digital media literacy
အဆင့်မြင့် Clickbait (ကလစ်နှိပ်ရန် သွေးဆောင်ခြင်း)
လွန်ခဲ့သော ၉ နာရီ က
အင်တာနက်ပေါ်မှာ ပိုက်ဆံရှာတဲ့ နည်းလမ်းတွေထဲက လူသိများတဲ့ နည်းလမ်းတစ်ခုကတော့ လင့်ခ်တစ်ခုကို တစ်ယောက်ယောက်က နှိပ်လိုက်တိုင်း ပိုက်ဆံပေးရတဲ့ နည်းလမ်းပဲ။
ဒီလိုနည်းလမ်းနဲ့ ပိုက်ဆံရှာဖို့အတွက် ဝဘ်ဆိုက်တွေနဲ့ စျေးကွက်ရှာဖွေသူတွေက လူတွေရဲ့ကလစ် (click) နဲ့ ကြည့်ရှုမှု (view) တွေ ရအောင် အမြဲတမ်း နည်းလမ်းအသစ်တွေ ရှာနေကြတယ်။
ဒါ့ကြောင့်လည်း "clickbait" လို့ခေါ်တဲ့ လိမ်လည်လှည့်ဖြားတဲ့ ခေါင်းစဉ်နဲ့ လင့်ခ်တွေကို အသုံးပြုလာကြတာပေါ့။ စိတ်ဝင်စားစရာကောင်းတဲ့ ခေါင်းစဉ်တွေနဲ့ ဓာတ်ပုံလေးတွေက(Thumbnail) အထဲမှာ ဘာအနှစ်သာရမှ မရှိဘဲနဲ့ လူတွေကို လင့်ခ်နှိပ်မိအောင် ဆွဲဆောင်ဖို့ ရည်ရွယ်ပြီး ဖန်တီးထားတာပါ။
ဒီလိုရိုးရိုးရှင်းရှင်း "clickbait" တွေက လူမှုစိတ်ပညာနဲ့ စိတ်လှုပ်ရှားအောင် လှည့်ဖြားတာမျိုးအပေါ် အခြေခံပေမဲ့ ဉာဏ်ရည်တု (AI) ပေါ်လာတဲ့အခါမှာတော့ ပိုပြီး စမတ်ကျပြီး သာမန်လူတွေအတွက် ပိုလွယ်လွယ်နဲ့ လှည့်စားခံရနိုင်တဲ့ ခေတ်မီ "clickbait" တွေ ဖြစ်လာပါတော့တယ်။
ဒီဆောင်းပါးကတော့ AI ကိုသုံးပြီး "clickbait" တွေ ဘယ်လိုလုပ်လဲ၊ ဒါတွေက ဘယ်လိုဆိုးကျိုးတွေဖြစ်စေလဲ၊ ကုမ္ပဏီတွေက ကိုယ့်လုပ်ငန်းကို ဘယ်လိုကာကွယ်နိုင်မလဲဆိုတာတွေကို
Clickbait ရဲ့ ပြောင်းလဲတိုးတက်လာပုံ
Clickbait ဆိုတာ အင်တာနက် စီးပွားရေး စတင်ကတည်းက ရှိနေခဲ့တာပါ။ အစောပိုင်း clickbait တွေက အရမ်းရိုးရှင်းတယ်၊ ဥပမာ- "ဒီဆယ်လီလုပ်ခဲ့တာ ယုံနိုင်စရာတောင် မရှိဘူး။" ဒါမှမဟုတ် "သန်းကြွယ်သူဌေး ဖြစ်လာမယ့် နည်းလမ်း ၅ သွယ်" လိုမျိုး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ခေါင်းစဉ်တွေနဲ့ စပ်စုအောင် ဆွဲဆောင်ပြီး ကလစ်ရအောင် လုပ်ကြတာပေါ့။
ဒါပေမဲ့ အခုခေတ်မှာတော့ သုံးစွဲသူတွေက ဒီလိုလိမ်ညာတာတွေကို သိလာကြပြီး ရိုးရှင်းတဲ့ clickbait တွေကို ရှောင်ရှားတတ်လာကြတယ်။ ဒါကြောင့် မားကတ်တင်းသမားတွေ၊ malware ထုတ်လုပ်သူတွေနဲ့ ဆိုက်ဘာခြိမ်းခြောက်သူတွေဟာ သူတို့ရဲ့ နည်းလမ်းတွေကို ပြောင်းလဲလာရတယ်။
AI က လိမ်ညာတဲ့ မိတ်ဆက်စကား၊ ယုံရခက်တဲ့ အချက်အလက်တွေနဲ့ ပြီးပြည့်စုံတဲ့ နိဂုံးအထိပါတဲ့ ဆောင်းပါးတစ်ပုဒ်ကို ရေးနိုင်ပါတယ်။ ဒါတွေအားလုံးက စာဖတ်သူတွေကို ဆွဲဆောင်ထားပြီး malware, ransomware ဒါမှမဟုတ် တခြားမကောင်းတဲ့အရာတွေ ထည့်သွင်းနိုင်ပါတယ်
AI နဲ့ Clickbait ဖန်တီးပုံ
AI က clickbait ကို ဘယ်လို တိုးတက်အောင် လုပ်လိုက်လဲဆိုတော့ လက်ရှိ ခေတ်ရေစီးကြောင်းနဲ့ မီဒီယာထဲက အကြောင်းအရာတွေကို ဖန်တီးပေးခြင်းအားဖြင့်ပါ။ ChatGPT လိုမျိုး ဘာသာစကား နားလည်မှုဆိုင်ရာ ပရိုဂရမ်တွေ (Natural Language Processing - NLP) က လူတွေ ရေးထားသလိုမျိုး ဆွဲဆောင်မှုရှိတဲ့၊ လူမှုရေးအရ သက်ဆိုင်တဲ့၊ သီးခြား ပရိသတ်အတွက် သီးသန့်ဖြစ်အောင် လုပ်ထားတဲ့ စာသားတွေကို ဖန်တီးပေးနိုင်တယ်။
ဒီပရိုဂရမ်တွေက အများပြည်သူဆိုင်ရာ အချက်အလက်တွေ အများကြီးကို လေ့လာပြီး ဘယ်လိုခေါင်းစဉ်နဲ့ အကြောင်းအရာတွေက ကလစ်အများဆုံး ရမလဲဆိုတာကို သိရှိသွားတယ်။ ပြီးတော့ စိတ်ဝင်စားစရာကောင်းပြီး စပ်စုချင်စိတ်ဖြစ်အောင် ခေါင်းစဉ်တွေ ထုတ်ပေးနိုင်တာကြောင့် clickbait လို့ သိရှိရှောင်ရှားဖို့ ပိုခက်ခဲလာပါတယ်။
စီးပွားရေးသုံး AI က ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ စာတွေနဲ့ လူမှုမီဒီယာ ပို့စ်တွေ အားလုံးကိုလည်း လူတစ်ယောက်ချင်းစီအတွက် ပိုမိုသင့်တော်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးပေးနိုင်ပါတယ်။
ဥပမာ- AI က လိမ်ညာတဲ့ မိတ်ဆက်စကား၊ ယုံရခက်တဲ့ အချက်အလက်တွေနဲ့ ပြီးပြည့်စုံတဲ့ နိဂုံးအထိပါတဲ့ ဆောင်းပါးတစ်ပုဒ်ကို ရေးနိုင်ပါတယ်။ ဒါတွေအားလုံးက စာဖတ်သူတွေကို ဆွဲဆောင်ထားပြီး malware, ransomware ဒါမှမဟုတ် တခြားမကောင်းတဲ့အရာတွေ ထည့်သွင်းနိုင်ပါတယ်။ ဒီလို အဆင့်မြင့်လာတာကြောင့် စစ်မှန်တဲ့ အကြောင်းအရာ၊ နိုင်ငံအချင်းချင်း အငြင်းပွားမှု၊ နိုင်ငံရေး တက်ကြွလှုပ်ရှားမှု ဒါမှမဟုတ် clickbait တွေကို ခွဲခြားရတာ ပိုခက်ခဲစေပါတယ်။
AI က လူတစ်ယောက်ရဲ့ Cookies, browsing history, social media, search history နဲ့ တခြားအွန်လိုင်းလှုပ်ရှားမှုတွေ
ပြီးတော့ အဲဒီအကြောင်းအရာတွေကို ဒေသ၊ နိုင်ငံ၊ ဘာသာရေးနဲ့ ကိုယ်ပိုင်စိတ်ကြိုက်အကြောင်း
ဥပမာ- လူမှုမီဒီယာ၊ သတင်းဆောင်းပါးတွေနဲ့ ရှာဖွေမှုရလဒ်တွေကို ခွဲခြမ်းစိတ်ဖြာပြီး ဘယ်လိုအကြောင်းအရာတွေက ရေပန်းစားနေလဲ၊ ဘယ်လို စိတ်ခံစားမှုတွေက အရေးပါလဲ၊ ဘယ်သတင်းတွေက အငြင်းပွားစရာဖြစ်လဲဆိုတာကို AI က ရှာဖွေနိုင်ပါတယ်။
အဲဒီအချက်အလက်တွေကို အသုံးပြုပြီး ကြောက်ရွံ့မှု၊ ဒေါသ၊ စပ်စုချင်စိတ် ဒါမှမဟုတ် ပျော်ရွှင်မှုလိုမျိုး လူသားတွေရဲ့ စိတ်ခံစားချက်တွေကို ရိုက်ခတ်နိုင်တဲ့ clickbait တွေ ဖန်တီးနိုင်ပါတယ်။ ဒီလိုစိတ်ခံစားချက်တွေကို အသုံးချပြီး AI-driven clickbait က အကြောင်းအရာက အစစ်အမှန်ဟုတ်သည် ဖြစ်စေ၊ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ဖန်တီးထားသည်ဖြစ်စေ လူမှုကွန်ရက်တွေမှာ အရှိန်အဟုန်နဲ့ ပျံ့နှံ့သွားနိုင်ပါတယ်။
AI Clickbait ရဲ့ ဆိုးကျိုးတွေ
အဆင့်မြင့် AI-driven clickbait တွေ ပေါ်ပေါက်လာတာက စိုးရိမ်စရာ အချက်တော်တော်များများ ရှိပါတယ်။ ပထမဆုံးကတော့ သတင်းမှားတွေ ပြန့်ပွားမှုပဲဖြစ်ပါတယ်။
Clickbait က တိကျမှန်ကန်မှုထက် လူစိတ်ဝင်စားမှုကို ပိုဦးစားပေးတာကြောင့် မှားယွင်းတဲ့ သတင်းအချက်အလက်တွေနဲ့ လူမှုရေးဆိုင်ရာ သဘောထားကွဲပြားမှုတွေကို ဖြစ်စေနိုင်တယ်။ ဒါတွေက ရွေးကောက်ပွဲ၊ စစ်ပွဲ ဒါမှမဟုတ် သဘာဝဘေးအန္တရာယ်တစ်ခုလိုမျိုး အရေးကြီးတဲ့ ကိစ္စတွေမှာ ဆိုးရွားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေနိုင်တယ်။
ဒါ့အပြင် clickbait က ကုမ္ပဏီတစ်ခုအကြောင်း မကောင်းတဲ့ သတင်းတွေ ဖြန့်ရင် Brand နာမည်ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ယုံကြည်ရတဲ့ ရင်းမြစ်တွေကနေ လာတာတောင်မှ သေသေချာချာ မစစ်ဆေးဘဲ ပို့စ်တင်ရင် AI-generated clickbait တွေကြောင့် အွန်လိုင်းအကြောင်းအရာတွေအပေါ် ယုံကြည်မှုလည်း ကျဆင်းနိုင်တယ်။
အဆင့်မြင့် Clickbait တွေကနေ ကာကွယ်မယ့် နည်းလမ်း ၃ ခု
၁။ ဝေဖန်ပိုင်းခြားတွေးခေါ်မှု (Critical Thinking): အထူးစိတ်လှုပ်ရှားစရာကောင်းတဲ့ ခေါင်းစဉ်တွေကို သံသယနဲ့ချဉ်းကပ်ပါ။ ယုံကြည်ရတဲ့ ရင်းမြစ်တွေကို ရှာဖွေပြီး အချက်အလက်တွေကို လက်ခံမယုံကြည်မှု မပြုခင် သေချာစစ်ဆေးပါ။ အချက်အလက်အမှန်ကို AI-generated စာသားကနေ ခွဲခြားဖို့အတွက် ရင်းမြစ်အများအပြားကနေ အကြောင်းအရာတွေကို နှိုင်းယှဉ်ကြည့်တာ အမြဲတမ်းလုပ်သင့်ပါတယ်။
၂။ သိရှိနားလည်မှု (Awareness): AI-generated clickbait မှာ အသုံးပြုတဲ့ နည်းဗျူဟာတွေကို သတိထားပါ။ ခေါင်းစဉ်တစ်ခုက မဖြစ်နိုင်လောက်တဲ့အထိ အလွန်အကျွံ ကောင်းလွန်းနေရင် ဖြစ်နိုင်ခြေ နည်းပါးတယ်ဆိုတာ နားလည်ထားပါ။ URL က ဘယ်ကို ဦးတည်နေလဲဆိုတာ သေချာကြည့်ပါ။ AI-generated clickbait တွေက ပုံမှန်အားဖြင့် မူရင်းဝဘ်ဆိုက်မှာ မရှိဘဲ ပင်မအကြောင်းအရာလိုမျိုး ပုံစံတူ ဖန်တီးထားတဲ့ ကြော်ငြာတွေမှာ ပါလာနိုင်ပါတယ်။ သတိထားမှုဆိုတာ နေရာ၊ ယုံကြည်ရတဲ့ ရင်းမြစ်နဲ့ ဖြစ်နိုင်ခြေ ရှိမရှိကို ကြည့်တတ်ဖို့ပဲ။
၃။ ပညာပေးခြင်း (Education): ဖြစ်နိုင်ချေရှိတဲ့ ခြိမ်းခြောက်မှုတွေကို နားလည်နိုင်အောင် AI နဲ့ ဒစ်ဂျစ်တယ်မားကတ်တင်း နည်းစနစ်တွေရဲ့ နောက်ဆုံးပေါ် အခြေအနေတွေကို လေ့လာပြီး မသမာတဲ့ clickbait တွေကို ဘယ်လိုရှာဖွေရမလဲဆိုတာကို သင်ယူထားပါ။ ပြီးတော့ ဒီနည်းလမ်းကို အကြောင်းအရာအတွက်သာမက malware ဖြန့်ဖို့အတွက်လည်း အသုံးပြုတယ်ဆိုတာကို သိထားသင့်တယ်။ ဒီနည်းပညာတွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ နားလည်ထားရင် clickbait တွေကို ရှောင်ရှားနိုင်ပါတယ်။
AI နဲ့ Clickbait ရဲ့ အနာဂတ်
ခေတ်သစ် AI-generated clickbait က အရင်ကထက် ပိုမိုရှုပ်ထွေးပြီး ထိရောက်မှု ပိုကောင်းလာပါတယ်။ စိန်ခေါ်မှုတွေ ရှိပေမဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်မှုက ထိခိုက်မှုကို လျှော့ချရာမှာ အများကြီး အထောက်အကူပြုနိုင်ပါတယ်။ အသိပညာ ကြွယ်ဝပြီး သတိရှိနေခြင်းအားဖြင့် သုံးစွဲသူတွေဟာ ဒီဂျစ်တယ်ကမ္ဘာကို ပိုမိုဘေးကင်းစွာနဲ့ ယုံကြည်မှုရှိရှိ ဖြတ်သန်းနိုင်မှာဖြစ်ပြီး အမှန်တရားနဲ့သွေဖီတဲ့ clickbait တွေကနေ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မှာပါ။
Burma Associated Press
Top News
လွန်ခဲ့သော ၂ နာရီ က
လွန်ခဲ့သော ၉ နာရီ က
လွန်ခဲ့သော ၇ ရက် က