bap-logo
Opinion

"အာဆီယံကို အင်ဒိုနီးရှားရဲ့ ဦးဆောင်မှုမှာ မြန်မာ့အရေးသည် အစမ်းသပ်ခံဖြစ်နေခြင်း"

wMi6yTntV7Byxjk-kQRtL-image

လွန်ခဲ့သော ၂ နှစ် က

BAP၊ ဘာသာပြန်။

 

မြန်မာမှာ လွန်ခဲ့တဲ့ ၂ နှစ်၊ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်မှာ စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းလိုက် ပြီးနောက် အင်ဒိုနီးရှားက မြို့တော် ဂျာကာတာမှာ အရေးပေါ် အာဆီယံထိပ်သီး အစည်းအဝေးတစ်ခုကို ဆင့်ခေါ်ကျင်းပခဲ့ပါတယ်။

 

“မြန်မာမှာဖြစ်နေတဲ့ အခြေအနေတွေဟာ လက်ခံနိုင်စရာမရှိသလို ဆက်လက်ဖြစ်ပျက်ခွင့်လည်း မပြုနိုင်ပါဘူး” လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

 

၂၀၂၁၊ ဧပြီ ၂၄ မှာ ပဋိပက္ခဖြစ်ရပ်တွေအပေါ် အရှိန်လျော့ချဖို့နဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းစဥ်ကိုသာ ဦးတည် သွားဖို့ရည်ရွယ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် ကို အာဆီယံ ခေါင်းဆောင် ကိုးဦးနဲ့ အာဏာသိမ်း စစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့တို့က ကတိပြုသဘောတူခဲ့ ကြပါတယ်။

 

အာဏာသိမ်းစစ်အုပ်စုကတော့ ယင်းသဘောတူညီချက်ကို စွန့်လွှတ်ငြင်းပယ်ခဲ့ပြီး မြန်မာပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းနဲ့ ငတ်မွတ်ခေါင်းပါးစေခြင်းတို့ကို ယနေ့တိုင် ပြုလုပ် ကျူးလွန်နေဆဲဖြစ်ပါတယ်။

 

ထိုစဥ် ပြီးခဲ့တဲ့ ဒီဇင်ဘာက ကုလ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး “မြန်မာ့အရေးမှာ ငြိမ်းချမ်း တဲ့အဖြေတစ်ခုရဖို့ရာအတွက် ညှိုနှိုင်းဆောင်ရွက်ရာမှာ အာဆီယံရဲ့ အဓိကကျတဲ့ အခန်းကဏ္ဏကို ကုလ လုံခြုံရေးကောင်စီက အပြည့်အဝထောက်ခံကြောင်း” ဆုံးဖြတ်ချက် ချမှတ်ခဲ့သကဲ့သို့ နိုင်ငံတကာ အသိုင်း အဝိုင်းကလည်း အာဆီယံကို မြန်မာ့အ‌‌ရေးကို ဖြေရှင်းရာမှာ အဓိကကျတဲ့နေရာမှာ ထားကြောင်းကို ထပ်လောင်း ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

 

သို့ပေမယ့်လည်း ရှေ့တိုးဆောင်ရွက်နိုင်ဖို့ ရှင်းလင်းတဲ့ လမ်းကြောင်းနဲ့ ဩဇာအရှိန်အဝါတွေမရှိဘဲနဲ့ အာဆီယံ ဟာ ကျရှုံးနိုင်ငံတစ်ခုဖြစ်လာဖို့ မြန်မာ့ရဲ့အဆင်းကို ရပ်ကြည့်နေသလိုပါပဲ။

 

အာဆီယံနဲ့ ရယူခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖေါ်ဖို့ မြန်မာစစ်တပ်ရဲ့ ပျက်ကွက်မှုအပေါ် အင်ဒိုနီးရှားအနေနဲ့ အလွန်အမင်းစိုးရိမ်မိပါတယ်” လို့ ဒီမိုကရေစီအ‌ရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို မြန်မာစစ်တပ်က ကြိုးပေးစီရင်ပြီးနောက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာက ကုလလုံခြုံ‌ရေးကောင်စီမှာ အင်ဒိုနီးရှားနိုင်ငံခြား‌ရေးဝန်ကြီး ရန့်နို မာဆူဒီ (Retno Marsudi) ကဆိုခဲ့ပါတယ်။

 

နောက်တစ်လမှာတော့ “မြန်မာ့အရေးဟာ အဖက်ဖက်ကယိုးယွင်းလာနေပြီး ဆိုးဝါးလာနေကြောင်း” ၎င်းက ဆိုခဲ့ပြန်ပါ သေးတယ်။

 

အင်ဒိုနီးရှားနိုင်ငံခြား‌ရေးဝန်ကြီးရဲ့ ပွင့်လင်းမှုဟာ ၂၀၂၃ မှာ အာဆီယံရဲ့အလှည့်ကျဥက္ကဌဖြစ်လာတဲ့ အင်ဒိုနီးရှားက ပိုမိုပြင်းထန်တဲ့ဒေသဆိုင်ရာတုန့်ပြန်မှုတစ်ခုကို မြန်မာ့အ‌ရေးမှာ ဆောင်ရွက်ဖွယ်ရှိ တယ်လို့ ယူဆစရာဖြစ်ခဲ့ပါတယ်။

 

သို့ပေမယ့်လည်း အာဆီယံ ဥက္ကဌ အနေနဲ့ ပထမ သုံးလပတ်ဆိုတဲ့ ကာလသာပြီးသွားတယ်၊ အင်ဒိုနီးရှားဟာ မြန်မာ့အ‌ရေးမှာ လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ်။

 

သို့ပေမယ့်လည်း အာဆီယံ ဥက္ကဌ အနေနဲ့ ပထမ သုံးလပတ်ဆိုတဲ့ကာလသာပြီးသွားတယ်၊ အင်ဒိုနီးရှားဟာ မြန်မာ့အ‌ရေးမှာ လိုအပ်ချက်တွေရှိနေခဲ့ပါတယ်။

 

ဖေဖေါ်ဝါရီမှာကျင်းပခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးမှာလည်း အာဆီယံနဲ့ရယူခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုသာ အကောင်အထည်ဖေါ်ဆောင်ရွက်ပေးဖို့ ဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားက အာဏာသိမ်းစစ်အုပ်စုကို တောင်းဆိုခဲ့ပါတယ်။

 

အာဆီယံခေါင်းဆောင်တွေအကြားရယူခဲ့တဲ့ ပူးတွဲသဘောတူညီမှုကိုသာမက၊ ဒီမိုကရေစီရရှိရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးတွေကို အခြေပြုထားတဲ့ အာဆီယံပဋိညာဥ်ကိုလည်း ချိုးဖေါက် ရာရောက်တဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခုကို မည်သို့အ‌ရေးယူဆောင်ရွက်မယ်ဆိုတာကိုပါ အင်ဒိုနီးရှားက တိကျရှင်းလင်းတဲ့ပြောဆိုမှုတွေမရှိခဲ့ပါဘူး။

 

၂၀၂၂ ခုနှစ် အာဆီယံခေါင်းဆောင်များရဲ့ထိပ်သီးစည်းဝေးပွဲက ရလဒ်တစ်ခုအနေနဲ့ “ဘုံသဘောတူ ညီချက် ၅ ရပ်ကို အကောင်အထည်ဖေါ်နိုင်ဖို့ တိကျခိုင်လုံပြီး လက်တွေ့ကျကာ တိုင်းတာဆောင်ရွက်နိုင်မယ့် သီးခြား အချိန်သတ်မှတ်ချက်တစ်ခုနဲ့အစီအစဥ်တစ်ခု” ကို မတ်လက ကုလ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ် ဆွေးနွေးပွဲတစ်ခုမှာ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက တင်ပြခဲ့ပါတယ်။

 

အာဆီယံ ပဋိညာဥ်စာတမ်းကို လိုက်နာမှုမရှိခြင်းနဲ့ ပြင်းထန်စွာချိုးဖေါက်မှုတွေကြောင့် အာဆီယံပဋိညာဥ်အပိုဒ် ၁၀ အရ မြန်မာကိုအဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းထားဖို့အပါအဝင် အာဏာသိမ်း စစ်အုပ်စုရဲ့ ချိုးဖေါက်မှုတွေ အတွက် မြန်မာ့အ‌ရေးဖြေရှင်းနိုင်ဖို့တင်သွင်းတဲ့ အစီအစဥ်တွေကို ထိရောက်နိုင်ဖို့ရာ အသက်ဝင်တဲ့ နောက်ဆက်တွဲ ရလဒ်တွေနဲ့အတူ အချိန် တစ်ခုကန့်သတ်ထည့်သွင်းဖို့ လိုအပ်မှာဖြစ်ပါတယ်။

 

ယမန်နှစ် နိုဝင်ဘာက အာဆီယံထိပ်သီးအစည်းအဝေးမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ အဆိုပြုခဲ့သလို အာဆီယံ အစည်းအဝေးတွေမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ကိုယ်စားပြုတက်ရောက်ခွင့်တွေကို ကျယ်ကျယ်ပြန့်ပြန့် တားမြစ်ဖို့ဆိုတာကို အင်ဒိုနီးရှားက အသက်သွင်းနိုင်ဖို့ကြိုးပမ်းသင့်ပါတယ်။

 

 

 

ယခင် ဥက္ကဌဟောင်း ၂ နိုင်ငံကဲ့သို့ မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် တစ်ဦးတည်းကို ထားရှိခြင်း ထက်စာရင် အင်ဒိုနီးရှားနိုင်ငံခြား‌ရေးဝန်ကြီးက ဦးဆောင်ပြီး မြန်မာဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ရုံးကို တည်ထောင်သင့်ပါတယ်။

 

ယင်းရုံးက မြန်မာ့အရေးဆောင်ရွက်မှုတွေကို သိုသိုသိပ်သိပ်နဲ့သာဆောင်ရွက်သင့်ကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက Frontier Myanmar ကို ဆိုခဲ့ပါတယ်။

 

“သံတမန်ဆိုင်ရာ ဆောင်ရွက်မှုမှန်သမျှကို အများပြည်သူကို ချပြစရာမလိုပါဘူး” လို့ ယင်းက ဆိုခဲ့ပါတယ်။

 

အင်ဒိုနီးရှားက အစဦးပိုင်းမှာ အဆိုပြုခဲ့သလို စစ်ဖက်ဆိုင်ရာ ကိုယ်စားလှယ်တစ်ဦးကို မြန်မာကို စေလွှတ်ဖို့ ဆိုတာကလည်း အသက်မဝင် လာသေးပါဘူး။

 

အင်ဒိုနီးရှားက အစဦးပိုင်းမှာ အဆိုပြုခဲ့သလို စစ်ဖက်ဆိုင်ရာကိုယ်စားလှယ်တစ်ဦးကို မြန်မာကို စေလွှတ်ဖို့ ဆိုတာကလည်း အသက်မဝင်လာသေးပါဘူး။

 

မြန်မာအာဏာသိမ်းစစ်အုပ်စုရဲ့ ခေါင်းမာမှုတွေနဲ့လုံးပမ်းနေရတာကိုက အာဆီယံအတွင်းမှာလည်း မှားယွင်းတဲ့ လမ်းကြောင်းတွေကို ပေါ်လာခဲ့ပါတယ်။ စင်္ကာပူ၊ ဖိလစ်ပိုင်တို့နဲ့အတူ အင်ဒိုနီးရှား နဲ့ မလေးရှားတို့က မြန်မာ့ အရေးမှာ ပိုပြီးအားထုတ်ကြိုးပမ်းမှုရှိကြပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယားကတော့ အာဏာသိမ်းစစ်အုပ်စုကို သီးခြား ခွဲထုတ်ထားဖို့အရေးကို အင်တင်တင်လုပ်နေကြပါတယ်။ ဒီလိုနဲ့ပဲ ဘုံသဘောတူညီချက်ယောင်ယောင် ရလဒ်တွေကိုသာ ရရှိလာမလိုဖြစ်နေပါတယ်။

 

မြန်မာ့အ‌ရေးကို အာဆီယံရဲ့စုပေါင်းအင်အားနဲ့ချည်းကပ်ဖြေရှင်းနိုင်ဖို့လိုပြီး အသွင်ကွဲတဲ့ ချည်းကပ်မှု တွေက အားနည်းချက်အပြစ်အနာအဆာတွေနဲ့အတူ လွဲမှားတဲ့လမ်းညွှန်မှုတစ်ခုကိုသာ ဖြစ်စေကြောင်း နိုင်ငံခြား‌ရေး ဝန်ကြီး မာဆူဒီက ဖေ‌ဖေါ်ဝါရီမှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြား‌ရေးဝန်ကြီး အဆင့်အစည်းအဝေးမှာ ထပ်လောင်း ပြောခဲ့ပါသေးတယ်။

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာမှာ ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံပြီး အာဏာသိမ်းစစ်အုပ်စုရဲ့ အရာရှိတချို့နဲ့ တွေံဆုံဆွေးနွေးမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ယင်းတွေ့ဆုံမှုကို ကမ္ဘောဒီးယား၊ လာအို နဲ့ ဗီယက်နာမ်တို့သာ တက်‌ရောက်ခဲ့ပြီး ကျန်အဖွဲ့ဝင်နိုင်ငံတွေမတက်ရောက်ခဲ့ပါဘူး။

 

ယခုနှစ် မတ်လ လယ်မှာလည်း ထိုင်းနိုင်ငံက ဦးဆောင်ကျင်းပတဲ့ “1.5 track dialogue” အမည်ရ လျို့ဝှက် အစည်းအဝေးတစ်ခုကို မြန်မာအာဏာသိမ်းစစ်အုပ်စုက ကိုယ်စားလှယ်တွေနဲ့အတူ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့က ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပါတယ်။

 

အာဆီယံအဖွဲ့ဝင်တွေမစုံဘဲနဲ့တောင် ထိုင်းနိုင်ငံက သူ့ကိုယ်ပိုင်လမ်းကြောင်းတွေကို ရေးဆွဲဖို့ စနိုးစနောက် ဖြစ်မနေဘူးဆိုရင် ဘယ်သူမှလိုက်နာမှုမရှိတဲ့ ဒီဘုံသဘောတူညီချက်ဆိုတဲ့အပေါ် အင်ဒိုနီးရှားကရော အာဆီယံဥက္ကဌအနေနဲ့ ဘာ့ကြောင့်များ ကာကွယ်ပေးနေဖို့လိုနေမလဲ။

 


 

ဂျပန်၊ တောင်ကိုရီးယားနဲ့ အာဆီယံနိုင်ငံများအားလုံးမပါဝင်ခဲ့ရင်တောင်မှ ကျန်နိုင်ငံတွေဆီကနေ အင်အား ရရှိခြင်းက စစ်အုပ်စုအပေါ် သံတမန်အရရော၊ ပြင်းထန်တဲ့ဒဏ်ခတ်အရေးယူခြင်းနဲ့ပါ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါတယ်။

 

အာဏာသိမ်းစစ်အုပ်စုရဲ့အဓိကဝင်ငွေရလမ်းတွေအပေါ် ပြင်းထန်ထိ‌ရောက်တဲ့ အရေးယူပိ တ်ဆို့မှုတွေပြုလုပ်ဖို့၊ အထူးသဖြင့် စစ်အုပ်စုရဲ့ ရေနံ နဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေအပေါ် ပိတ်ဆို့အ‌ရေးယူဖို့နဲ့ ဆိုင်ရာအစိုးရတွေရဲ့ တည်ဆဲအ‌ရေးယူဆောင်ရွက်မှုတွေကို တိုးမြှင့်ဆောင်ရွက်ဖို့ အခြားအစိုးရတွေကို အင်ဒိုနီးရှားက တွန်းအားပေး သင့်ပါတယ်။

 

မြန်မာ့အရေးကိစ္စကို နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပေးဖို့နဲ့ မြန်မာကိုလက်နက်ကုန်သွယ်ခွင့်ပိတ်ပင်ဖို့၊ မြန်မာစစ်တပ်ကို ပစ်မှတ်ထားအရေးယူဆောင်ရွက်မှုတွေပြုလုပ်နိုင်ဖို့ကဲ့သို့သော ဆုံးဖြတ်ချက်များ ချမှတ် ဆောင်ရွက်နိုင်ရန် ကုလလုံခြုံ‌ရေးကောင်စီရဲ့ ပိုမိုထိရောက်တဲ့ အရေးယူဆောင်ရွက်မှု တွေကိုလည်း အင်ဒိုနီးရှားက ကြိုဆိုသင့်ပါတယ်။

 

အာဏာသိမ်းစစ်အုပ်စုကို ထိခိုက်စေလောက်တဲ့ ထိရောက်ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုမျိုးကို ကမ္ဘာကြီးက ဆောင်ရွက်လာနိုင်ရန် အင်ဒိုနီးရှားက အာဏာသိမ်းစစ်အုပ်စုနဲ့ ပြင်ပနိုင်ငံတွေအကြားမှာ သံတမန် တစ်ဦးအနေနဲ့ ဆောင်ရွက်သင့်ပါတယ်။

 

မြန်မာပြည်သူတွေရဲ့အကျိုးစီးပွားကသာ ပထမဦးစားပေးဖြစ်ရမယ်” လို့ ၂၀၂၁ ခုနှစ်၊ ဧပြီ က ဂျာကာတာ ထိပ်သီးညီလာခံမှာ ဂျိုကိုဝီက ဆိုခဲ့ပါတယ်။

 

မြန်မာပြည်သူတွေရဲ့အကျိုးစီးပွားကသာ ပထမဦးစားပေးဖြစ်ရမယ်” လို့ ၂၀၂၁ ခုနှစ်၊ ဧပြီ က ဂျာကာတာ ထိပ်သီးညီလာခံမှာ ဂျိုကိုဝီက ဆိုခဲ့ပါတယ်။

 

သို့ပေမယ့်လည်း မြန်မာအာဏာသိမ်းစစ်အုပ်စုရဲ့ စစ်ဗိုလ်တွေက တိုင်းပြည်ကိုရော၊ ၎င်းရဲ့ပြည်သူတွေကိုပါ အလုပ်အကြွေးပြုနေတာမဟုတ်ပါဘူး။ အခြားသူများစွာထဲကမှ အင်ဒိုနီးရှားအနေနဲ့ မြန်မာအရပ်ဖက် တက်ကြွလှုပ်ရှားသူများ၊ အမျိုးသားညီညွတ်‌ရေးအစိုးရ (မညစ) တို့နဲ့လက်တွဲပြီး တစိုက်မတ်မတ်နဲ့ မြန်မာ့ အ‌ရေးကို ကိုင်တွယ်သွားသင့်ပါတယ်။

 

ဘုံသဘောတူညီချက် ၅ ရပ်ထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ အာဆီယံ လူသားခြင်းစာနာ ထောက်ထားမှု အထောက်အကူပြုရေးနဲ့ ညှိနှိုင်းရေးစင်တာက ထိ‌ရောက်တဲ့အကူအညီများပေးနိုင်ဖို့ရာမှာလည်း လူသားခြင်း စာနာထောက်ထားရေးအကူအညီများကို လက်နက်ဖြင့်တိုက်ခိုက်အန္တာရာယ်ပြုပြီး တလွဲအသုံးချနေတဲ့ အာဏာသိမ်း စစ်အုပ်စုအပေါ် အားကိုးအားထားပြုတာထက်စာရင် ဒေသခံအရပ်ဖက် အဖွဲ့အစည်းများနဲ့သာ ချိတ်ဆက်ဆောင်ရွက်သင့်ပါတယ်။

 

ထောက်ပြဝေဖန်မှုတွေက အာဆီယံကို ဦးတည်ရည်ရွယ်နေတာထက် အာဏာသိမ်းစစ်အုပ်စုကိုသာ ပြုလုပ် စေသင့်တာမျိုးဖြစ်ပါတယ်။ ကျွန်မတို့ကတော့ ကျွန်မတို့ဖက်အပိုင်းကို ဆောင်ရွက်မှာပါ” လို့ မာဆူဒီက နိုဝင်ဘာက ဆိုခဲ့ပါတယ်။

 

အာဏာသိမ်းစစ်အုပ်စုဟာ နိုင်ငံတဝှမ်းမှာ ၎င်းတို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ် အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့စပ်လျဥ်းပြီး တိုက်ရိုက်တာဝန်ခံရမှာ အသေအချာပဲဖြစ်ပါတယ်။

 

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူသန်းပေါင်းများစွာအပေါ် လူမဆန်စွာညှင်းပမ်းနှိပ်စက်မှုတွေအတွက် အာဆီယံ က ၎င်းဆောင်ရွက်ရမယ့်အပိုင်းကို မလုပ်ဆောင်ရသေးပါဘူး။ အင်ဒိုနီးရှားက အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌ အနေနဲ့ မြန်မာ့အ‌ရေးမှာ အများကြီးဆောင်ရွက်နိုင်သလို အများကြီး ထပ်မံဆောင်ရွက်ဖို့လည်း လိုအပ်ပါ သေးတယ်။

 

 

(Coconuts Jakarta ပါ ဆောင်းပါးရှင် Shayna Bauchner ရဲ့ " Indonesia's ASEAN Leadership Tested with Myanmar" ကို ဆီလျော်အောင်ဘာသာပြန်သည်။)

 

ပုံစာ - ၂၄၊ ၄၊ ၂၁ နေ့က မြန်မာ့အ‌ရေးအာဆီယံအရေးပေါ်ထိပ်သီးညီလာခံကို အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော် ဂျာကာတာ၌ ဆန့်ကျင်ဆန္ဒပြစဥ်

 

ပုံ - AP

 

 

အာဆီယံ
မြန်မာ
စစ်ကောင်စီ
အင်ဒိုနီးရှား
အာဆီယံ ဥက္ကဌ

Share With
bap-logo