bap-logo
Article

မီဒီယာဖိနှိပ်ခံရမှုများကြားထဲက လူထုအတွက် အားကောင်းနေဆဲ အမျိုးသမီးသတင်းသမားများ

BVZXoyvVVQZyuynDCwMo4-image

လွန်ခဲ့သော ၂ နှစ် က

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင် သတင်းသမားရာချီ ဖမ်းဆီးခံရသလို လက်ရှိအချိန်အထိ သတင်းသမား ၅၀ ကျော် အကျဥ်းထောင်ထဲ ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။

 

ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီးသတင်းသမား () ဦးလည်း ပါဝင်သည်။

 

ဖမ်းဆီးခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရခြင်းစသည့် လုံခြုံရေး ကင်းမဲ့သွားခြင်းပြဿနာများ ရှိနေသည့်အတွက် အမျိုးသမီး သတင်းသမား တချို့လည်း လုပ်ငန်းခွင်မှ လက်လျှော့ ထွက်ခွာသွားခဲ့ကြသည်။

 

အာဏာသိမ်းပြီးနောက်မှာ အမျိုးသမီး သတင်းသမားတွေက Professional ကို စွန့်ခွာလာကြတာတွေ ရှိလာတယ်။ ဘာလို့လဲဆိုတော့ အဖမ်းခံရမယ်တို့ နှိပ်စက်ခံရမှာတွေတို့ မိသားစုကို Cover မလုပ်နိုင်ဘူးတို့ အစရှိသဖြင့် ဒီလိုတွေ issue တွေရှိလာတော့ အမျိုးသမီးတွေက သတင်းခန်းကို စွန့်ခွာလာတယ်။ ဒါက သိပ်တော့ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူးဟု မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့ MWJS မှ လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် အမှုဆောင်ကော်မတီဝင် အမျိုးသမီးတဦးက သုံးသပ်သည်။

 

သို့ရာတွင် ယနေ့အထိ အမျိုးသမီးသတင်းသမားတချို့သည် လူထုသတင်းမှန် ရရှိရေးအတွက် သတင်းအလုပ်ကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြဆဲ ဖြစ်သည်။

 

ဒီကာလမှာ ဒီအလုပ်ကို မစွန့်လွှတ်ပဲနဲ့ ခက်ခက်ခဲခဲ လုပ်နေတဲ့ အမျိုးသမီးသတင်းထောက်တွေလည်း အများကြီး ရှိနေပါတယ်။ ဒီကာလမှာ ကြမ်းတမ်းတဲ့ စစ်ရေးတွေမို့လို့ နိုင်ငံရေးတွေမို့လို့ အမျိုးသမီးတွေ မလိုက် နိုင်ဘူးဆိုတဲ့ အမြင်တွေကို ဖယ်လိုက်စေချင်တယ် အမျိုးသမီးတွေလည်း လုပ်နိုင်တယ်။ အမျိုးသမီးတွေလည်း လုပ်နေတယ်ဟု မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့ MWJS အမှုဆောင်ကော်မတီဝင် အမျိုးသမီးက ဆက်ပြောသည်။

 

၎င်းပြောသလိုပင် လက်ရှိတွင် မြန်မာပြည် သတင်းသမားများသည် ပြည်ပကို ထွက်ခွာသွားကြရခြင်း၊ လွတ်မြောက် နယ်မြေများတွင် ပုန်းရှောင်ကာ မြေပြင်သတင်း အခြေအနေများကို ဖော်ထုတ်တင်ဆက် ရခြင်း၊ စစ်ကောင်စီ၏ အုပ်ချုပ်မှု ယန္တရားလည်ပတ်နေသည့် နေရာ၌ ပုန်းလျှိုးကွယ်လျှိုး နေထိုင်ပြီး သတင်းအလုပ်ကို ရေးသားနေခြင်းစသဖြင့် အခြေအနေ အမျိုးမျိုးကြားတွင် ခက်ခက်ခဲခဲ လုပ်ကိုင်နေကြရသည်။

 

နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ ညွှန်းကိန်းအရ တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် သတင်းသမား အများဆုံး ဖမ်းဆီးခံရသည့် ဒုတိယမြောက်နိုင်ငံ ဖြစ်သည်။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ရက်နေ့တွင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း၌ စစ်ကောင်စီတပ်ဖွဲ့က ရန်ကုန်လူငယ် ပြောက်ကျားသပိတ်တခုကို အကြမ်းဖက် ဖြိုခွင်းခဲ့ရာ မြေပြင် သတင်း ရယူနေသည့် Myanmar Pressphoto Agency သတင်းဌာန၏ အမျိုးသမီးသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း ကားတိုက်ခံရပြီး ပြင်းထန်ဒဏ်ရာရခဲ့ကာ ယနေ့အချိန်ထိ အင်းစိန်အကျဥ်း ထောင်၌ တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

 

ရန်ကုန်အခြေစိုက် Thingangyun Post သတင်းဌာန၏ အယ်ဒီတာ မထက်ထက်အောင်ကိုလည်း စစ်ကောင်စီ က ပေါက်ကွဲစေတတ်သော ပစ္စည်းများအက်ဥပဒေပုဒ်မ () ဖြင့် ဖမ်းဆီးတရားစွဲထားသလို မထက်ထက်အောင် ၏ မိသားစုဝင်တချို့လည်း ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

 

နေအိမ်၌ ကျန်ရှိနေသည့် မိသားစုဝင်တို့သည် မထက်ထက်အောင် အပါအဝင် ထောင်တွင်းရောက်နေသူ မိသားစု များအတွက် ထောင်ဝင်စာ ပို့ရသည့်အပြင် အသက် နှစ်အရွယ် မထက်ထက်အောင်၏ သမီးကိုလည်း အစ်မ ဖြစ်သူမှ စောင့်ရှောက်ထားရသည်။

 

ထက်ထက်အမက ဘာလုပ်လဲဆိုတော့ နဂိုကတည်းက တောပွဲတွေမှာ အဆိုတော်လုပ်တာ ဆိုင်းဝိုင်းတွေနဲ့ ဆိုတာတို့ စတိတ်ရှိုးဆိုတဲ့ အလုပ်ကို လုပ်တာပေါ့နော်။ အခုသူဆိုတဲ့ပွဲတွေမှာ သမီးလေးတွေကို ခေါ်ခေါ်သွားပြီး တော့ ဆိုတာပေါ့လေ။ ပြောရမယ်ဆိုရင် ကျနော်စိတ်ထဲ ဘယ်လိုခံစားရလဲဆိုတော့ ကလေးတွေပါ ပိုက်ဆံ ရှာနေရတဲ့ အနေအထားကို ရောက်နေတာပေါ့နော်ဆိုပြီး မထက်ထက်အောင်နှင့် ရင်းနှီးသူ အမျိုးသမီး သတင်းသမားတဦးက ပြောပြသည်။

 

BBC Media Action “ခံစားကြည့်အစီအစဥ် တင်ဆက်သူ မထက်ထက်ခိုင်ကိုလည်း ပြီးခဲ့သည့် စက်တင်ဘာလက အမှုနှစ်ခုအတွက် ထောင်ဒဏ် နှစ် ချမှတ်ခဲ့သည်။

 

တပ်မတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က အပြင် မတရားအသင်းဆက်သွယ်မှု ပုဒ်မနှင့် ထပ်တိုး အမိန့်ချလိုက်ခြင်း ဖြစ်သည်။

 

သတင်းလုပ်ငန်းတွင် ၁၀ နှစ်ကျော်ကြာ ရပ်တည်လုပ်ကိုင်လာသူ အမျိုးသမီးသတင်းထောက် မသူဇာကိုလည်း စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင် နှစ် ချမှတ်လိုက်သလို နောက်ထပ်သမျိုးသမီး သတင်းသမား တဦးဖြစ်သူ မမေဘယ်လ်ကိုလည်း အလုပ်နှင့် ထောင်ဒဏ် နှစ် ချလိုက်ပြီး စက်တင်ဘာလက အင်းစိန် အကျဥ်းထောင်မှ ပဲခူးတိုင်း၊ သာယာဝတီ အကျဥ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

 

ဒီအလုပ်လုပ်တာ နောင်တမရဘူး၊ အဖမ်းခံရင် ခံရမယ်၊ သေလည်းသေနိုင်တယ်၊ ဒီလောက်ထောင်ကျ ဘာမှမဖြစ်တော့ဘူး၊ နိုင်ငံကောင်းဖို့ အားလုံးကောင်းဖို့ လုပ်တာမို့ ဘယ်သူမှ ကျွန်မအတွက် စိတ်မဆင်းရဲကြနဲ့ဟု မမေဘယ်လ်က သူ့မိတ်ဆွေမှတဆင့် ပြောခဲ့သည့်စကားကို Burma Associated Press သတင်းဌာနက ဖော်ပြရေးသားထားသည်ကို တွေ့ရသည်။

 

အကျဥ်းထောင်ထဲရောက်နေသည့် အမျိုးသမီးသတင်းသမားများသည် သတင်းရေးသားဖော်ပြခြင်း အတွက် နောင်တမရသကဲ့သို့ ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်ပြီး သတင်းအလုပ်ကို ဆက်လက်လုပ် ကိုင်နေသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး သတင်းသမားတဦးကလည်း သတင်းထောက်အလုပ်မှ ရပ်နားလိုက်ရန် အတွေးမျိုး မတွေးဖူးဘူးဟု ဆိုသည်။

 

ကိုယ့်ဝါသနာနဲ့ တထပ်တည်းကျတယ် ကိုယ်လုပ်ချင်တာ ဒီအလုပ်ပဲ ဖြစ်နေတယ်ပေါ့နော်။ အခုအခြေ အနေမှာမှ ခက်ခဲတယ် ပင်ပန်းတယ် ကိုယ့်အိမ်ကိုယ့်ရာမှာ အဆင်ပြေသလိုနေမလား အလုပ်ထွက် မလား မေးရင်တော့ မထွက်ဘူးလို့ ပြောရမှာပေါ့။ အစကတည်းက အာဏာသိမ်းပြီးကတည်းက ကိုယ့်ကိုကိုယ် သေချာအောင် ထပ်ခါထပ်ခါ မေးခွန်းမေးထားတဲ့ အဖြေပေါ့နော်ဟု သူက ဆက်ပြောသည်။

 

အဆိုပါ အမျိုးသမီးသတင်းထောက်သည် အာဏာသိမ်းစ အချိန်ကတည်းကပင် ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့ကို အောက်လမ်းဟု ခေါ်သည့် တရားမဝင်လမ်းကြောင်းမှတဆင့် ထွက်သွားရသူများထဲမှ တဦးဖြစ်သည်။

 

သတင်းသမားများအတွက် လုံခြုံရေးကြောင့် သတင်းဖြစ်စဥ် ဖြစ်ရာနေရာဆီ သွားရောက်သတင်း ရယူနိုင်ရေး အခက်အခဲရှိလာခြင်းနှင့်အတူ တိကျမှန်ကန်သည့် သတင်းအမှန်ရရှိရေးအချက်သည်လည်း သတင်းမီဒီယာ လောကအတွက် စိန်ခေါ်ချက်တရပ် ဖြစ်လာသည်။

 

အဆိုပါအချက်သည် အမျိုးသား သတင်းသမားများထက် သားသည်မိခင် ဖြစ်ကြသည့် တချို့သော အမျိုးသမီး သတင်းသမားများအတွက် ပိုမိုခက်ခဲစေသည်။

 

အမျိုးသားတယောက်က သူမြေပြင်ကို ဆင်းပြီးတော့ သတင်းသွားယူဖို့အတွက်ဆိုရင် သူ့မှာ အိမ်ထောင်ရှိမယ် ကလေးရှိမယ် ဒါပေမယ့် သူ့ကလေးကို သူ့အမျိုးသမီး ဒါမှမဟုတ် သူ့မိသားစုကနေ ပြီးတော့ စောင့်ရှောက်ဖို့ စိတ်ချလက်ချ ထားခဲ့နိုင်တဲ့ စိတ်မျိုး သူတို့မှာ ရှိတယ်။

 

အမျိုးသားတယောက်က သူမြေပြင်ကို ဆင်းပြီးတော့ သတင်း သွားယူဖို့ အတွက်ဆိုရင် သူ့မှာ အိမ်ထောင်ရှိမယ် ကလေးရှိမယ် ဒါပေမယ့် သူ့ကလေး ကို သူ့အမျိုးသမီး ဒါမှမဟုတ် သူ့မိသားစုကနေပြီးတော့ စောင့်ရှောက်ဖို့ စိတ်ချလက်ချ ထားခဲ့နိုင်တဲ့ စိတ်မျိုး သူတို့မှာ ရှိတယ်။

 

အမျိုးသားတယောက်က သူမြေပြင်ကို ဆင်းပြီးတော့ သတင်းသွားယူဖို့ အတွက်ဆိုရင် သူ့မှာ အိမ်ထောင်ရှိမယ် ကလေးရှိမယ် ဒါပေမယ့် သူ့ကလေးကို သူ့အမျိုးသမီး ဒါမှမဟုတ် သူ့မိသားစုကနေ ပြီးတော့ စောင့်ရှောက်ဖို့ စိတ်ချလက်ချ ထားခဲ့နိုင်တဲ့ စိတ်မျိုး သူတို့မှာ ရှိတယ်။

 

အမျိုးသမီးသတင်းသမားအတွက်ဆိုရင် အဲဒါတွေက စိန်ခေါ်ချက်တွေ အများကြီး ဖြစ်လာတယ်။ ဥပမာ ကိုယ့်ရဲ့စိတ်ကိုက ကိုယ့်သားသမီးကို စိတ်မချရတာမျိုးပေါ့လို့ အမျိုးသမီး သတင်းသမားတဦးက ရင်ဖွင့် ပြောဆိုသည်။

 

သတင်းခန်းအယ်ဒီတာ တဦးဖြစ်သူ ထိုအမျိုးသမီးသည် အမေ၊ ကျန်းမာရေးမကောင်းသည့် အမျိုးသား၊ နှစ်ခွဲအရွယ် သမီးတစ်ဦးနှင့်အတူ လွတ်မြောက်နယ်မြေတနေရာတွင် အချိန်အတော်ကြာ ပုန်းရှောင်နေထိုင်ခဲ့ရပြီး ယခု ပြည်ပနိုင်ငံသို့ ရောက်ရှိနေထိုင်နေပြီ ဖြစ်သည်။

 

၎င်းအနေဖြင့် နိုင်ငံခြားတွင် နေရသည့် အခက်အခဲကို ပြောပြဖို့ရန် အားနာသလို အစားဆင်းရဲ သည်မှာလည်း အခက်အခဲမဟုတ်ကြောင်း သူ၏ခံယူချက်ကို ပြောသည်။

 

ကျွန်မတို့က ဘာခက်ခဲနေကြလဲဆိုရင် စိတ်ဆင်းရဲမှုပဲ။ ထားပါတော့ လူနှစ်ဆယ် သေတယ်ဆိုရင် အဲလူ နှစ်ဆယ် သေတာ မှန်လား မှန်ရဲ့လားဆိုတာကို ကျနော်တို့က လိုက်ပြီးတော့ သေချာအောင် လုပ်ရတယ် လူသေ တာကို Confirm လုပ်ရတယ်ဆိုတဲ့ စိတ်ခံစားချက်က သိပ်ကောင်းမနေဘူးပေါ့နော်။

 

ကျွန်မတို့ဆီ ရောက်နေတဲ့ သတင်းအကုန်လုံးက ပျက်စီးဆုံးရှုံးမှုတွေ သေကြေမှုတွေ ဝမ်းနည်းမှုတွေ နာကျင် မှုတွေ စသဖြင့်ပေါ့နော်။ မတရားမှုတွေပေါ့ မကောင်းတဲ့သတင်းတွေပဲ ကျွန်မတို့ဆီ ရောက်နေတာပေါ့နော်။ အဲဒီဟာတွေကို ကျော်ဖြတ်နေဖို့ကတော့ တကယ်ခက်ခဲတယ်ဟု သူက ဆက်ပြောသည်။

 

နေ့စဥ် စိတ်ထိခိုက်စရာ သတင်းများဖြင့် ပြည့်နှက်နေသည့် မြန်မာပြည်တွင်း ပဋိပက္ခတွင် သတင်း ရယူနေကြသည့် သတင်းသမားများသည် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးလည်း အများကြီး ထိခိုက်နေပြီဟု ဆိုကြသည်။

 

ကိုယ်က ဘယ်သူလဲ ဘာလုပ်တဲ့လူလဲဆိုတာ ပတ်ဝန်းကျင်က မသိအောင် ဂရုစိုက်ပြီး နေရတာပေါ့လေ။ သတိထားရတာပေါ့ အပေါင်းအသင်းတွေဆိုလည်း သိပ်ပြီးတော့ အဆက်အဆံ မလုပ်ရဲဘူး။ အပြင်သွားရင်လည်း အရေးကြီးကိစ္စမဟုတ်ရင် မသွားဘူး။ မလာဘူး။ ဘယ်သူကမှ လာဖမ်းတာတော့ မဟုတ်ဘူး။ ပုဒ်မတပ်ခံ ထားရတဲ့လူလည်း မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ စိတ်မလုံခြုံမှုက ဒီနေ့အထိ ရှိနေတုန်းပဲ။ ခိုးကြောင်ခိုးဝှက်နဲ့ နေနေရတဲ့ သဘော။ ခိုးကြောင်ခိုးဝှက်နဲ့ သွားလာရတယ်။ လုပ်နေရတယ် အခြေအနေက အဲလို ဖြစ်နေတယ်ဟု ပြည်တွင်း၌ပင် နေထိုင်ပြီး သတင်းရေးသားနေသည့် အမျိုးသမီး သတင်းသမားတဦးကလည်း ဆိုသည်။

 

သူသည် စစ်ကောင်စီ အုပ်ချုပ်မှုယန္တရား လည်ပတ်နေသည့်နေရာ၊ စစ်ကောင်စီ ထောက်တိုင်များ အားကောင်း နေဆဲ နေရာတွင် နေထိုင်အလုပ်လုပ်နေသူ ဖြစ်သည်။

 

စိန်ခေါ်မှုများကြားမှ အမျိုးသမီးသတင်းသမားများ ဆက်ပြီး အလုပ်လုပ်နေခြင်းသည် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်း ဆိုင်ရာ တွန်းအားများစွာ ရှိနေပြီး လက်ရှိခေတ်ကာလအတွင်း အမျိုးသမီးများ၏ ခံစားချက်များကို ပိုမို နားလည်စွာ တင်ပြနိုင်ရန် အမျိုးသမီး သတင်းထောက်များရှိရန် လိုအပ်ကြောင်း MWJS အမှုဆောင် ကော်မတီဝင် အမျိုးသမီးက ရှုမြင်သည်။

 

အမျိုးသမီးသတင်းထောက်တွေက Gender Issue တွေကို ပိုပြီးဂရုစိုက်တယ်။ ပဋိပက္ခအကြောင်း ပြောတယ် ဆိုတောင်မှ ပဋိပက္ခနောက်ကွယ်မှာ ခံစားနေရသော အမျိုးသမီးတွေ၊ ကလေးတွေ၊ အခြားသော လိင်စိတ် ကွဲပြားမှု မတူညီတဲ့သူတွေ ဒါတွေကို အများသောအားဖြင့် အမျိုးသမီးတွေကို ပိုပြီး စိတ်ဝင်စားလေ့ရှိတယ်။ အမျိုးသမီးတွေရဲ့ အသံတွေကို ထုတ်ပေးဖို့ အမျိုးသမီးတွေရဲ့ ခံစားချက်တွေကို နားလည်ဖို့ အစရှိသဖြင့် အမျိုးသမီး သတင်းထောက်တွေက ရှိနေဖို့ လိုတယ်ဟု ၎င်းက ဆိုသည်။

 

အမျိုးသမီး ဖြစ်နေခြင်းကြောင့် အမျိုးသမီးများ၏ အသံကို ပိုထုတ်ပေးနိုင်သည်ဆိုသော အမြင်ကို သဘောမတူသည့် အခြားအမျိုးသမီးသတင်းသမားတဦးကတော့ အမျိုးသမီးဖြစ်ခြင်းကြောင့် အမျိုးသားဖြစ်ခြင်း ကြောင့် မဟုတ်ပဲ အမျိုးသမီးတဦး၏ လိုအပ်ချက်ကို သိရှိမှုကသာ အဓိကကျ ကြောင်း ဝေဖန်သုံးသပ်သည်။

 

စစ်ရှောင်က ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးကို မေးတယ်ဆိုပါတော့ အမျိုးသမီးသတင်းထောက် ဖြစ်နေလည်း ကလေးအမေ မဟုတ်ဘူးဆိုရင်တော့ ဘာအခက်အခဲဖြစ်နေလဲ ဆိုတာလောက်ပဲ မေးဖြစ်မှာ၊ ညီမလို ကလေးအမေကျတော့ လိုအပ်ချက်တွေကို သိနေတဲ့အခါကျတော့ ကိုယ်ဝန်ဆောင် မိခင်တယောက်အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ရနေရဲ့လား သောက်ဖို့လိုနေတဲ့ ဆေးဝါးတွေ ပါရဲ့လား ရှိနေရဲ့လား လုံလောက်တဲ့ အာဟာရရရှိဖို့ စားရရဲ့လားစတဲ့ မေးခွန်းတွေ မေးနိုင်တယ်ဟု ၎င်း အမျိုးသမီးက ဆိုသည်။

 

လက်ရှိ သတင်းရေးသားခြင်းအလုပ်သည် အခက်အခဲ အတားအဆီး အန္တရာယ်ပေါင်းစုံကြားထဲမှ ရှေ့ဆက်နေရခြင်းဖြစ်ပြီး အမျိုးသမီးသတင်းသမားများကလည်း သတင်းလုပ်ငန်းရေစီးကြောင်းထဲ ဆက်လက်တည်ရှိနေရေး အရေးတကြီးလိုအပ်နေဆဲ ဖြစ်သည်။

 

၂၀၂၂ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၈၀ တွင် မြန်မာနိုင်ငံသည် အဆင့် သတ်မှတ်ချက် ၁၇၆ အထိ ကျဆင်းနေသည်။

 

စစ်ကောင်စီ အာဏာသိမ်းလိုက်ပြီးနောက် သတင်းဌာန ၁၄ ခုက ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းခံ လိုက်ပြီး စာပေတိုက် ခုနှင့် ပုံနှိပ်တိုက် ခုလည်း ပိတ်သိမ်းခံထားရသည်။

 

Burma Associated Press

 

 

 

အမျိုးသမီးများ
သတင်းထောက် အဖမ်းခံရ
လူငယ်
မြန်မာ
အာဏာသိမ်း
သတင်းထောက်
ထောင်
စစ်တပ်

Share With
bap-logo