bap-logo
Article

အချစ်၊ အလှနဲ့ ဘဝတစ်ခုလုံး ရင်းထားတဲ့ တော်လှန်ရေးရဲဘော်

LIsPB98TrQ4npkaQN1g1Y-image

လွန်ခဲ့သော ၂ နှစ် က

သာမန် မိန်းကလေးတိုင်းလိုလို ခေတ်မီတဲ့ အလှပြင်ပစ္စည်း၊ branded အသုံးအဆောင်တွေအပါအဝင် နွေးထွေးတဲ့ ချစ်သူနဲ့ မိသားစုဝင်တွေကို လိုချင်တပ်မက်ကြသူချည်းပါပဲ။ အဲဒီအပြင် ဝါသနာအရင်းခံတဲ့ လုပ်ငန်းခွင်ကိုပါ ရခဲ့မယ်ဆိုရင်တော့ အတိုင်းထက်အလွန် ပျော်ရွှင်မှုပါပဲ။  ဒီလိုပျော်ရွှင်မှုရခဲ့၊ ရှိခဲ့သူထဲ မရည်မြတ်မွန်နိုင်လည်း ပါဝင်ခဲ့ပါတယ်။

 

ချစ်ခြင်းမေတ္တာဆိုရင်လည်း မိသားစုရဲ့ ၅၂၈ မေတ္တာအပါအဝင် ချစ်သူရဲ့ နွေးထွေးတဲ့အချစ်တွေကိုပါ ခံစားရရှိခဲ့ပြီး၊ နှစ်ကာလ တစ်ခုကြာအောင်ထိ အချစ်ခရီးလမ်းကို တည်ဆောက်လျှောက်လှမ်းနိုင်ခဲ့တာမို့  မရည်မြတ်မွန်နိုင်အတွက် ဘဝခရီးဟာ မျှော်လင့်ထားတဲ့ ပန်းတိုင်တစ်ခုဆီ တက်လှမ်းဖို့ အရာရာအသင့်လို ရှိခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ရက် မတိုင်ခင် ထိတော့ မရည်မြတ်မွန်နိုင်အတွက် ချစ်သူ၊ မိသားစု၊ အလှအပရေးရာ၊ ဝါသနာတွေဟာ လိုချင်သလို ထပ်တူကျ ရရှိနေခဲ့တာပေါ့။

 

ဒါပေမဲ့ ထိုအခြေအနေအားလုံးရဲ့ အခြားဘက် အခြေအနေတစ်ခုဟာ ဖေဖော်ဝါရီလ ရက်အလွန်မှာတော့ မရည်မြတ်မွန်နိုင် ကိုယ်တိုင်ပင် ကြိုမသိနိုင်ခဲ့ဘဲ ချစ်သူအပါအဝင် အရာရာကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။  ဖေဖော်ဝါရီလ ရက် အာဏာသိမ်း မှုဟာ မရည်မြတ်မွန်နိုင်ရဲ့ ဘဝကို အရာရာ ပြောင်းပြန်လှန်ပစ်ခဲ့တာပါပဲ။

 

အရင်ဆုံး အဖုအထစ်လေးတွေနဲ့ စလာတယ်။ ဒီကာလဟာ ရေရှည်ဖြတ်သန်းရမှာ ဖြစ်ပြီး  သူ့ဘက် အခက်အခဲအခြေအနေနဲ့မို့ နားလည်မှု လုံးဝယူလို့မရတော့ဘဲ အချစ်ရေးက ပျက်စီးသွားခဲ့တယ်။ နှစ်များအောင် တွဲခဲ့တာဆိုတော့လည်း ထိခိုက် ခံစားခဲ့ရတာပေါ့လေလို့ မရည်မြတ်မွန်နိုင်က သူစွန့်လွှတ်ခဲ့ရတဲ့ ဘဝတစ်စိတ် တပိုင်းနဲ့ ပတ်သက်ပြီး ပြောပါတယ်။

 

အရင်ဆုံး အဖုအထစ်လေးတွေနဲ့ စလာတယ်။ ဒီကာလဟာ ရေရှည်ဖြတ်သန်းရမှာဖြစ်ပြီး  သူ့ဘက် အခက်အခဲအခြေအနေနဲ့မို့ နားလည်မှု လုံးဝယူလို့မရတော့ဘဲ အချစ်ရေးက ပျက်စီးသွားခဲ့တယ်။ နှစ်များအောင် တွဲခဲ့တာဆိုတော့လည်း ထိခိုက်ခံစားခဲ့ရတာ ပေါ့လေလို့ မရည်မြတ်မွန်နိုင်က သူစွန့်လွှတ်ခဲ့ရတဲ့ ဘဝတစ်စိတ်တပိုင်းနဲ့ ပတ်သက်ပြီး ပြောပါတယ်။

 

အာဏာသိမ်းမှုအစပိုင်း စီဒီအမ် လှုပ်ရှားမှုမှာ ပါဝင်ခဲ့ချိန်ထိ သူမတို့ ချစ်သူနှစ်ဦး အာဏာရှင်တော်လှန်ရေးအတွက် အင်တိုက် အားတိုက် ရှိခဲ့ကြပါတယ်။ ဒါပေမယ့် မရည်မြတ်မွန်နိုင်ရဲ့ အာဏာရှင် တော်လှန်ရေးခရီးက သပိတ်မှောက် ဆန္ဒပြရုံလောက်နဲ့ အပြီးမသတ်ခဲ့ပါဘူး။ လက်နက်မဲ့ပြည်သူလူထုအပေါ် စစ်ကောင်စီတပ်သားတွေရဲ့ ရက်ရက်စက်စက် ပစ်သတ်ဖမ်းဆီးတာတွေ ကို တွေ့မြင်လာရတဲ့အခါ မတရားမှုကို မလိုလားသူပီပီ ကိုယ်တိုင်လက်နက်ကိုင်ပြီး တော်လှန်မယ့် ရဲဘော်ဘဝထဲဝင်ဖို့ မရည်မြတ်မွန်နိုင် ဆုံးဖြတ်ခဲ့ပါတယ်။

 

အဲဒီအချိန်ဟာ မရည်မြတ်မွန်နိုင်အတွက် မိသားစု၊ ချစ်သူနဲ့ တော်လှန်ရေး ရဲဘော်ဖြစ်ရေးအကြားမှာ စိတ်လွန်ဆွဲခဲ့ရသလို၊ ခက်ခဲတဲ့ အချိန်တွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မရည်မြတ်မွန်နိုင်ဟာ နောက်မလှည့်တော့ဘဲ ပျော်စရာကောင်းတဲ့ အချစ်ခရီး ကနေ တော်လှန်ရေးခရီးကိုသာ ချီတက်ခဲ့ပြီး အာဏာရှင်ကို တိုက်ထုတ်ဖို့ ပြတ်သားစွာ ရွေးချယ်ခဲ့ပါတယ်။

 

စီဒီအမ် လုပ်တဲ့အချိန်ထိကို အချစ်ရေးက အဆင်ပြေတယ်။ သူကလည်း ကိုယ်နဲ့အတူတူ ဒီတော်လှန်ရေးမှာ လုပ်နေတုန်းပဲ။ သူကတော့ အရပ်သားပေါ့နော်။ ဒါပေမဲ့ ကိုယ်က ဒီတော်လှန်ရေးမှာ ထဲထဲဝင်ဝင် လူကိုယ်တိုင် ပါဝင်မယ်ဆိုတော့ နှစ်ယောက် ညှိမရတဲ့ အခြေအနေရှိလာတယ်။ ဒါပေမယ့် တော်လှန်ရေး အလုပ်ကိုပဲ ဆက်ပြီး တစိုက်မတ်မတ် လုပ်ဖြစ်တယ်။ ဒီအချိန်မှာက အချစ်ကို ဦးစားပေးလို့ရတဲ့ အချိန်မဟုတ်တဲ့အတွက်ပေါ့လို့ သူမက ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ပြန်ပြောင်းပြောပြပါတယ်။

 

တကယ်တော့ သူမက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ရဲမေတစ်ယောက်ပါ။ ဝါသနာကြီးခဲ့တဲ့ ရဲမေဘဝကို မိဘတွေနဲ့ အတိုက်အခံလုပ် ညှိနှိုင်းပြီး ရွေးချယ်အကောင် အထည်ဖော်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းမှုဟာ သူ့ အတွက် သူချစ်တဲ့ ရဲမေဘဝကနေ ရဲဘော်ဘဝကို အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။

 

သူမဟာ ပြည်သူ့ကာကွယ်ရေးရဲဘော် ဖြစ်မလာခင်ကတည်းက ရဲတပ်ဖွဲ့ကို စိတ်ကုန်နေခဲ့ပြီး၊ အလုပ်ကထွက်ဖို့ထိ စိတ်ပိုင်းဖြတ် ထားဖူးခဲ့ပါတယ်။ ဝါသနာအရ ကြိုးစားဖြစ်လာခဲ့တဲ့ ရဲမေဘဝအဖြစ်ရှိစဉ် ရဲတပ်ဖွဲ့ကြီးရဲ့ စည်းစနစ်တွေဟာ ထင်ထားသလို မဟုတ်ဘဲ ပျက်စီးယိုယွင်းနေတာကို မျက်ဝါးထင်ထင်တွေ့ရှိ စိတ်ပျက်ခဲ့ရသူလည်း ဖြစ်ပါတယ်။ သို့ပေမယ့် ၃နှစ်တာကာလ အထိ  ရဲမေတစ်ဦးရဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါတယ်။

 

မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တဲ့ ရဲမေဘဝ၊ ရဲတပ်ဖွဲ့ပတ်ဝန်းကျင်ကို အာဏာသိမ်းမှုကြောင့်ပင် စောလျင်စွာ စွန့်လွှတ်နိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ သို့သော် သူမ မျှော်လင့်ထားသလို အရပ်သူတစ်ယောက်နေနဲ့ ဘဝတစ်ခုကို မဖြတ်သန်းနိုင်ခဲ့ဘဲ အာဏာရှင် စနစ်ချုပ်ငြိမ်းဖို့ ကျရာတာဝန်တစ်ခု၊ စစ်အာဏာတော်လှန်ဖီဆန်မှုအဖြစ် တော်လှန်ရေး ရဲဘော်ဘဝကို သူမ ရွေးချယ် လျှောက်လှမ်းဖြစ်ခဲ့ပါတယ်။

 

ရဲတပ်ဖွဲ့ကြီးရဲ့ စည်းစနစ်တွေက အရမ်းအထဲမှာ ပျက်စီးနေတယ်။ စည်းစနစ်ရှိပြီး လူတွေက စည်းစနစ်ကို မလိုက်နာဘဲ ပျက်စီးနေတယ်။ အဲဒီတော့ ကိုယ်က လုပ်သက် နှစ် ပြည့်တာနဲ့ ထွက်မယ်ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ခဲ့တယ်။ ပြီးရင် အရပ်သူအနေနဲ့ တခြားအလုပ်လုပ်မယ်ပေါ့။ ဒါပေမယ့် အရာရှိဖြေခါနီးမှာပဲ အာဏာသိမ်းသွားတယ်။ ကိုယ်က မတရားမှုကို လက်မခံနိုင်ဘူး။ တော်လှန်ချင်တဲ့အတွက်ကြောင့် ခုလိုရဲဘော်ဖြစ် လာတာပေါ့လို့  တော်လှန်ရေးရဲဘော် ဖြစ်လာခြင်းရဲ့အစကို မရည်မြတ်မွန်နိုင်က ပြောပြပါတယ်။

 

ဝါသနာကြီးလွန်တဲ့ ရဲမေဘဝကို စွန့်ပြီး စီဒီအမ်လှုပ်ရှားမှုမှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့ချိန်ဟာလည်း သူမဘဝရဲ့ အခက်ခဲဆုံးနဲ့ ကြောက်စိတ်အဖြစ်ဆုံး အချိန်တွေထဲက တစ်ခုလို့ဆိုနိုင်ပါတယ်။ တာဝန်ကျနေတဲ့ နေရာကနေ အဝေးဆုံးနေရာ တစ်ခုကို တစ်ရက်တည်းနဲ့ အရောက်သွားရမယ့် ခရီးကိုတွေးမိတိုင်း သူမ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရပါတယ်။ သူမ မိသားစုကလည်း စီဒီအမ် လှုပ်ရှားမှုမှာပါဝင်ဖို့ကို ခွင့်ပြုခဲ့ပါတယ်။ အခုဆိုရင် သူမ စီဒီအမ် လုပ်ခဲ့တာ တစ်နှစ်နဲ့ ငါးလကျော် ရှိခဲ့ပါပြီ။

 

စီဒီအမ်လုပ်တဲ့နေ့က ခံစားချက်ဆိုရင် ကြိုတင်စီစဉ်ထားတယ်ဆိုပေမဲ့ ဒီနေ့မှာ ငါထွက်ရတော့မယ်ပေါ့။ သေချာ စနစ်တကျနဲ့ စီစဉ်ပြီး ထွက်ရပြီပေါ့၊ ခံစားချက်က အရမ်းရင်လည်းခုန်ရတယ်၊ သူများမသိအောင်လုပ်ရတဲ့ အလုပ်အတွက်ကိုပဲ အရမ်း ရင်ခုန်ရတယ်။ ပြီးတော့ ပြန်ပြီးတော့ကိုယ့်ကို မိသွားမှာ ကြောက်လန့်စိတ်လည်း ဖြစ်တယ်။ တစ်နေ့ထဲမှာပဲ တာဝန်ကျတဲ့ဆီနဲ့ အဝေးဆုံးနေရာကို ကိုယ်က သွားရတာဖြစ်တဲ့အတွက်ကို လမ်းခရီးအတား အဆီးလေးတွေနဲ့ ပတ်သက်ပြီးတော့လည်း အရမ်း ရင်ခုန်ခဲ့ရတယ်လို့ သူမက အဲဒီနေ့ စိတ်ခံစားမှုကို ပြောပါတယ်။

 

စီဒီအမ်မှာ ပါဝင်ဖို့ ခွင့်ပြုပေးခဲ့ကြပေမယ့် အသက်အန္တရာယ် ကျရောက်နိုင်တဲ့ထိ စွန့်စားရမယ့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော်ဘဝ ရွေးချယ်မှုအတွက်ကိုတော့ မိသားစုက သူမကို ခွင့်မပြုခဲ့ပါဘူး။ သို့ပေမယ့် မိသားစုရဲ့ သဘောထားကို သူမ တစ်ယောက် မျက်ကွယ်ပြုပြီး လွန်ဆန်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူမကို မိသားစုက သမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ် ကြောင်း ကြေညာခဲ့ကြပါတယ်။ တဖြည်ဖြည်း မိသားစုဝင်တွေနဲ့ သူမ အဆက်အသွယ်ပင်ပြတ် ဝေးကွာခဲ့ရပါတယ်။

 

အမွေပြတ် စွန့်လွှတ်မှုက မျှော်လင့်ထားပြီးသားပါ။ အိမ်က ခွင့်မပြုကတည်းက အိမ်ရဲ့ သဘောထားကို သိထားပြီး ဖြစ်တာမို့ သိပ်မခံစားရခဲ့ဘူးလို့ မိဘက အမွေပြတ် စွန့်လွှတ်ခံရတဲ့အပေါ်  မရည်မြတ်မွန်နိုင်က ပြောပါတယ်။

 

အမျိုးသမီးရဲဘော်ဖြစ်လာတဲ့အခါမှာတော့ ကြုံတွေ့ရတဲ့ ဆိုးခြင်းကောင်းခြင်းတိုင်းကို သူမလက်ခံခဲ့ပါတယ်။ ကျင်လည်ရတဲ့ ပတ်ဝန်းကျင်အခက်အခဲတွေ၊ ပေါင်းသင်းဆက်ဆံရတဲ့ အမျိုးစုံသော လူနဲ့စရိုက်တွေ၊ အမျိုးသမီး တစ်ဦးအနေနဲ့ ကြုံရတဲ့ ခွဲခြားဆက်ဆံခံရမှု၊ ကျန်းမာရေးပြဿနာတွေကိုလည်း ကြံ့ကြံ့ခံရင်ဆိုင်ရင်း သူမ ကျော်ဖြတ်ခဲ့ပါတယ်။ အခက်အခဲများစွာ၊ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရပြီး၊ တစ်ခါတစ်ရံ စိတ်အားငယ်မှုဖြစ်ပေမယ့်  တော်လှန်ရေးမှာ တတ်နိုင်တဲ့ဘက်က ပါဝင်နေဖို့ သူမရဲ့ ပြင်းပြစိတ်ကတော့ ခိုင်မာရှင်သန်နေဆဲပါပဲ။

 

အလုပ်လုပ်တဲ့အခါ ကျား၊မ ခွဲတဲ့ကိစ္စ ကြုံရတယ်။ ဒါပေမယ့် အိမ်တစ်လုံးဆောက်သလိုပဲ အမိုးရှိပြီး အကာမရှိလည်း မရဘူး။ အကာရှိပြီး အခင်းမရှိလည်း မရဘူးဆိုတော့ ကိုယ်ကတတ်နိုင်တဲ့ဘက်က ပါဝင်မယ်။ ကိုယ်ဖြစ်ချင်တဲ့ စိတ်ကိုမြိုသိပ်၊ ဖြစ်သင့်တဲ့ဟာမျိုးဝင်ပြီး လုပ်မယ်ဆိုလို့ရှိရင် ဒါက အဆင်ပြေတယ်ပေါ့ ဘယ်စိန်ခေါ်မှုကိုမဆို ကိုယ်က လက်ခံနိုင်တယ်ပေါ့။ အာဏာရှင်အမြစ်ပြတ်ဖို့ကို လာပြီးတော်လှန်တာဆိုတော့ ရဲဘော်ဖြစ်ခြင်းရဲ့ ဆိုးခြင်း ကောင်းခြင်းကို အများကြီးတော့ နှိုင်းယှဉ် ပြောလို့မရဘူးပေါ့။ အာဏာရှင်ကို တိုက်ထုတ်တဲ့ အထဲမှာ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရတာက ကောင်းခြင်းပေါ့လို့ သူမက ပြောပါတယ်။

 

ဝေးလံခေါင်သီတဲ့ တောတောင်ရေမြေထဲမှာ စခန်းချနေထိုင်ရတဲ့ သူမအနေနဲ့ တစ်ခါတလေ မြို့ပေါ်မှာ နေထိုင်ခဲ့ရတဲ့ အချိန် ကာလတွေကို လူ့သဘာဝအရ တမ်းတလွမ်းဆွတ်မိခဲ့ပါတယ်။ အထူးသဖြင့် မိန်းကလေး သဘာဝ အလှအပရေးရာအတွက် ပြင်ပြင်ဆင်ဆင် နေထိုင်ပြီး ဝတ်စားဆင်ယင်ရတာတွေ၊ စားချင်တာကို လွယ်လင့်တကူ ဝယ်ယူစားသောက်နိုင်တာတွေကိုပါပဲ။ ဒါပေမယ့် လက်တွေ့မှာတော့ အားလုံးက တခြားစီဖြစ် နေခဲ့ပါတယ်။ လက်ထဲမှာ ပိုက်ဆံရှိနေရင်တောင် ဘာမှဝယ်ယူမရရှိ နိုင်တဲ့နေရာမှာ အလှအပဆိုတာကတော့ ပြည်သူ့ရဲဘော် အမျိုးသမီးငယ်တစ်ဦးအတွက် ဝေလာဝေးပါပဲ။

 

ခေါင်းထဲမှာ တော်လှန်ရေးအတွက်ကိုပဲ ရှိတယ်။ အရင်ပုံစံထက်စာရင် အများကြီး ကွာခြားသွားတယ်။ စိတ်ပိုင်းဆိုင်ရာတွေက အစပါပဲပြောင်းလဲလက်ခံလိုက်ရတဲ့ လက်ရှိအခြေအနေကို သူမကပြောပြပါတယ်။

 

ခေါင်းထဲမှာ တော်လှန်ရေးအတွက်ကိုပဲ ရှိတယ်။ အရင်ပုံစံထက်စာရင် အများကြီးကွာခြားသွားတယ်။ စိတ်ပိုင်းဆိုင်ရာတွေက အစပါပဲပြောင်းလဲလက်ခံလိုက်ရတဲ့ လက်ရှိအခြေအနေကို သူမကပြောပြပါတယ်။

 

ပြည်သူ့ကာကွယ်ရေး ရဲဘော်ဖြစ်လာတဲ့ သူမဟာ ကျရာတာဝန်အဖြစ် တပ်စခန်းရဲ့ စည်းကမ်းထိန်းသိမ်းရေးမှူး၊ အဆောင်မှူး၊ အဖွဲ့တာဝန်ခံစတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့သလို လိုအပ်သလို ပေးအပ်လာတဲ့ တာဝန်တွေ အတွက်လည်း ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။ အခုအချိန်ထိ ထိပ်တိုင်ရင်ဆိုင် တိုက်ပွဲမျိုး ထိတွေ့ ကြုံဆုံခဲ့ရ တာ မရှိပေမဲ့ သူမနေထိုင်တဲ့ စခန်းအနီးပတ်ဝန်းကျင်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အရေးပေါ် အခြေအနေမှာ နေရာရွှေ့ပြောင်းရတာမျိုးကိုတော့ သူမ အတွေ့အကြုံ ရင့်ကျက်နေခဲ့ပြီ ဖြစ်ပါတယ်။  

 

တပ်ဖွဲ့မှာ တော်လှန်ရေးရဲဘော် ဖြူဖွေးလို့ သိကြပြီး ပျော်ပျော်ရွှင်ရွင်နေတတ်လို့ လူချစ်လူခင်များပေမဲ့ တချို့အချိန်မှာ သူမလည်း လူသားပဲမို့ အားငယ်စိတ်တွေ၊ ဝမ်းနည်းခံစားရစိတ် ဖြစ်မိသော်လည်း အခက်အခဲတွေကြားမှာ ဘယ်သူတစ်ယောက် ကိုမှ ရင်ဖွင့်မပြောဖြစ်ဘဲ မျိုသိပ်အားတင်းခဲ့ရတာတွေလည်းရှိပါတယ်။

 

အမျိုးသမီးဖြစ်တော့ ကျန်းမာရေးအရ သွေးသားပြောင်းလဲချိန်ဆို အရမ်းချူချာပြီး၊ အားငယ်တယ်။ ဒါပေမဲ့လည်း အားတင်းထားတယ်။ ကိုယ်အားနည်းသွားရင် ကိုယ့်ကိုထိုးနှက်မယ့်အရာတွေက နေရာပေါင်းစုံ အလွှာပေါင်းစုံကနေ ရှိတဲ့ အတွက် ပြန်အားတင်းရတာပေါ့။ အမျိုးသားတွေနဲ့ တန်းတူအလုပ်လုပ်တဲ့ အချိန်မှာလည်း ငါလုပ်နိုင်ပါတယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ အားတင်းပြီး လုပ်ကြရတယ်ပေါ့လို့ သူမခံစားချက်တချို့ကို မရည်မြတ်မွန်နိုင်က ပြောပြပါတယ်။

 

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်သူလူထုဟာ ပုံစံမျိုးစုံနဲ့ အာဏာရှင်ကို တော်လှန်ခဲ့ကြပါတယ်။ တော်လှန်ရေးကာလတစ်လျှောက်မှာ အမျိုးသားတွေနည်းတူ အမျိုးသမီးတွေလည်း ရင်ဘောင်တန်းပြီး သူ့ထက် ကိုယ်မသာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်း နွေဦးတော်လှန်ရေးမှာ အသက်စွန့်ခဲ့ကြတဲ့ အာဂအမျိုးသမီး တွေ ရှိခဲ့သလို အခြားတစ်ဖက်မှာလည်း အသက်ရှင်လျှက် တိုက်ပွဲဝင်နေဆဲ အာဂသက်ရှိ အမျိုးသမီးများစွာ ရှိနေဆဲ ပါပဲ။

 

သို့သော် မရည်မြတ်မွန်နိုင်တို့လို ရဲဘော်တွေကတော့ မြေပြင်တိုက်ပွဲတွေထဲမှာ အထူးစွန့်လွှတ် စွန့်စားနေကြသူတွေလို့ ဆိုရမှာပါ။ အသက်ကို ပဓာနမထားဘဲ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ကိုယ်တိုင်လက်နက်ကိုင်စွဲ တိုက်ပွဲဝင်နေတဲ့ သူရဲကောင်း ရဲဘော် အမျိုးသမီးတွေပါပဲ။

 

ရှေ့ဆက်အနာဂတ်ဆိုတာက အခုလက်ရှိ ပစ္စုပ္ပန်ပါပဲ။ လောလောဆယ်လက်ရှိ ကိုယ်လုပ်နေရတဲ့အရာတွေက ဒီနေ့အတွက်က သေချာတယ်။ မနက်ဖြန်ကမသေချာဘူး။ ရည်မှန်းချက်ကတော့ တော်လှန်ရေးပြီးဆုံးတဲ့အထိ ပြည်သူနဲ့အတူ ဒီအာဏာရှင်ကို အမြစ်ပြတ်တဲ့အထိ တစ်ထောင့်တစ်နေရာက ပါဝင်သွားမယ်လို့ သူမက ပြတ်သားစွာ ပြောပါတယ်။

 

ဘယ်လိုပဲ ရဲရင့်ပြတ်သားပြီး ဆုံးဖြတ်ချက်ခိုင်မာခဲ့တဲ့သူဖြစ်ပါစေ မရည်မြတ်မွန်နိုင်တစ်ယောက် ဝမ်းနည်း၊ လွမ်းဆွေးမှု စိတ်တစ်ခုကိုတော့ မတွန်းလှန်၊ မတိုက်ထုတ်နိုင်ခဲ့ပါဘူး။ အဲဒါကတော့ အိမ်လွမ်းစိတ်ပါပဲ။ အဖေ၊ အမေနဲ့ ညီအစ်ကို မောင်နှမတတွေ မျက်နှာစုံညီ မမြင်တွေ့ရတာ ကြာလာတော့လည်း အိမ်လွမ်းစိတ်ဟာ ဆထက်တပိုး တိုးလာတော့တာပါပဲ။  သို့ပေမယ့် ပြည်သူ့ရဲဘော် သူမအတွက်တော့ တိတ်တဆိတ် မျက်ရည်ကျပြီး အိမ်လွမ်းရုံမှ တပါး အခြားမရှိခဲ့ပါဘူး။

 

မိသားစုနဲ့ ပထမဆုံး အကြာဆုံးခွဲခြင်းပေါ့။ အိမ်လွမ်းစိတ်ကတော့ နေမကောင်းနေတဲ့အချိန်၊ အရမ်းအား ငယ်နေတဲ့ အချိန်၊ တိုင်ပင်စရာမရှိတဲ့အချိန်၊ တစ်ခါတလေ လမ်းပျောက်နေတဲ့အချိန်ပေါ့။ မိဘနဲ့သားသမီး ဖြစ်တဲ့အတွက် ဒါကြီး ပြီးတဲ့အခါ ကိုယ်အသက်ရှင်သေးရင်၊ ဝန်ချတောင်းပန်ဖြစ်တဲ့အခါ ကျေအေးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်လို့ တော်လှန်ရေးပြီးလို့ အမွေပြတ်စွန့်လွှတ်ထားသူ မိဘရပ်ထံပြန်တဲ့အခါအတွက် ရည်မျှော်ရင်း မရည်မြတ်မွန်နိုင်က ဆို့နင့်စွာ ပြောပါတယ်။

Burma Associated Press

 

မြန်မာ
အမျိုးသမီး
စီဒီအမ်
စစ်ကောင်စီ
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ရဲ
စစ်တပ်

Share With
bap-logo