bap-logo
Articles

မြန်မာပြည်တွင်းစစ်မှ တရုတ်နိုင်ငံအလိုရှိသည့်အရာ

bQCPcjsNnHI3GzW3pXT02-image

လွန်ခဲ့သော ၄ လ က

တရုတ်နိုင်ငံမှ အပစ်ရပ်ရေး ဆွေးနွေးမှုအတွက် ကြိုးပမ်းခဲ့သော်လည်း မြန်မာပြည်တွင်းစစ်သည် အချိန်တိုအတွင်း ရပ်တန့်သွားမည် မဟုတ်ချေ။

 

 

မြန်မာနိုင်ငံတွင် အားကောင်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်အုပ်ချုပ်ရေးတို့ကို တရုတ်နိုင်ငံ၏ တိုက်တွန်းချက်အရ ညှိနှိုင်းခဲ့သည့် ခေတ္တအပစ်ရပ်စဲခြင်းမှာ နာရီပိုင်းအကြာတွင် ပျက်ပြယ်သွားသည်။

 

          

မြန်မာစစ်အာဏာရှင်နှင့် တိုက်ခိုက်နေသည့်အဖွဲ့များအနက်မှ ညီနောင်မဟာမိတ် သုံးဖွဲ့သည် မြန်မာစစ်တပ်နှင့် အပစ်ရပ်ရန် သောကြာနေ့က တရုတ်နိုင်ငံ ကူမင်းမြို့တွင် သဘောတူခဲ့ကြသည်။

           

သို့သော် ညီနောင်မဟာမိတ်သုံးဖွဲ့မှ တစ်ဖွဲ့ဖြစ်သည့် TNLA ၏ ထုတ်ပြန်ချက်တစ်စောင်တွင် မြန်မာစစ်တပ်က သဘောတူညီချက်ချိုးဖောက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ စစ်တပ်က ရှမ်းပြည်နယ် မြောက်ပိုင်း နေရာအများအပြားတွင် သောကြာနေ့နှင့် စနေနေ့က တိုက်ခိုက်မှုများ လုပ်ခဲ့ကြောင်း ဧရာဝတီနှင့် ဒေသတွင်း သတင်းဌာနများက ဖော်ပြကြသည်။ Vox က သီးခြား အတည်မပြုနိုင်ပါ။

 

           

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့က တကယ်တော့ ဒီဆွေးနွေးပွဲတွေမှာ ပါဝင်လိုစိတ် မရှိဘူး။ တရုတ်ရဲ့ အတင်းအကျပ်ဖိအားကြောင့်သာ ပါဝင်ဆွေးနွေးရတာဖြစ်တယ်။” ဟု US Institute of Peace မှ Burma Program အတွက် မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Jason Towe က Vox ကို ပြောသည်။ “မတူကွဲပြားတဲ့ သက်ဆိုင်သူတွေဟာ အခြေအနေပေါ်မှာ နက်ရှိုင်းတဲ့ ဆွေးနွေးလိုမှုပုံစံတစ်ခုမှ ပြင်းပြင်းပြပြ မရှိတဲ့အတွက် ကျွန်တော် ထင်တာကတော့ အပစ်ရပ်သဘောတူချက်ဟာ အစကတည်းက ပျက်ဖို့ပဲ ဖြစ်မှာပါ။”

           

သို့သော် အပစ်ရပ်ခြင်း အရေးကြီးသည့် လက်နက်ကိုင်အဖွဲ့များ ပါဝင်သော်လည်း မြန်မာနိုင်ငံ၏ အခြားဒေသ များမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF များ၏ အတွက် အကျုံးမဝင်ပေ။

 

           

တခြားအဖွဲ့တွေက ဒါကို သစ္စာဖောက်တယ်လို့ မြင်မှာ မဟုတ်ဘူးလို့ပဲ ကျွန်တော် မြင်တယ်။ ဒါပေမယ့် တရုတ်နိုင်ငံအပေါ် ပိုပြီး စိတ်ပျက်စေတာပဲ ဖြစ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့၊ စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ထုတ်ဖို့ သူတို့ရဲ့ ရည်မှန်းချက်ကို ချီတက်ရာမှာ တရုတ်က အနှောင့်အယှက်တစ်ခု ပိုဖြစ်လာတယ်လို့ သူတို့ မြင်လို့ပဲ။” ဟု Tower က ပြောသည်။

 

          

  ပိုနေမြဲ ကျားနေမြဲ အခြေအနေသို့ ပြန်သွားရန် မရှိ။

 

           

အနည်းငယ် ကြားဖြတ်ပြောင်းလဲမှုရှိသော်လည်း မြန်မာနိုင်ငံသည် ကာလရှည်ကြာ ပြည်တွင်းစစ်နှင့် စစ်တပ်အုပ်ချုပ်မှုအောက်တွင် ရှိနေခဲ့သည်။

 

၁၀၂၇ စစ်ဆင်ရေးသည် လများစွာ ပြင်ဆင်ရေးဆွဲခဲ့ပြီး မဟာမိတ်များ၊ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် PDF များအကြား အထင်အမြင်ကြီးဖွယ် ညှိနှိုင်းပူးပေါင်းမှုကို ပြသခဲ့သည်

 

           

တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် နိုင်ငံတွင် ဗြိတိသျှနယ်ချဲ့အုပ်ချုပ်မှုနှင့် စစ်အာဏာရှင်စနစ်တို့ အောက်လူနည်းစုတိုင်းရင်းသားများမှာ ပြင်းပြင်းထန်ထန် ခွဲခြားမှုများ သမိုင်းနှင့်ချီ၍ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ထို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့များမှာ မြန်မာနိုင်ငံအတွက် အသစ်အဆန်း မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့၏ နယ်မြေသို့မဟုတ် တိုင်းရင်းသားအစုအဖွဲ့များအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် နှစ်ပေါင်းများစွာ တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။

 

           

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ရက်စက်စွာဖြိုခွင်းခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် လက်နက်ကိုင်တော်လှန်ရေးသို့ ဦးတည်ခဲ့သည်။ စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများ၊ မော်တာများ၊ မြေမြှုပ်မိုင်းများ၊ ဒုံးကျည်များနှင့် လက်နက်ကိုင်တပ်ဖွဲ့များကို သာမက အရပ်သားများကိုပါ တိုက်ခိုက်ခဲ့သည်။ Peace Research Instituet Oslo ၏ အဆိုအရ ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ်နှင့် စက်တင်ဘာ ၂၀၂၂ ခုနှစ်အကြား အရပ်သား ၆၀၀၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။ အောက်တိုဘာ ၂ ရက်နေ့အထိ လူပေါင်း ၂ သန်းခန့် နေရပ်စွန့်ခွာခဲ့ရသည်ဟု ကုလသမဂ္ဂက ပြောသည်။

 

           

၁၀၂၇ စစ်ဆင်ရေးသည် လများစွာ ပြင်ဆင်ရေးဆွဲခဲ့ပြီး မဟာမိတ်များ၊ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် PDF များအကြား အထင်အမြင်ကြီးဖွယ် ညှိနှိုင်းပူးပေါင်းမှုကို ပြသခဲ့သည်။

           

ဒီလောက်အထိ ပူးပေါင်းဆောင်ရွက်နိုင်တဲ့အဆင့်ဟာ မကြုံစဖူး ထူးခြားမှုပါ။ ဒါပေမယ့် ဒီစစ်ဆင်ရေးရဲ့ ကျယ်ပြန့်မှုနဲ့ ဘာတွေ ရယူနိုင်ဖို့ စီစဉ်ထားလဲဆိုတာတော့ အခုအချိန်ထိ မသိနိုင်သေးပါဘူး။” ဟု ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် လွတ်လပ်သော လေ့လာအကဲဖြတ်သူ David Mathieson က နိုဝင်ဘာလတွင် Vox ကို ပြောသည်။ “ဒါဟာ အဖွဲ့သုံးခုအကြား ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို ပြသနေတာလို့ မြင်ပါတယ်။” ဟု ၎င်းက ပြောသည်။ ၂၀၀၉ ခုနှစ်ကပင် ပူးပေါင်းဆောင်ရွက်နေခဲ့ပြီး မကြာသေးမီကာလများတွင် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) ကဲ့သို့သော အခြား လက်နက်ကိုင်အဖွဲ့များနှင့်ပါ ပိုမိုပူးပေါင်းလာသည်ဟု Mathieson က ပြောသည်။

 

            မြန်မာ့ပြည်တွင်းစစ်အတွင်း တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ

           

တရုတ်ရာဇဝတ်အဖွဲ့အစည်းများက တရုတ်အလုပ်သမားများကို အလုပ်အကိုင်မက်လုံးများပေး၍ အ‌ရှေ့တောင် အာရှ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့သို့ ဖြားယောင်းခေါ်ယူလာပြီး အွန်လိုင်းအလိမ်အညာ လုပ်ငန်းများ လုပ်ကိုင်စေမှုကို တရုတ်နိုင်ငံက စိုးရိမ်မှုမြင့်တက်လာခဲ့သည်။ ၎င်းလုပ်ငန်းများက ကမ္ဘာအနှံ့မှ လူများကို ဆက်သွယ်၍ ခရစ်ပတိုကာရန်စီ လိမ်ညာမှုမှတဆင့် ငွေကြေးခိုးယူမှုများ လုပ်ကိုင်ကြသည်။ မကြာသေးမီ လများအတွင်း တရုတ်နိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်အာဏာရှင်တို့ကို ကျူးလွန်သူများ ဖမ်းဆီး၍ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရန် တွန်းအားပေးခဲ့သည်။

 

           

တရုတ်နယ်စပ်မှ လက်နက်၊ ဆေးဝါးစောင့်ရှောက်မှုနှင့် ငွေကြေးအတွက် ရှမ်းပြည်နယ်သည် ခုခံတော်လှန်ရေး လှုပ်ရှားမှုများအတွက် အရေးပါသည်ဟု Tower က ပြောသည်။ လွတ်လပ်သော လေ့လာအကဲဖြတ်သူ ဦးသီဟဝင့်အောင်ကလည်း “ရှမ်းပြည်မြောက်ပိုင်းကို ထိန်းချုပ်နိုင်တာဟာ စစ်ဆင်ရေး အတားအဆီးမရှိ လုပ်ဆောင်နိုင်တဲ့ နယ်မြေချဲ့ထွင်နိုင်စေဖို့ အရေးပါပါတယ်။” ဟု ပြောသည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး မဟာဗျူဟာကျသည့် လားရှိုးနှင့် မူဆယ်မြို့များမှာ စစ်တပ်ထိန်းချုပ်အောက်တွင် ရှိနေသေးသော်လည်း ခုခံတော်လှန်ရေးအဖွဲ့များက ဝိုင်းရံထားသည်ဟု ၎င်းက ပြောသည်။

 

တရုတ်နိုင်ငံ၏ ထိပ်တန်း ရေနံစိမ်းတင်သွင်းသူ ဆယ်ခုအနက် ကိုးခုမှာ အိန္ဒိယသမုဒ္ဒရာမှတဆင့် ဖြတ်သန်းအသုံးပြုရသည်

           

သို့ရာတွင် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက် အရေးကြီးသည်ဟု Tower က ပြောသည်။ တရုတ်နိုင်ငံက ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း မြန်မာနိုင်ငံမှ ၎င်းတို့၏ အကျိုးစီးပွားများ လုံခြုံစေရန် စစ်တပ်နှင့် လုပ်ဆောင်နေခဲ့သည်ဟု ၎င်းက ပြောသည်။တရုတ်နိုင်ငံ အနောက်တောင်ပိုင်းပြည်နယ်တွေဆီကို ရောက်ရှိမယ့် တစ်ခုတည်းသော သဘာဝဓာတ်ငွေ့အရင်းအမြစ်ဖြစ်တဲ့ ဒေါ်လာ ဘီလီယံချီ ပိုက်လိုင်းတစ်ခုအတွက် အခြေခံအဆောက်အအုံတည်ဆောက်ရေး တရုတ်နိုင်ငံက မြန်မာစစ်တပ်နှင့် အနီးကပ် မိတ်ဖက်လုပ်ဆောင်နေခဲ့ပါတယ်။ မကြာသေးမီအချိန်ထိတော့ မြန်မာစစ်တပ်က ဒီစီမံကိန်း လုံခြုံရေးအတွက် အဓိက သက်ဆိုင်သူဖြစ်ပါတယ်။” ဟု Tower က Vox ကို ပြောသည်။

 

           

တရုတ်နိုင်ငံနှင့် အခြားအာရှနိုင်ငံများမှ အာဖရိက၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းသို့ အိန္ဒိယသမုဒ္ဒရာကို ဖြတ်၍ ဆက်သွယ်ရန် မလက္ကာရေလက်ကြားကို အသုံးပြုရန်လည်း တရုတ်က မြန်မာကို မှီခိုနေရသည်။ ၎င်းအချက်မှာ တရုတ်နိုင်ငံ၏ စွမ်းအင်တင်သွင်းမှုအတွက်လည်း အထူးအရေးပါသည်ဟု Carnegie Endowment for International Peace မှ အိန္ဒိယသမုဒ္ဒရာအစီအစဉ် ညွှန်ကြားရေးမှူး Darshana Baruah က အင်ဒို-ပစိဖိတ်ဆိုင်ရာ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ဆပ်ကော်မတီသို့ ဧပြီလ တင်ပြချက်တွင် ပြောသည်။ “တရုတ်နိုင်ငံ၏ ထိပ်တန်း ရေနံစိမ်းတင်သွင်းသူ ဆယ်ခုအနက် ကိုးခုမှာ အိန္ဒိယသမုဒ္ဒရာမှတဆင့် ဖြတ်သန်းအသုံးပြုရသည်။” ဟု Baruah က တင်ပြချက်တွင် ပြောသည်။

 

           

တရုတ်နိုင်ငံသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲများနှင့် စစ်တပ်နှစ်ခုလုံးနှင့် လုပ်ဆောင်နေသော်လည်း စစ်တပ်၏ အာဏာချုပ်ကိုင်မှု မခိုင်မာခြင်း၊ စီးပွားရေးပြိုင်ဆိုင်နိုင်မှုမရှိခြင်း၊ ရာဇဝတ်မှုများ ကျူးလွန်ခြင်း တို့ရှိလင့်ကစား ၎င်း၏ အကျိုးစီးပွားများကို ကာကွယ်ရန် စစ်တပ်အပေါ် မျှော်လင့်ထားပုံရသည်ဟု Tower က ပြောသည်။ “တရုတ်နိုင်ငံရဲ့ အဆုံးစွန်လိုလားချက်က အားနည်းတဲ့စစ်တပ်ရဲ့ တရုတ်အပေါ် အများကြီးမှီခိုနေစေဖို့ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ တခြားနည်းလမ်းနဲ့ လုံခြုံမှုမပေးနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ပြီးတော့ အခြား တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နယ်စပ်ဒေသတွေမှာ ယုံကြည်စိတ်ချရဖို့ တရုတ်နိုင်ငံက အတူတကွ လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ သူ့အကျိုးစီးပွားလုံခြုံဖို့အတွက်ပါ။ အဆုံးစွန်မှာတော့ အိန္ဒိယသမုဒ္ဒရာဒေသက သူ့ရဲ့ အကျိုးစီးပွားအထိ ဆက်လက်ချဲ့ထွင်ဖို့ ဖြစ်ပါတယ်။” ဟု ၎င်းက Vox ကို ပြောသည်။

 

           

တရုတ်နိုင်ငံက အနာဂတ် အပစ်ရပ်ရေး သဘောတူညီချက်များ ဆွေးနွေးသွားလျှင်သော်မှ ကြာရှည်တည်မြဲမည် မဟုတ်ကြောင်း၊ မြင်သာသည့် အနာဂတ်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေမည် ဖြစ်ကြောင်း ဦးသီဟဝင့်အောင်က ပြောသည်။ “နေပြည်တော်မှာ စစ်အာဏာရှင်တွေ အာဏာရယူထားသရွေ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရရှိထားတဲ့ နယ်မြေတွေမှာ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူးဆိုတာ EAO တွေက အတိအကျကို သိပါတယ်။”

 

ကိုးကား - Vox

ပုံစာ - (Photo: File: The Kokang online media via AP Photo)

 

 

တရုတ်
ညီနောင်မဟာမိတ်
မြန်မာ

Share With
bap-logo