Opinion
‘ဝ’တွေ ပို့ချတဲ့ နိုင်ငံရေးသင်ခန်းစာ
လွန်ခဲ့သော ၃ နှစ် က
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှို
အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားချက်များမှာ စိတ်ဝင်စားဖို့လည်းကောင်းပြီး ‘ဝ’တို့၏ ရည်မှန်းချက်များနှင့် လက်တွေ့နိုင်ငံရေးဗျူဟာကိုလည်း တစွန်းတစလှစ်ဟထားသည်ကို တွေ့နိုင်မည် ဖြစ်သည်။
ကနဦးအနေနှင့် ဤစာစုတွင် ‘ဝ’သမိုင်း၊ ‘ဝ’ ပြည်နယ်နှင့် မျှော်မှန်းချက်၊ ထုတ်ပြန်ချက်က ပြောသောနိုင်ငံရေးနှင့် ‘ဝ’တို့၏ လက်တွေ့နိုင်ငံရေးဟူ၍ အပိုင်းလေးပိုင်းခွဲကာ တင်ပြမည် ဖြစ်သည်။
‘ဝ’သမိုင်း
‘ဝ’သမိုင်းဟုဆိုရာတွင် ‘ဝ’လူမျိုးတို့၏ သမိုင်းကြောင်းကို မဆိုလို။ UWSP/UWSA ၏ သမိုင်းကြောင်း ကို ပြောလိုခြင်းဖြစ်သည်။ UWSP သည် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ UWSA သည် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဖြစ်သည်။
ဤအကြောင်းကိုပြောလျှင် ဗမာပြည်ကွန်မြူနစ်ပါတီ(CPB) အကြောင်းကို ပြောရပေမည်။ လွတ်လပ်ရေး ရပြီး လပိုင်းမျှအကြာတွင် သခင်သန်းထွန်းဦးဆောင်ကာ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဥက္ကဋ္ဌသခင်ဗသိန်းတင်လက်ထက် ၁၉၈၉ ခုနှစ်တွင် တပ်တွင်းပုန်ကန်မှု ဖြစ်သည်။
ဘိန်းအရောင်းအဝယ်ကို ထဲထဲဝင်ဝင်
ကိုးကန့်ဒေသမှစသော ဤပုန်ကန်မှုသည် နောက်ဆုံးတွင် CPB ဌာနချုပ်ပန်ဆန်းပါ ကျဆုံးသွားပြီး မြန်မာပြည်အစိုးရကို ခြိမ်းခြောက်နိုင်ခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီလည်း ပြိုကွဲသွားတော့သည်။
UWSA သည် တစ်ခါက ဗမာပြည်ကွန်မြူနစ်ပါတီ၏ တိုက်ခိုက်ရေးတပ်ဖွဲ့များအဖြစ် စုစည်း ထားသော လူမျိုးစုလက်နက်ကိုင် လေးဖွဲ့
UWSA သည် ၁၉၈၉ ခုနှစ် မေလ ၉ ရက်တွင် ငြိမ်းချမ်းရေး ယူလေသည်။ ၁၉၉၃ ခုနှစ်တွင် ခွန်ဆာ ၏ MTA တပ်များနှင့်တိုက်ပွဲဖြစ်ပြီး မြန်မာစစ်တပ်က ‘ဝ’တို့ဘက်ကနေ ကူတိုက်ပေးခဲ့ရသည်။
ခေတ်သစ် UWSA သည် ဗမာပြည်ကွန်မြူနစ်ပါတီထက်သာလွန်
၂၀၁၉ ဧပြီလတုန်းက ကျင်းပခဲ့တဲ့ ‘ဝ’ဒေသ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားတွင်လည်း သူတို့အစဉ်အလာအတိုင်း လက်နက်တွေကို ထုတ်ဖော်ပြသခဲ့သေးသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက “တပ်မတော်က ငြိမ်းချမ်းရေးလိုချင်လို့ တချို့ဟာလေးတွေမှာ အစွမ်းကုန် သည်းခံနေတာ"ဟု ပြောကြားခဲ့သေးသည်။
‘ဝ’တို့ကလည်း သူတို့အစဉ်အလာအတိုင်း စစ်ရေးပြအခမ်းအနားလုပ်တာသာဖြစ်
‘ဝ’ ပြည်နယ်နှင့်မျှော်မှန်းချက်
‘ဝ’ဒေသ ကို ၂၀၀၈ အခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ဖော်ပြထားသည်။
ရှမ်းပြည်အရှေ့မြောက်တွင် တည်ရှိ
‘ဝ’ဒေသမှာ ဟိုပန်နှင့် မက်မန်း (မော်ဖာ)၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ ပန်ဆန်း ဆိုပြီး မြို့နယ် ခြောက်ခုရှိသော်လည်း ဟိုပန်နဲ့မက်မန်း မြို့နယ်တွေသာ အစိုးရထိန်းချုပ်မှုအောက် ရှိ
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာအရပ်သားအစိုးရ၏ ရွေးကောက်ပွဲကော်မရှင်ကပင် ‘ဝ’ဒေသတွင် ရွေးကောက်ပွဲလုပ်ရန် သွားရောက်ညှိနှိုင်းခဲ့ရသည်။ထို
‘ဝ’လူမျိုးများ၏ အိပ်မက်သည် သူတို့ဒေသကို တရားဝင်ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် ဖြစ်သည်။
ဤမျှော်မှန်းချက်သည် နေ့ချင်းညချင်း ဖြစ်တည်လာခြင်း
ဤအချက်ကို ယခုအခါ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှို
ယခုတစ်ခေါက် တွေ့ဆုံမှုတွင်လည်း ပြည်နယ်အဖြစ် သတ်မှတ်ပေးရေးကို စစ်ခေါင်းဆောင်က မူအားဖြင့် လက်ခံကြောင်း ‘ဝ’ဒေသ လားရှိုးပြည်သူ့ဆက်ဆံရေးရုံးတာ
ထုတ်ပြန်ချက်ကပြောသောနိုင်ငံရေး
‘ဝ’ တို့ထုတ်ပြန်ချက်တွင် အချက် ၈ ချက် ပြောသည်။ ပြည်တွင်း နိုင်ငံရေးနှင့်ပတ်သက်ပြီး ၄ ချက်၊ သူတို့တောင်းဆိုချက်နှင့်ပတ်သက်
ပြည်တွင်း နိုင်ငံရေးနှင့်ပတ်သက်ပြီး ၄ ချက်တွင် နံပါတ် ၁ အချက်မှာ အစိုးရအဖြစ် မည်သူ အုပ်ချုပ်သည်ဖြ
ယင်းအချက်ကိုကြည့်လျှင် အာဏာသိမ်းမှုနှင့် နွေဦးတော်လှန်
ဆိုလိုသည်မှာ လက်ရှိအခင်းအကျင်းသည် အာဏာသိမ်းစစ်တပ်နှင့် NLD တို့၏ ပဋိပက္ခမဟုတ်။ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ထား
ဤသို့ထင်ရှားသည်ကို ‘ဝ’ တို့ မမြင်သည်မှာ မမြင်ချင်၍ မဟုတ် နိုင်ငံရေးပရိယာယ်သာ ဖြစ်ပေလိမ့်
မြန်မာစကားပုံတွင် ယာလည်းညက်စေ၊ ကြက်လည်းမောစေဟူ၍ ရှိသည်။ ကြက်နှစ်ကောင် ခွပ်သည်ကို ချက်ချင်းမဖမ်း၊ ယာထွန်စောင့်ရင်း ကြက်တွေမောလာတော့မှ ဖမ်းခိုင်းခြင်းဖြစ်သည်။ ဝ တို့လည်း ဘယ်ဘက်မှ ဝင်မပါ။ သို့သော် နေပြည်တော် တက်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းလေသည်။
အခြားတစ်ဖက်က ဆင်ခြင်လျှင်မူ ဤပဋိပက္ခသည် ဗမာချင်းဖြစ်သည့် အာဏာလုပွဲဟု အခြား တိုင်းရင်းသားများကို သိစေလိုခြင်းလည်း ဖြစ်နိုင်ပေသည်။
နံပါတ် ၂ အချက်ကို ခြုံပြောလျှင် နှစ် ၇၀ ကျော်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်မှာ လက်နက်ကိုင် နည်းလမ်းနှင့် မဖြေရှင်းနိုင်ဟု စစ်ခေါင်းဆောင်အပါအဝင် ကိုယ့်ကိုယ်ကိုယ် လည်လှ၊ထက်လှသည် ထင်သော ဗမာနိုင်ငံရေးသမားများကို သင်ခန်းစာလာပေးသွားခြင်းဖြစ်သည်
ဤသင်ခန်းစာသည် ဗမာချင်းဖြစ်သည့် စစ်အတွက်လည်း သင့်လျော်သည်ဟု ဆိုသည်။ နောက်တစ်ချက်ကတော့ ကိုယ့်ကိစ္စ ကိုယ်ရှင်းရမှာဖြစ်
နှုန်းစံအခြေပြုနိုင်ငံရေးမှ ဖယ်ခွာသည့် ဝ ခေါင်းဆောင်တို့၏ လက်တွေ့ကျသည့် ရှုမြင်ချက်ဖြစ်ရာ စဉ်းစားသင့်သည့် ကိစ္စလည်းဖြစ်
‘ဝ’တို့၏ လက်တွေ့နိုင်ငံရေး
‘ဝ’ခေါင်းဆောင်များသည် ပြည်မသို့ အရောက်အပေါက်နည်းလှသည်
တောင်းဆိုချက်တွင် အချက်လေးချက် ဖော်ပြထားသော်လည်း ‘ဝ’ခေါင်းဆောင်တို့ တောင်းဆိုသည်မှာ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြ
ထိုသို့ ကိုယ်လိုတာကို ဦးစွာမတောင်းခင် စစ်တပ်က စိတ်ပူနေသည့်ကိစ္စကို သူတို့မလုပ်ဟု ဦးစွာ ကတိပေးသည်။
ထိုအချက်မှာ ‘ဝ’တို့သည် နိုင်ငံကို ပြိုကွဲအောင်မလုပ်၊ နိုင်ငံမှ ခွဲမထွက်ဟူသည့် ကတိပင်ဖြစ်သည်။ ထို့အပြင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးမူကို ဆက်လက်ထိန်းသိမ်းမည် ဟုလည်း ဆိုသေးသည်။
‘ဝ’ပြည်နယ်တောင်းခြင်းသည် ဤဒေသတွင်နေထိုင်ကြသော လူဦးရေခြောက်သိန်း၏ ဆန္ဒဟုလည်း ဆိုသည်။
နောက်ဆုံးအချက်ကမူ ငြိမ်းချမ်းရေးကဗျာဆရာကြီးဆရာ
‘ဝ’တို့က တောင်းဆိုချက်များ မရလျှင်လည်း လက်ရှိအခြေအနေကို ထိန်းသိမ်းဖို့နဲ့ နှစ်ဖက်ကြား ပဋိပက္ခ မဖြစ်အောင် ရှောင်ရှားကြဖို့ကို နောက်ဆုံးအချက်တွင်ထားကာ အလေးအနက် ပြောသွားခြင်းဖြစ်သည်။
‘ဝ’ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်
၂၀၂၂ ခုနှစ်၊ မေလကုန်တွင် ရောက်ခဲလှသော ပြည်မသို့ ‘ဝ’ခေါင်းဆောင်တွေ ရောက်လာခဲ့သည်။
အရင်းမရှုံးစေရန်လည်း ကြိုတင်ပြင်ဆင်လာခဲ့သည်။ လိုတာမတောင်းမီ ကိုယ်ပေးနိုင်တာကို အရင် ပြောခဲ့သည်။
ဗမာနိုင်ငံရေးသမားတွေ သီအိုရီအစွဲ စာအုပ်အစွဲဖြင့် စကားလုံးတိုက်ပွဲ ဆင်နွှဲနေချိန်
Burma Associated Press