှစ်ဆ တိုးလာခြင်းဖြစ်ပါတယ်။

 

ဒါတွေအပြင် ၁၇,၅၇၃ ဦးဟာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၁၃,၇၆၃ ဦးဟာ ယခုချိန်ထိ ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။

 

မြန်မာမှာဖြစ်ပွားနေတဲ့တိုက်ပွဲများကြောင့် ခန့်မှန်းခြေ ပြည်သူ . သန်းကျော်ဟာ နေရပ်‌စွန့်ခွာ ရှောင်ပြေးနေရကြောင်း ကုလ ရဲ့ ထုတ်ပြန်ချက်များအရသိရပါတယ်။

 

(အယ်ဂျာဇီးရား သတင်းဌာနရဲ့ "Timeline: Two Years since the Myanmar Military Coup" ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်သည်။)

 

Burma Associated Press

 

 

 

 

မြန်မာ
စစ်တပ်
အာဏာသိမ်း

Share With
bap-logo