bap-logo
International

အိန္ဒိယက ဆန်တင်ပို့မှု ရပ်တန့်ထားသည့်အတွက် ထိုင်းက အကျိုးအမြတ်ရရှိရန် ဆက်လက် တင်ပို့မည်

mEmkrOr07T9HUFv1lPKbQ-image

လွန်ခဲ့သော တစ်နှစ် က

အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှု ရပ်တန့်ထားသည့်အတွက် ထိုင်းနိုင်ငံမှ အကျိုးအမြတ်ရရှိနေပြီး ပြည်တွင်း စားသုံးမှု အတွက်သာမက ပြည်ပတင်ပို့ရန်အတွက်ပါ လုံလောက်သည့်အတွက် တင်ပို့မှု ရပ်တန့်ရန် အကြောင်း မရှိကြောင်း ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက တနင်္လာနေ့က ပြောကြားသည်။

 

ကမ္ဘာ့အကြီးဆုံး နှံစားသီးနှံတင်ပို့သူ အိန္ဒိယနိုင်ငံသည် ဂျူလိုင်လကုန်က ကမ္ဘာ့ဆန်တင်ပို့မှု၏ တစ်ဝက်ခန့်ရှိသည့် ၎င်း၏ အကြီးမားဆုံး ဆန်တင်ပို့မှုကဏ္ဍကို ရပ်တန့်ထားရန် ညွှန်ကြားလိုက်သည့်အတွက် ကမ္ဘာ့စားသောက်ကုန် ဈေးကွက်အပေါ်တွင် ဈေးနှုန်းဖောင်းပွမှုများ ပိုမို ဖြစ်ပေါ်လာမည်ကို စိုးရိမ်လာကြသည်။

 

အိန္ဒိယ၏ အကန့်အသတ်ပြုမူလိုက်ခြင်းသည် အထူးသဖြင့် အိန္ဒိယဆန်ကို အများအပြား စားသုံးသည့် အာဖရိက တွင် ထိုင်းဆန်တင်ပို့သူများအတွက် အခွင့်အရေးတစ်ရပ်ဖြစ်လာခဲ့သည်ဟု ဝန်ကြီး Jurin Laksanawisit က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အိန္ဒိယရဲ့ တင်ပို့မှုကန့်သတ်ခြင်းဟာ ကမ္ဘာ့ဈေးနှုန်းမြင့်တက်နေချိန်မှာ ပမာဏက လျော့သွားတဲ့အတွက် လယ်သမားတွေဟာ စပါးတွေကို ဈေးအမြင့်နဲ့ ရောင်းချလာနိုင်ပါတယ်။

အိန္ဒိယရဲ့ တင်ပို့မှုကန့်သတ်ခြင်းဟာ ကမ္ဘာ့ဈေးနှုန်းမြင့်တက်နေချိန်မှာ ပမာဏက လျော့သွားတဲ့အတွက် လယ်သမားတွေဟာ စပါးတွေကို ဈေးအမြင့်နဲ့ ရောင်းချလာနိုင်ပါတယ်။ဟု ၎င်းက ပြောသည်။

 

သို့ရာတွင် ကမ္ဘာ့ဈေးနှုန်း မတည်ငြိမ်သည့်အတွက် အစိုးရက အခြေအနေကို အနီးကပ်စောင့်ကြည့်သွားမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

 

ကမ္ဘာ့ဒုတိယအကြီးမားဆုံး ဆန်တင်ပို့သူ ထိုင်းနိုင်ငံသည် ယခုနှစ်တွင် ဆန် မက်ထရစ်တန်ချိန် ၈ သန်း တင်ပို့သွားရန် မျှော်လင့်ထားသည်ဟု ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်း၏ အကြီးအကဲ Charoen Laothamatas က ရှင်းလင်းပွဲတွင် ပြောကြားသည်။

 

ပထမ ၇ လတွင် ထိုင်းနိုင်ငံက မက်ထရစ်တန် ၄. သန်း တင်ပို့ခဲ့ပြီး လစဉ် ၇၀၀ ၀၀၀ မှ ၈၀၀ ၀၀၀ တန်အထိ တင်ပို့နေသည်ဟု ၎င်းက ပြောသည်။ ယမန်နှစ်က ဆန်တန်ချိန် ၇.၇၁ သန်း တင်ပို့ခဲ့သည်။

 

ဈေးကွက်တိုင်း ထင်ကြေးမျိုးစုံဖြစ်နေတဲ့အတွက် ကမ္ဘာ့ဈေးကွက်က မတည်ငြိမ်ဘဲ ရှုပ်ထွေးနေပါတယ်။ ဒါကြောင့် လက်ထဲမှာ ကုန်လက်ကျန်မရှိတဲ့ နိုင်ငံတွေကို ထိခိုက်တွေ ရှိပါတယ်။ဟု ၎င်းက ပြောသည်။

 

ထိုင်း ဆန်တင်ပို့မှုဈေးနှုန်းမှာ အိန္ဒိယ၏ ရပ်တန့်မှုနောက်ပိုင်း ၂၀ % အထိ မြင့်တက်လာခဲ့သည်ဟု Charoen က ပြောသည်။

 

တင်ပို့သူများသည် ရှင်းလင်းစွာ သိရှိရန် စောင့်ဆိုင်းပြီးချိန်အထိ ဈေးဖြတ်ရန် တုံ့ဆိုင်းနေခဲ့ကြကာ အချိန်ကာလတစ်ခုအထိ တင်ပို့မှု ရပ်တန့်ကောင်း ရပ်တန့်ထားနိုင်သည်ဟု ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်း ဂုဏ်ထူးဆောင်အကြီးအကဲ Chookiat Ophaswongse က ပြောကြားသည်။

 

ဈေးတွေ မတည်ငြိမ်တဲ့အတွက် နောက် နှစ်ပတ်၊ သုံးပတ်အတွင်း ပို့ရမယ့် စာချုပ်အဟောင်းတွေ ကျွန်တော်တို့ စိုးရိမ်မှုတွေ ရှိပါတယ်။ ဒါပေမယ့် ဒါက အိန္ဒိယဆီက ရှင်းရှင်းလင်းလင်း မသိရခင် ယာယီပါ။ဟု ၎င်းက ပြောသည်။

 

အစိုးရကလည်း ပြည်တွင်းဈေးနှုန်း အလွန်အမင်း မမြင့်မားစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဈေးနှုန်း ဖောင်းပွမှု ဆက်လက်နည်းပါးမည်ဟု မျှော်လင့်ရကြောင်း ဝန်ကြီး Jurin က ပြောကြားသည်။

 

ဆန်တင်ပို့မှု ပုံမှန်ဖြစ်နေချိန်မှာ ပြည်တွင်းစားသုံးမှုကို မထိခိုက်ပါဘူး။ ဒါပေမယ့် စပါးဈေးတွေ မြင့်မားလာပါတယ်။ ဒီ့အတွက် ဆန်ဈေး သင့်လျော်တဲ့ နှုန်းထားမှာပဲ ရှိနေအောင် စီမံရပါမယ်။ဟု Jurin က ပြောသည်။

 

စပါးဈေးမှာ လက်ရှိ မက်ထရစ်တစ်တန်လျှင် ၁၂ ၀၀၀ ဘတ်(ဒေါ်လာ ၃၄၄.၄၃) ဟု မှတ်တမ်းရှိကြောင်း၊ စပါးအထွက်မှာ နှစ်ကုန်လျှင် ၃၂.၃၅ တန်၏ ၅. % ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောသည်။

 

(အမေရိကန် ၁ ဒေါ်လာ = ၃၄.၈၄ ဘတ်)

ကိုးကား - Reuters

ပုံစာ - စက်တင်ဘာ ၁၆ ၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံ Udon Thani တွင် ဆန်စက်လုပ်သားတစ်ဦး၏ လက်ထဲမှ စပါးများ။ (Photo: REUTERS/Jorge Silva/File Photo)

ထိုင်းနိုင်ငံ
ဆန်
အိန္ဒိယ

Share With
bap-logo