Politics
ရပ်ကွက်ရုံးအချို့ ခြိမ်းခြောက်စာအပစ်ခံရပြီးနောက် လက်သင့်ရာလူတွေကို စစ်မှုထမ်းပေးဖို့စည်းရုံးနေ
လွန်ခဲ့သော တစ်နှစ် က
ရန်ကုန်၊ မတ် ၂၃။
ရန်ကုန်မြို့အတွင်းက စစ်မူထမ်းဖို့ မဲနိုက်ရွေးချယ်မယ့် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက် အုပ်ချုပ်ရေးရုံးအချို့ ခြိမ်းခြောက်စာပစ်ခံရတာကြောင့် မဲနိုက်မယ့်ကိစ္စတွေမလုပ်တော့ဘဲ စစ်မူထမ်းဖို့ လက်သင့်ရာသူတွေကို စည်းရုံး နေကြတယ်လို့ ရန်ကုန်မြို့ခံအချို့ဆီက သိရပါတယ်။
ဒီရက်ပိုင်းအတွင်းမဲနိုက်ရွေးချယ်ဖို့ပြင်ဆင်ထားတဲ့ သာကေတမြို့နယ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမူးရုံးထဲ ခြိမ်းခြောက်စာပစ်ခံရတယ်လို့ ရပ်ကွက်ရုံးအနီးနေထိုင်သူအချို့က ပြောပါတယ်။
"အစကမဲနိုက်ဖို့ လူစားရင်းရွေးထားပြီးသား စာပစ်ခံရလို့ ခုထိမဲမနိုက်သေးဘူး၊ ဒီရက်ပိုင်း ရပ်ကွက် လူကြီးတွေ အိမ်ထဲမနေရဲကြဘူး၊ ပြည်သူတွေကတော့ မဲမနိုက်ရလေကောင်းလေပေါ့"လို့ ၉ ရပ်ကွက် မှာနေထိုင်တဲ့ လူငယ်တဦးက ပြောပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင်ပြီး အာဏာတည် တယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။
ပြည်သူ့စစ်သင် တန်း အမှတ်စဥ် (၁)ကို သင်တန်းသား ၅၀၀၀ နဲ့ စတင် ဖွင့်လှစ်တော့မယ်လို့ စစ်ကောင်စီကဘ်က ပြောထားပြီး ရန်ကုန်တိုင်းအတွင်းမြို့နယ်တွေမှာ စစ်မူထမ်းဖို့စာရင်းတွေ လိုက်လံကောက်ခံနေတာ အချို့နေရာ တွေမှာ မဲနိုက်ရွေးချယ်နေကြတာဖြစ်ပါတယ်။
သာကေတမြို့နယ် ၆ ရပ်ကွက်မှာလည်း စစ်မူထမ်းဖို့ စားရင်းကောက်ခံထားပြီး မဲနိုက်ဖို့ စီစဥ်ထား ပေမယ့် မလုပ်ရဲသေးတာကြောင့် စစ်မူထမ်းဖို့အရေး လက်သင့်ရာစည်းရုံးထားတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမူးရုံးနဲ့ နီးစပ်သူအချို့ကပြောပါတယ်။
"တရပ်ကွက် ၃ ဦး မဲနိုက်ဖို့လုပ်ထားတာ၊ ခု အလိုအလျောက်နှစ်ဦးရှိတော့ တယောက်ပဲ ရှာရတော့မယ်၊ မဲနဲ့ရွေးတာမျိုးမလုပ်ရဲဘူး၊ လုံခြုံရေးအရရော မလုပ်ရဲကြဘူး"လို့ ၆ ရပ်ကွက် နေသူတဦးက ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမူးတွေရိုက်နှက်ခံရတာ၊ အသတ်ခံရတဲ့သတင်းတွေ ကြောင့် ရန်ကုန်မြို့၊ မြို့နယ်အချို့က အုပ်ချုပ်ရေးမူးတွေ စားရင်းကောက်တာ၊ မဲနိုက်တာတွေမလုပ်ဘဲ ရပ်ကွက်ထဲက အလုပ်မရှိသူတွေကို စစ်မှုထမ်းစာရင်းထဲ ထည့်သွင်းထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်သင်တန်းအပတ်စဉ် ၁ မှ ၃ အထိ တပ်မတော်မိသားစုဝင်တွေနဲ့ တပ်မတော် ချစ်မြတ်နိုးသူများ၊ မိမိစိတ်ဆန္ဒနဲ့ အရင်ဦးဆုံး တာဝန်ထမ်းလိုသူ၊ မိမိစိတ်ဆန္ဒနဲ့ အမည်စာရင်း အရင်ဆုံး လာပေးသူများကိုသာ စိစစ်ရေးအဖွဲ့တွေက သေချာစိစစ်ပြီးမှ ဦးစားပေး လက်ခံသွားမယ်လို့ ပြောဆိုထားပေမယ့် လက်တွေ့မှတော့ ရပ်ကွက်တွေမှာ မဲနိုက်ရွေးချယ်နေကြရတာဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဖို့ ခေါ်ယူမှုကို ဧပြီလ သင်္ကြန်ရုံးပိတ်ရက်အပြီးမှာ စတင်အကောင်အထည် ဖော်ဆောင် ရွက်သွားဖို့ ရှိတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထားပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အသက်ကန့်သတ်ချက်အရ အကျုံးဝင်နေသူ ၁၄ သန်းဝန်းကျင် (အမျိုးသား ၆ ဒသမ ၃ သန်းနဲ့ အမျိုးသမီး ၇ ဒသမ ၇ သန်း) ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ- စစ်အာဏာသိမ်းမှုဖြစ်ပေါ်ပြီးနောက် ပိတ်ဆို့ဆန္ဒပြခံရသည့် သာကေတမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးတစ်ခု
Burma Associated Press
Top News
လွန်ခဲ့သော ၁၆ နာရီ က
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၆ ရက် က