bap-logo
Intrenational Crime

ပန်ဒါနီနှင့် အခြား တိရစ္ဆာန် ၈၆ ကောင် ထိုင်းလေဆိပ် ခရီးဆောင်သေတ္တာအတွင်းမှ သိမ်းဆည်းရမိ

Hiqma_op7x8AAcLzFvH0p-image

လွန်ခဲ့သော ၇ လ က

မျိုးသုဉ်းလုနီးပါး ပန်ဒါအနီရောင်ကို အခြားတိရစ္ဆာန် ၈၆ ကောင်နှင့်အတူ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ရှိ ခရီးဆောင်သေတ္တာအတွင်း တွေ့ရှိခဲ့သည်ဟု ထိုင်းအကောက်ခွန်ဌာနက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။

 

ပန်ဒါအနီအပါအဝင် တိရစ္ဆာန် ၈၇ ကောင်ကို "သက်ရှိတိရစ္ဆာန်များကို နိုင်ငံတွင်းမှ မှောင်ခိုထုတ်ယူရန် ကြိုးပမ်းမှု"ဖြင့် ဖမ်းဆီးခံခဲ့ရသည့် အိန္ဒိယနိုင်ငံသား ခြောက်ဦးတို့၏ ခရီးဆောင်သေတ္တာအတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ထိုင်းအကောက်ခွန်ဌာနက ပြောသည်။ မှောင်ခိုမှုဖြင့် သံသယရှိသူများနှင့် တိရစ္ဆာန်များသည် အိန္ဒိယနိုင်ငံ မွန်ဘိုင်းသို့ သွားရောက်မည့်သူများ ဖြစ်ကြသည်။

 

တနင်္လာနေ့တွင် ပန်ဒါအနီကို ရှာဖွေတွေ့ရှိခဲ့သည့်အပြင် ခေါင်းမွေးအဖြူရောင်များ ရှိသည့် cotton-top tamarin မျောက်တစ်ကောင်၊ ငါးဖမ်းကြောင်တစ်ကောင်နှင့် အင်ဒိုနီးရှားနိုင်ငံ Sulawesi ကျွန်းနှင့် အနီးတစ်ဝိုက်ရှိကျွန်းများတွင် တွေ့ရသော ဝက်ဝံကဲ့သို့ ထူထဲ အရောင်ရင့်သည့် သားမွေးများရှိသည့် Sulawesi bear cuscus တစ်ကောင်တို့ကိုလည်း မှောင်ခိုသံသယရှိသူတို့၏ ခရီးဆောင်သေတ္တာများအတွင် တွေ့ရှိခဲ့သည်ဟု ထိုင်းနိုင်ငံ အကောက်ခွန်ဌာနက ပြောသည်။

 

ပုတ်သင်ညိုများ၊ မြွေများ၊ ငှက်များ၊ ရှဉ့်များနှင့် လင်းနို့များကိုလည်း အခြားတိရစ္ဆာန်များနှင့်အတူ တွေ့ရှိခဲ့ကြသည်ဟု ၎င်းဌာနက ပြောသည်။

 

ထိုင်းအကောက်ခွန်ဌာနက ထုတ်ပြန်ချက်တစ်စောင်နှင့် ပူးတွဲထုတ်ပြန်သည့် ဓာတ်ပုံများတွင် ကြိမ်ခြင်းများ၊ ပလတ်စတစ်ပြွန်များ၊ အဝတ်အိတ်များအတွင်း ထည့်သွင်းထားသည့် တိရစ္ဆာန်များကို ဘီးပါသည့် ခရီးဆောင်သေတ္တာကြီးများအတွင်း ထည့်သွင်းထားသည်ကို တွေ့မြင်ရသည်။ ခရီးဆောင်သေတ္တာများမှာ လေယာဉ်ပေါ်သို့ တင်ရန်ဖြစ်သည်ဟု ကြေငြာချက်တွင် စွပ်စွဲထားသည်။

 

ထိုင်းအကောက်ခွန်ဌာနအဆိုအရ တိရစ္ဆာန်များ မှောင်ခိုသယ်ယူမှုဖြင့် သံသယရှိသူများသည် အပြည်ပြည်ဆိုင်ရာ မျိုးသုဉ်းလုနီးပါး တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန် မျိုးစိတ်များ ကုန်သွယ်မှု (CITES) အပါအဝင် ဥပဒေအများအပြားကို ချိုးဖောက်ခဲ့ကြောင်း သိရသည်။

 

သံသယရှိခံရသူများသည် သက်ရှိတိရစ္ဆာန်များကို အသိပေးကြေငြာခြင်းမရှိဘဲ တင်ပို့ရန် ကြိုးပမ်းမှု၊ တိရစ္ဆာန်ရောဂါ ထိန်းချုပ်မှုဥပဒေချိုးဖောက်မှုတို့ဖြင့်လည်း စွပ်စွဲခံရသည်ဟု အကောက်ခွန်ဌာနက ပြောသည်။

 

တရားမဝင်၊ ရေရှည်တည်တံ့မှုမရှိသော တောရိုင်းမျိုးစိတ်များ ကုန်သွယ်မှု” ကို ဆန့်ကျင် လှုံ့ဆော်စည်းရုံးနေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်း TRAFFIC က ၂၀၁၈ ခုနှစ် အစီရင်ခံစာတစ်ခုတွင် "၂၀၀၉ ခုနှစျနှငျ့ ၂၀၁၆ ခုနှစျအကွား လကွေောငျးသယျယူပို့ဆောငျရေးကဏ်ဍမှ တောရိုင်းတိရစ္ဆာန်နှင့် တောရိုင်းတိရစ္ဆာန်ထွက်ကုန် ဖမ်းဆီးရမိမှု ၁၃၄၆ ခု တွေ့ရှိခဲ့ရသည်။” ဟု ဖော်ပြထားသည်။

 

၎င်းတောရိုင်းတိရစ္ဆာန်ကုန်ကူးမှုပုံစံမှာ နိုင်ငံပေါင်း ၁၃၆ ခုရှိ လေဆိပ်များတွင် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပြီး ကမ္ဘာတွင် ထိုင်းနိုင်ငံသည် ၎င်းကုန်ကူးမှုပုံစံ ဒုတိယအမြင့်ဆုံးဖြစ်သည်။

 

ထူးခြားဆန်းပြားသည့် ဒေသခံမျိုးရင်းမဟုတ်သော အိမ်မွေးတိရစ္ဆာန်များ 'ခဏပန်း မွေးမြူမှု မြင့်တက်လာခြင်း’

 

TRAFFIC အရှေ့တောင်အာရှရုံး ညွှန်ကြားရေးမှူး Kanitha Krishnasamy က CNN သို့ပေးပို့သည့် ထုတ်ပြန်ချက်တစ်စောင်တွင် "အရှေ့တောင်အာရှနှင့် တောင်အာရှအကြား သက်ရှိတိရိစ္ဆာန်များ ရောင်းဝယ်ဖောက်ကားမှုမှာ အလွန်သက်ဝင်တက်ကြွနေပြီး ဆက်တိုက်ဖြစ်ပေါ်နေသော အဆင့်ဖြစ်ကြောင်း” ၎င်းတို့အဖွဲ့အစည်းမှ တွေ့မြင်ရသည်ဟု ဖော်ပြထားသည်။

 

၎င်းရောင်းဝယ်မှုများတွင် မကြာသေးမီနှစ်များအတွင်း ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား လေကြောင်းမှတဆင့် "တောရိုင်းတိရိစ္ဆာန် မှောင်ခို သယ်ဆောင်မှု ဖြစ်ရပ်များ” လည်း ပါဝင်ကြောင်း၊ "၂၀၂၂ ခုနှစ်အစောပိုင်းမှ စတင်၍ နှစ်နိုင်ငံလုံးတွင် ဖမ်းဆီးရမိမှုများ ရှိခဲ့ကြောင်း” Krishnasamy က ဖော်ပြထားသည်။

 

အိန္ဒိယသို့ တောရိုင်းတိရစ္ဆာန်ကုန်ကူးရန် ကြိုးပမ်းမှု တိုးမြင့်လာခြင်းမှာ ထူးခြားဆန်းပြားသည့် မျိုးရင်းမဟုတ်သော သားပိုက်ကောင်များ၊ cuscus နှင့် ပန်ဒါနီများအပါအဝင် အိမ်မွေးတိရစ္ဆာန်များကို "ခဏပန်းမွေးမြူလိုမှု မြင့်တက်လာခြင်း” ကြောင့်ဖြစ်သည်ဟု Krishnasamy က ဆိုသည်။

 

ကျွန်မတို့ အိန္ဒိယအောက်ခြေဈေးကွက်အထိ လက်လှမ်းမီရန် လိုအပ်သည်။” ဟု Krishnasamy က ပြောသည်။ "စည်းမျဉ်းများ ခိုင်မာစေရန်နှင့် ဝယ်လိုအားများ လျော့ချရန်အပါအဝင် အနာဂတ်တွင် ကြားဝင်ဆောင်ရွက်နိုင်ရန် ခေတ်ပြိုင် အိမ်မွေးတိရစ္ဆာန်ဈေးကွက်ကို အသေအချာ နားလည်မှုလိုအပ်သည်။”

 

ကိုးကား - CNN

 

ပုံစာ - မတ်လ ၄ ရက် ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ် ခရီးဆောင်သေတ္တာအတွင်းမှ တွေ့ရှိရသည့် မျိုးသုန်းလုနီး ပန်ဒါနီတစ်ကောင်။ (Photo: ထိုင်းအကောက်ခွန်ဌာန၊ Reuters)

 

ပန်ဒါနီ
ထိုင်း
အိန္ဒိယ
တောရိုင်းတိရစ္ဆာန်များ

Share With
bap-logo