International
တရုတ်သူလျှိုမီးပုံးပျံကို စောင့်ကြည့်နေကြောင်း ပင်တဂွန်ပြော
လွန်ခဲ့သော ၂ နှစ် က
ဝါရှင်တန် - ဖေဖော်ဝါရီ ၃
ပင်တဂွန်စစ်ဌာနချုပ်သည် အမေရိကန်ပြည်ထောင်စုတွင် ပျံသန်းနေသည့် တရုတ်သူလျှိုမီးပုံးပျံကို ခြေရာခံစောင့်ကြည့်လျှက်ရှိသော်
တရုတ်မီးပုံးပျံ အမေရိကန်လေပိုင်နက်ထဲသို့ ဝင်ရောက်လာပြီးနောက် လူလိုက်ပါမောင်းနှင်သည့် လေယာဉ်များအပါအဝင် နည်းလမ်းစုံဖြင့် နှစ်ရက်ကြာစောင့်ကြည့်ထားပြီး နျူကလီးယား လက်နက် များထားရှိရာ Montana ပြည်နယ်ကို နောက်ဆုံးဖြတ်သန်းပျံခဲ့ကြောင်း ကာကွယ်ရေး တာဝန်ရှိ သူများက ပြောကြားထားသည်။ ကြိုတင်ကာကွယ်သည့်အနေဖြင့် Billings Logan နိုင်ငံတကာ လေဆိပ် လေယာဉ်ခရီးစဉ်များကို ဗုဒ္ဓဟူးနေ့က ရပ်ဆိုင်းခဲ့သည်။
"ယခုအခါ မီးပုံးပျံသည် ပုံမှန်လေကြောင်းလမ်းထက် များစွာမြင့်မားသည့် အမြင့်ပေတစ်ခုတွင် ပျံသန်းနေပြီး မြေပြင်ရှိ ပြည်သူများကို စစ်ရေးအရ သို့မဟုတ် ရုပ်ပိုင်းဆိုင်အရာရ ခြိမ်းခြောက်မှုတစ်စုံတစ်ရာမရှိ
ယခုကဲ့သို့ မီးပုံးပျံ ပျံသန်းမှုကို လွန်ခဲ့သည့်နှစ်အတန်ကြာကလည်း တွေ့မြင်ခဲ့ရဖူးသည်။ မီးပုံးပျံကို တွေ့ရှိသည်နှင့် တပြိုင်နက် အမေရိကန်အစိုးရသည် အရေးကြီး သတင်းအချက်အလက်များ စုဆောင်းမခံရစေရေးအတွက် ချက်ချင်းလုပ်ဆောင်ခဲ့သည်။
သူလျှိုမီးပုံးပျံ ပျံသန်းသည့်ကိစ္စသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၏ ယခုသတင်းပတ်အကုန် တရုတ်ခရီးစဉ်မတိုင်မီ ထွက်ပေါ်လာခြင်းမဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင်းပင်နှင့်လည်း တွေ့ဆုံရန် မျှော်လင့်ထားကြောင်း သိရသည်။ Blinken ၏ ခရီးစဉ်ကို တရားဝင်ထုတ်ဖော်ကြေညာခြင်း မရှိသေးသော်လည်း ဝါရှင်တန်နှင့် ပေကျင်း အစိုးရ နှစ်ဖက်စလုံးက ပြင်ဆင်နေကြပြီဖြစ်သည်။
အမေရိကန် အကြီးတန်းကာကွယ်ရေးအရာရှိတစ်ဦး
အဆိုပါသူလျှိုမီးပုံးပျံသည် တရုတ်အစိုးရ၏ လုပ်ရပ်ဖြစ်သည်ဟု ယုံကြည်ထားပြီး အခြေအနေနှင့် စပ်လျှဉ်း၍ သမ္မတဘိုင်ဒင်အား ရှင်းလင်းတင်ပြထားပြီးဖြစ်ကြော
Source/ ဓာတ်ပုံ – The Guardian
Top News
လွန်ခဲ့သော ၇ နာရီ က