Politics
ကလောမြို့က ရပ်ကွက်အချို့မှာ စစ်ကောင်စီထံ စစ်မှုထမ်းချင်သူများနေလို့ မဲနိုက်ဖို့မလိုတဲ့အထိဖြစ်နေ
လွန်ခဲ့သော တစ်နှစ် က
ကလော၊ မတ် ၁၈။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှာ စစ်ကောင်စီထံ စစ်မူထမ်းဖို့ လူရွေးချယ်ရာမှာ အချို့ရပ်ကွက်တွေက စစ်မူထမ်းမယ့်သူရှိနေလို့ မဲနိုက်စရာမလိုတဲ့ရပ်ကွက်တွေ ရှိနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
"ရပ်ကွက် ၄၊ ၅၊ ၇ ရက်ကွက်တွေက စစ်မူထမ်းမယ့်သူရှိလို့မဲနိုက်စရာမလိုဘူး" လို့ ရပ်မိရပ်ဖအချို့ကပြောပါတယ်။
တရပ်ကွက် တစ်ယောက်နှုန်းရွေးရာမှာ အမှတ် ၁၀ ရပ်ကွက်မှာတော့ စစ်မူထမ်းချင်သူမရှိလို့ မဲနိုက်ဖို့လုပ်တဲ့အခါ ကန့်ကွက်လို့ ရက်ရွှေ့လိုက်ရတယ်လို့ ဆိုပါတယ်။
" ၁၀ ရပ်ကွက် အုပ်ကြီးက ကြောက်လို့ မဲမလုပ်ရဲဘူး။ အဲဒါကြောင့် ရပ်ကွက်ထဲ စစ်မူထမ်းမယ့်သူအရင်ရှာခိုင်းပြီးရက်ရွှေ့လိုက်ရတယ်" လို့ ရပ်မိရပ်ဖ တစ်ဦးက ပြောပါတယ်။
လူဦးရေစာရင်းအရ အသက်၂၄ နှစ်ကနေ ၃၀ နှစ်အတွင်း လူစာရင်းကို ရွေးချယ်ထားပြီး ဒီနေ့ မတ်လ ၁၈ ရက်မှာ မဲ စတင်နိုက်နေကြတယ်လို့ ကလောမြို့ခံ ရပ်မိရပ်ဖတွေက ပြောပါ။
"အချို့ရပ်ကွက်က ဆိုးလို့ဆိုပြီး မိဘကိုယ်တိုင်လာအပ်တာမျိုး၊ တချို့က အလုပ်မရှိသူလူပိုတွေ သေမထူးနေမထူးသူတွေက သူတို့အရင်စစ်မူထမ်းဖို့ စာရင်းပေးကြတော့ မဲနိုက်စရာမလိုတဲ့ ရပ်ကွက်တွေရှိနေတယ်"လို့ ကလောမြို့ခံတဦးက ပြောပါတယ်။
ကလောမြို့မှာ စစ်မူထမ်းဖို့ဒီကနေ့ မဲစတင်နိုက်နေကြပြီး အိမ်ထောင်သည်တွေစာရင်းထဲ မပါသေးဘဲ ၃ လ တခါ မဲနိုက်တဲ့စနှစ်နဲ့ ရွေးချယ်ဖို့ ကနဦးစီစဥ်ထားတယ်လို့ စစ်မူထမ်းမဲနိုက်ရွေးရာမှာ ပါဝင်တဲ့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။
"ကြောက်တဲ့သူကကြောက်ပေမဲ့ မပြေးနိုင်ကြတဲ့သူတွေကြတော့ မဲလာနိုက်ကြတယ်၊ လူငယ်အတော် များများနိုင်ငံခြားရောက်နေကြပြီ ဆိုတော့ လက်ရှိအချိန် မြို့မှာကျန်နေသူတွေပဲ ပထမအကြိမ်အတွက် မဲနိုက်ကြတယ်၊ တရပ်ကွက်နှစ်ယောက်ဆိုတော့ အချို့ရပ်ကွက်က လူရထားရင်နိုက်စရာမလိုတော့ ဘူး"လို့ သူက ပြောပါတယ်။
တောင်ကြီးမြို့က ရပ်ကွက်အချို့မှာလည်း စစ်မှုထမ်းစာရင်းကောက်ဖို့ မတ်လ ၁၅ ရက်က စပြီး ရပ်ကွက်ရုံးမှာ အစည်းအဝေးစတင်လုပ်ဆောင်နေတယ်လို့ မြို့ခံအချို့ဆီက သိရပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အသက်ကန့်သတ်ချက်အရ အကျုံးဝင်နေသူ ၁၄ သန်းဝန်းကျင် (အမျိုးသား ၆ ဒသမ ၃ သန်းနဲ့ အမျိုးသမီး ၇ ဒသမ ၇ သန်း) ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဒီတပတ်အတွင်း မြန်မာနိုင်ငံက မြို့နယ်တွေမှာ စစ်မူထမ်းဖို့ မဲနိုက်ရွေးချယ်နေတာကြောင့် မဲပေါက်မှာကို မိသားစုဝင်တွေက စိုးရိမ်သောက ရောက်နေကြတာကို ကြုံနေရပါတယ်။
Top News
လွန်ခဲ့သော ၁၆ နာရီ က
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၆ ရက် က