Articles
မြန်မာရဲ့တော်လှန်ရေးသေနတ်သံ နဲ့ တရုတ်ရဲ့အမျက်ဒေါသ
လွန်ခဲ့သော တစ်နှစ် က
အာဏာသိမ်းစစ်အုပ်စုရဲ့ တပ်မတော်က စစ်ဗိုလ်ချုပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ သုံး ဖွဲ့က ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ ဇွန်လက တရုတ်မြန်မာနယ်စပ်အနီးမှာ ငြိမ်းချမ်းရေးဆွေးနွေး ပွဲကို ပြုလုပ်ခဲ့ပါတယ်။ အခန်းအနားက စားပွဲကို အပြာရောင်စားပွဲခင်းတွေဖြန့်ကျက်ခင်းထာပြီး လှပတဲ့ပန်းခွေ၊ ပန်းလိပ်တွေနဲ့အလှဆင်ထားခဲ့ပါတယ်။
သို့ပေမယ့်လည်း တော်လှန်ရေးတပ်ဖွဲ့တွေက တချိန်တည်းမှာ ကစားပွဲတစ်ခုကို ကစားခဲ့တာပါ။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့လို့ခေါ်တဲ့ ယင်းတိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ဟာ စစ်ဆင် ရေး ၁၀၂၇ လို့အမည်ပေးထားတဲ့ ကြီးမားတဲ့ထိုးစစ်ဆင်နွဲမှုတစ်ခုကို အောက်တိုဘာလမှာ ဆင်နွှဲနိုင် ဖို့ မြေပြင်အခင်းအကျင်း တွေကိုလည်း တချိန်တည်းမှာ လျို့ဝှက်စွာလုပ်ဆောင်ခဲ့ပါတယ်။ ယင်း စစ်ဆင်ရေး ၁၀၂၇ ဟာ အာဏာသိမ်း စစ်အုပ်စုကို အခြိမ်းခြောက်နိုင်ဆုံး စစ်ဆင်ရေး တစ်ခုဖြစ်လာခဲ့ပါတယ်။
သူတို့နဲ့ ဇွန်လ တွေ့ဆုံမှုတွေပြလုပ်စဉ်ကတည်းက စစ်ဆင်ရေးအတွက် ပြင်ဆင်မှုတွေကျွန်တော်တို့ လုပ်ခဲ့ပြီးပါပြီ
"သူတို့နဲ့ ဇွန်လ တွေ့ဆုံမှုတွေပြလုပ်စဉ်ကတည်းက စစ်ဆင်ရေးအတွက် ပြင်ဆင်မှုတွေကျွန်တော်တို့ လုပ်ခဲ့ပြီးပါပြီ" လို့ MNDAA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကိုကျော်နိုင်က ပြောခဲ့ပါတယ်။
ရိုက်တာ သတင်းဌာနက စစ်ဆင်ရေးအကြောင်းသိရှိတဲ့ ဒေသခံ တစ်ဒါဇင်ကျော်၊ လေ့လာ ဆန်းစစ်သူ တချို့နဲ့ ယင်းကဲ့သို့သောဖြစ်ရပ်တွေနဲ့ရင်းနှီးကျွမ်းဝင်နေသူတချို့ကို တွေ့ဆုံ မေးမြန်း ခဲ့ပြီး တချို့ကတော့ လုံခြုံရေးအရ ၎င်းတို့ရဲ့အမည်ကို ထုတ်ဖေါ်ပြောဆိုခွင့်မပြုခဲ့ပါဘူး။
တိုက်ပွဲဝင်တပ်ဖွဲ့တွေစုစည်းဖွဲ့စည်းဖြစ်တဲ့အချက်အလက်အသေးစိတ်တွေ အပါအဝင် သတင်း တွေမှာမပါတဲ့ စီစဉ်မှုတွေ နဲ့ ပြည်သူ့စစ်အဖွဲ့တွေကို တိုက်ရဲခိုက်ရဲလာစေတယ်လို့ ယူဆ ထားတဲ့ တစ်ချက်ဖြစ်တဲ့ အာဏာသိမ်းစစ်အုပ်စုအပေါ် တရုတ်ရဲ့စိတ်ရှည်မှုကင်းမဲ့လာတာတွေကို ယင်းတွေ့ဆုံမေးမြန်းမှုတွေမှာ ဖေါ်ထုတ်ပြောဆိုထားပါတယ်။
အောက်တိုဘာနှောင်းပိုင်း မှာ စခဲ့တဲ့ စစ်ဆင်ရေး ၁၀၂၇ ဟာ အာဏာသိမ်းစစ်အုပ်စုကို လက်နက်စွဲကိုင် တိုက်ခိုက်နေတဲ့ အခြားအဖွဲ့တွေနဲ့မဟာမိတ်တွေကိုပါ နိုင်ငံတဝှမ်းအောင်မြင်မှု တွေကို ဖြစ်ထွန်းစေခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီက စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆတ္ဒပြသူတွေအပေါ် စစ်အုပ်စုရဲ့ အကြမ်းဖက် ဖြိုခွဲမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက် အခြေခံလူတန်းစားရဲ့ တော်လှန်ဆန့်ကျင်မှုတွေ ပေါ်ထွန်းလာခဲ့ပြီး တချို့သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်အကြား ပဠိပက္ခတွေကိုလည်း မီးလောင်ရာလေပင့် ဖြစ်စေခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်အတွင်း နှစ်ငါးဆယ်ခန့်မှာ မြန်မာဟာ တပ်မတော် လို့ ခေါ်ဝေါ်နေကြတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ စစ်တပ်ရဲ့လက်အောက်မှာ နေထိုင်ခဲ့ရပြီး တပ်မတော်သားတွေဟာလည်း ၎င်းတို့ရဲ့လူမဆန်တဲ့ လုပ်ရပ်တွေ နဲ့ မီးလှန်မီးရှို့ဖြတ်ဆီးတဲ့လုပ်ရပ်တွေအပေါ် ထိတ်လန့်လာ ကြပါတယ်။ စစ်တပ်က ၎င်းတို့အခေါ် အကြမ်းဖက်သူများလို့ သတ်မှတ်ထားတဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေကို ရင်ဆိုင်ရာမှာ အကြမ်းတမ်း၊ အရက်စက်ဆုံးနည်းကို လိုအပ်ကြောင်း တပ်မတော်ဟာ ပြောလေ့ရှိပါတယ်။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က အဖွဲ့ဝင်နှစ်ဖွဲ့နဲ့ အခြားတော်လှန်ရေးလက်နက်ကိုင်သုံးဖွဲ့ဟာ တပ်မဟာ ၆၁၁ ကို ၂၀၂၂ ခုနှစ် အစောပိုင်းက ဖွဲ့စည်းခဲ့ပါတယ်။ တပ်မဟာရဲ့အင်အားဟာ သောင်းကဏန်းထိရှိတယ်လို့ သိရပါတယ်။
ဒါက မြန်မာရဲ့မတူညီတဲ့အရပ်တွေက မတူညီတဲ့ဘာသာစကားတွေပြောကြားကြသူ၊ မတူညီတဲ့ ရိုးရာဓလေ့ တွေရှိသူ၊ မတူခြားနားတဲ့ဦးစားပေးပုံစံတွေနဲ့ပြည်သူတွေရဲ့ မမြော်မှန်စထားတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်တယ်လို့ ဝါရှင်တန် အခြေစိုက် အမေရိကန်ငြိမ်းချမ်းရေးအဖွဲ့ (USIP - U S. Institute of Peace) က နိုဝင်ဘာမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာက ဆိုထားပါတယ်။
တရုတ်-မြန်မာ နယ်စပ်မှာ ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ အွန်လိုင်းဂိုဏ်းတွေအပေါ် အာဏာသိမ်း စစ်အုပ်စုရဲ့ ကိုင်တွယ်မှုအပေါ် တရုတ်ကအမျက်ထွက်မှုမြင့်မားနေစဉ်မှာ စစ်ဆင်ရေး ၁၀၂၇ က ပေါ်ထွက်လာခဲ့တာပါ။
အာဏာသိမ်းစစ်အုပ်စုရဲ့ အဓိကမဟာမိတ်နိုင်ငံလည်းဖြစ်ပြီး နယ်စပ်ရှိ အချို့သော ပြည်သူ့စစ်အဖွဲ့တွေနဲ့လည်း ရင်းနှီးတဲ့တရုတ်ဟာ အရှေ့တောင်အာရှတဝှမ်းအထိ ကပ်ဆိုက်နေစေ တဲ့ တရုတ်-မြန်မာ နယ်စပ်ရှိ အွန်လိုင်း ပြစ်မှုဂိုဏ်းတွေကို နှိပ်ကွပ်နိုင်စွမ်းမရှိတဲ့ အာဏာသိမ်း စစ်အုပ်စုအပေါ် အမျက်ရှခဲ့ပါတယ်။
မြန်မာပြည်မြောက်ပိုင်းရှိ အိမ်ရာဝန်း ၁၀၀ ကျော်က တရုတ်လူမျိုးအများစုဖြစ်တဲ့ လူ ၂၀,၀၀၀ ကျော်ကို တရုတ်က အောက်တိုဘာလမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဒီအွန်လိုင်းဂိုဏ်းတွေကိုက တရုတ်ရဲ့အဓိကနှိမ်နင်းရမယ့် စိမ်ခေါ်မှုတစ်ခုဖြစ်နေပြီး ဒီပြစ်မှု ဂိုဏ်းတွေကို နှိမ်နင်းပေးဖို့ကို တရုတ်က ဘေဂျင်းရှိ အာဏာသိမ်းစစ်အုပ်စုရဲ့ ကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ် စက်တင်ဘာလက တည်းက ရာဇသံပေးပို့တောင်းဆိုခဲ့ပြီးဖြစ်ပါတယ်။
မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အွန်လိုင်းပြစ်မှုကျူးလွန်သူအများစုကို ဖမ်းမိခဲ့ပြီး ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေကိုလည်း လွတ်မြောက်စေဖို့ခွင့်ပြုခဲ့ပါတယ်။
အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကတော့ နယ်စပ်ဒေသရှိတိုက်ပွဲများဟာ ရှည်ကြာနေတဲ့ ပြဿနာတစ်ရပ်ကနေ အစပြုခဲ့ခြင်းသာဖြစ်ပြီး ၎င်းရဲ့တပ်မတော်အနေနဲ့ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကိုတည်ဆောက်နိုင်ဖို့ရာအတွက် သောင်းကျန်းသူတွေကို တိုက်ခိုက်အနိုင်ရဖို့ကို အာရုံစိုက်ထား ကြောင်း နိုဝင်ဘာ ၂၉ ရက်ကဆိုခဲ့ပါတယ်။
ယင်းနောက် အာဏာသိမ်းစစ်အုပ်စုရဲ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဟာ တရုတ်ရဲ့ဖြန်ဖြေ ပေးမှုနဲ့အတူ စေ့စပ်ဆွေးနွေးမှုတွေကို ပြုလုပ်နေကြောင်း ဒီဇင်ဘာ ၁၁ က အာဏာသိမ်းစစ်အုပ်စုရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ တရုတ်ကလည်း ယင်းတွေ့ဆုံဆွေးနွေးမှုတွေကို ထောက်ခံကြောင်းပြောခဲ့ပြီး တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေ ကလည်း အာဏာရှင်စနစ်ကို ၎င်းတို့အနေနဲ့တိုက်ခိုက်အနိုင်ယူသွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်အနေနဲ့အခြားနိုင်ငံရဲ့ပြည်တွင်းရေးပဠိပက္ခတွေမှာ ဝင်ရောက်စွက်ဖက်မှာမဟုတ်ပေမယ့် မြန်မာရှိ နေထိုင်သူတရုတ်လူမျိုးတွေနဲ့ ၎င်းတို့ရဲ့ပိုင်ဆိုင်မှူတွေကို အကာအကွယ်ပေးဖို့နဲ့ နယ်စပ်ဒေသမှု တည်ငြိမ်ဖို့ရန်အတွက်ပူးပေါင်းဆောင်ရွက်ပေးဖို့ မြန်မာကိုတောင်းဆိုသွားဖို့သာ ရှိတယ်လို့ တရုတ်အကြီးတန်းသံအမတ်တစ်ယောက်က နိုဝင်ဘာထဲမှာဆိုခဲ့ပါတယ်။
တပ်မဟာ ၆၁၁
MNDAA၊ AA နဲ့ TNLA တို့ပါဝင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဟာ စစ်ဆေးရေး ၁၀၂၇ မှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ကင်းစခန်း ၁၅၀ ကျော်၊ မြို့ ၅ မြို့နဲ့ နယ်စပ်ကုန်သွယ်စခန်း ၅ ခုကို တစ်လအတွင်း သိမ်းပိုက်ရရှိခဲ့ပါတယ်။
စစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေကို ထုတ်ဖေါ်ပြောဆို ခြင်းမပြုခဲ့တဲ့ အာဏာသိမ်းစစ်အုပ်စုဟာ နယ်မြေ ထိန်းချုပ်မှုတချို့ကို လက်လွှတ်လိုက်ရ တယ်ဆိုတာ အထင်အရှားပဲဖြစ်ကြောင်း လေ့လာ ဆန်းစစ်သူ တွေက ဆိုကြပါတယ်
စစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေကို ထုတ်ဖေါ်ပြောဆိုခြင်းမပြုခဲ့တဲ့ အာဏာသိမ်းစစ်အုပ်စုဟာ နယ်မြေထိန်းချုပ်မှုတချို့ကို လက်လွှတ်လိုက်ရတယ်ဆိုတာအထင်အရှားပဲဖြစ်ကြောင်း လေ့လာ ဆန်းစစ်သူတွေက ဆိုကြပါတယ်။
တပ်မဟာ ၆၁၁ မှာ တိုင်းရင်းသားပေါင်းစုံပါဝင်ပြီး အရပ်ဖက်စင်ပြိုင်အစိုးရ NUG လက်အောက်က တပ်ဖွဲ့တွေ၊ AA နဲ့ ပြည်သူ့လွတ်မြောက်ရေးတက်ဖွဲ့ (PLA - People's Liberation Army) တို့လည်းပါဝင်ကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နန်ဝါရီက MNDAA နောက်ခံပြု သတင်းဌာနတစ်ခုကတင်ခဲ့တဲ့ ပုံတွေမှာ တပ်မဟာ ၆၁၁ ရဲ့ သင်တန်းဆင်းပွဲပုံတွေ ပါဝင်ပါတယ်။ တချို့သော တပ်မဟာ ၆၁၁ တပ်ဖွဲ့ဝင်တွေဟာ စစ်ဆင်ရေး မဆင်နွှဲခင်က ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့လေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဒရုန်းနဲ့အရင်တိုက်ခိုက်ပြီးမှသာ မြေပြင်တိုက်ပွဲတွေကို ဆင်နှဲလေ့ ရှိကြောင်းနဲ့ ဒါဟာ စစ်ရေးဆိုင်ရာအပြောင်းအလဲတစ်ရပ်ကိုဖြစ်ပေါ်စေကြောင်း ထိုင်းနဲ့ထိစ်ပ်နေတဲ့ နယ်နိမိတ်အတော်များများကို ထိန်းချုပ်ထားပြီး တပ်မဟာ ၆၁၁ မှာလည်း ပါဝင်တဲ့ KNDF ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဆိုခဲ့ပါတယ်။
ယခုလို တော်လှန်ရေးတပ်ဖွဲ့တွေ နီးကပ်စွာအတူပူးပေါင်းစစ်ဆင်ရေးဆင်နွှဲကြတာက တော်လှန် တိုက်ခိုက်မှု တွေကို နေရာအနှံ့ထကြွရင် ဒါတွေကို ကိုင်တွယ်ဖို့ အာဏာသိမ်းစစ်အုပ်စုမှာ အင်အားလုံလုံလောက်လောက် မရှိတာ ကြောင့်လည်းပါပါတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က လုံခြုံရေးအကြံပေး Zhu Jiangming က ဆိုခဲ့ပါတယ်။
တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေကို ပြည်ပဒရုန်းကျွမ်းကျင်ပညာရှင်တွေက အကူအညီ ပေးခဲ့ပြီး ဒရုန်းနဲ့ ဗုံး ၂၅,၀၀၀ ကျော်ကို စစ်ကင်းစခန်းတွေအပေါ်ကျဲချခဲ့ပြီး စစ်စခန်းတွေကို စွန့်ခွာဖိအားပေးပြီးမှ တိုက်ခိုက်ရေး သမားတွေက အလုံးအရင်းနဲ့ဝင်တိုက်သိမ်းပိုက်တာ မျိုးတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ အာဏာသိမ်းစစ် ခေါင်းဆောင် မင်းအောင်လှိုင်က နိုဝင်ဘာလက ဆိုခဲ့ပါတယ်။
ယင်းကဲ့သို့ တပ်ဆုတ်ခွာမှုတွေရှိခဲ့ပေမယ့် အရှေ့တောင်အာရှရဲ့အကြီးမားဆုံးစစ်တပ်တွေထဲက တစ်ခုဖြစ်တဲ့ တပ်မတော်ကတော့အောင်ပွဲရဖို့ ဘယ်နည်းကိုမဆိုအသုံးပြုသွားမယ့်ပုံရှိတယ်လို့ International Crisis Group က အကြီးတန်းအရာရှိတစ်ဦးဖြစ်တဲ့ ရစ်ချာ့ ဟောဆေး (Richard Horsey) က ဆိုခဲ့ပါတယ်။
အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေဟာ မြန်မာရဲ့ အလယ်ပိုင်း စစ်ကိုင်းဒေသ အပါအဝင် အိန္ဒယိ နဲ့ ဘင်္ဂလားဒေရှ့်နယ်စပ်ဒေသတွေအထိပါ လျင်လျင်မြန်မြန် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေပါတယ်။
ဒေသအတော်များများက တော်လှန်ရေးတပ်ဖွဲ့တွေက NUG က နောက်ခံပြုထားတဲ့ ပကဖ တပ်ဖွဲ့တွေရဲ့ထောက်ပံ့ပေးမှုတွေကို ရရှိထားပါတယ်။
NUG ကလည်း ၎င်းတို့အနေနဲ့ တိုင်းပြည်ရဲ့ဒေသတချို့အပေါ် နယ်မြေစိုးမိုးမှုရလာပြီဖြစ်ပြီး ၎င်းတို့အနေနဲ့ စစ်အုပ်စုကို သံတမန်နည်းနဲ့အဆက်အသွယ်ဖြတ်တောက်ဖို့ကြိုးစားနေကြောင်း ဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်ရှိမှာ နေပြည်တော်မှာပဲ ဖမ်းဆီးထိန်းသိမ်း ခံရဆဲဖြစ်ပါတယ်။ NUG က ပကဖ အဖွဲ့ ၃၀၀ ကျော်ကို အထောက်အပံ့ပေးထားကြောင်းလည်း သိရပါတယယ်။
တရုတ် - မြန်မာ နယ်စပ်က အွန်လိုင်း အလိမ်အညာဂိုဏ်းတွေကိုနှိမ်နင်းဖို့ တရုတ်က သံတမန်နည်းနဲ့ ဆောင်ရွက်ခဲ့ပေမယ့် စစ်အုပ်စုရဲ့ကိုင်တွာ်မှုအပေါ် တရုတ်ရဲ့စိတ်ပျက်မှုက ယခုနှစ်ထဲ တဖြည်းဖြည်းတိုးလာပါတယ်
တရုတ် စိတ်ပျက်ခြင်း
တရုတ် - မြန်မာ နယ်စပ်က အွန်လိုင်း အလိမ်အညာဂိုဏ်းတွေကိုနှိမ်နင်းဖို့ တရုတ်က သံတမန်နည်းနဲ့ ဆောင်ရွက်ခဲ့ပေမယ့် စစ်အုပ်စုရဲ့ကိုင်တွာ်မှုအပေါ် တရုတ်ရဲ့စိတ်ပျက်မှုက ယခုနှစ်ထဲ တဖြည်းဖြည်းတိုးလာပါတယ်။
တရုတ်ရဲ့ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနဟာ အွန်လိုင်းအလိမ်အညာဂိုဏ်းတွေကို ဖြိုခွင်းဖမ်းဆီး တဲ့သတင်းတွေကို ၎င်းတို့ရဲ့လူမူကွန်ယက်မှာအများအပြားတင်ခဲ့ပြီး ရူ့မြင်သုံးသပ်ချက် အမြောက် အများလည်း ရရှိခဲ့ပါတယ်။
တရုတ်ပြည်သူတွေရဲ့ ပိုင်ဆိုင်မှု၊ လုံခြုံရေး၊ ဥပဒေပါအခွင့်အရေးတွေနဲ့ အကျိုးစီးပွားကို ပြင်းပြင်းထန်ထန် ချိုးဖေါက်ထိခိုက်နေတဲ့ အွန်လိုင်းအလိမ်အညာဂိုဏ်းတွေဟာ စစ်အုပ်စုရဲ့ တပ်ဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဗဟိုပြုတည်ရှိနေတယ်လို့ ဆင်ဟွာ သတင်းဌာနက ဆိုခဲ့ပါတယ်။
အမည်မဖေါ်ပြထားတဲ့ အရှေ့တောင်အာရှနိုင်ငံတစ်ခုက အလိမ်အညာဂိုဏ်းတစ်ခုဆီ လူမှောင်ခို ကူးရောင်းစားခံရတဲ့ တရုတ်လူမျိုးစုံတွဲတစ်တွဲအကြောင်းကို "No More Bets" အမည်နဲ့ ဒေါ်လာ ၅၃၀ သန်း အကုန်အကျခံကာ ရိုက်ကူးထားတဲ့ရုပ်ရှင်ကို ယခုနှစ်နွေရာသီက တရုတ်မှာ ရုံတင်ပြသခဲ့ပါတယ်။
တရုတ်က ဒီအွန်လိုင်းအလိမ်အညာဂိုဏ်းတွေရဲ့ပြဿနာကို စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ ဆုံတိုင်းလည်း တင်ပြဆွေးနွေးခဲ့ကြောင့် တရုတ်သတင်းဌာနတွေအရ သိရပါတယ်။
မြန်မာက တော်လှန်ရေးတပ်ဖွဲ့အတချို့အပေါ်တရုတ်က လွှမ်းမိုးမှုတချို့ကို ထုတ်သုံးခဲ့ပေမယ့် ယင်းလက်နက်ကိုင်အဖွဲ့တွေအပေါ် ထိန်းချုပ်ဆေယင်ရွက်တာမျိုးတော့မရှိကြောင်း လေ့လာ ဆန်းစစ်သူတွေက ဆိုကြပါတယ်။
"စစ်ဆေးရေး ၁၀၂၇ ကို ဆင်နွှဲရာမှာ မြန်မာ့လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဟာ တရုတ်ရဲ့တိုက်ရိုက်ကိုယ်စားပြုမှုမျိုးနဲ့ဆင်နွှဲတာမဟုတ်ပါဘူး။ သို့ပေမယ့်လည်း ဒီလိုတိုက်ခိုက်မှု တွေမှာ တရုတ်ကိုလည်း ဘေးဒုက္ခမသင့်စေခဲ့ပါဘူး။ အနည်းဆုံးတော့ အစောပိုင်းတိုက်ခိုက်မှု တွေက အွန်လိုင်းအလိမ်အညာဂိုဏ်းတွေအပေါ်မှုပေါ့" လို့ မြန်မာဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းဖြစ်တဲ့ မစ်စတာ စကော့ မာဆီရာယ်က ဆိုခဲ့ပါတယ်။
"တရုတ်အနေနဲ့ မြန်မာရဲ့ စကစ နဲ့ရော၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပါ ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ မိတ်ဆွေနှစ်ယောက်က တိုက်ခိုက်ကြရင်တော့ ကျွန်တော်တို့မှာရွေးချယ်မှုမရှိပေမယ့် ဘယ် တစ်ဖက်ကိုမှ ဝင်ကူမှာမဟုတ်ပါဘူး။ သိုပေမယ့်လည်း တရုတ်ရဲ့အကျိုးစီးပွားကို ထိခိုက် လာရင်တော့ ထိခိုက်အောင်လုပ်တဲ့သူရဲ့ ရန်သူကို ကျွန်တော်တို့ကူရပါလိမ့်မယ်" တရုတ်လုံခြုံရေး အကြံပေး Zhu Jiangming ကဆိုခဲ့ပါတယ်။
(REUTERS သတင်းဌာန ရဲ့ "Rebel fire and China's ire: Inside Myanmar's anti-junta offensive" ဆောင်းပါးကို ဘာသာပြန်သည်။)
ပုံစာ - နိုဝင်ဘာ ၁၂ ရက် ၂၀၂၃ ခုနှစ် ကယားပြည်နယ် မိုးဗြဲမြို့တွင် လမ်းလျှောက်လာသော ကရင်နီတိုက်ခိုက်ရေးတပ်ဖွဲ့များ