bap-logo
Education

နွေဦးတက္ကသိုလ်က အမေရိကန် တက္ကသိုလ် တစ်ခုနှင့် သဘောတူစာချွန်လွှာ ထပ်မံရေးထိုး

m6UtXF1FQDWzUlKCsLnb4-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၁၅။

 

နွေဦးတက္ကသိုလ်က အမေရိကန် တက္ကသိုလ် တစ်ခုနှင့် သဘောတူစာချွန်လွှာ ထပ်မံရေးထိုးလိုက် ကြောင်း ယနေ့ နိုဝင်ဘာ ၁၅ ရက်က အသိပေးသည်။

 

နွေဦးတက္ကသိုလ်အနေဖြင့် အမေရိကန်အခြေစိုက်တက္ကသိုလ်တစ်ခုဖြင့် ဒုတိယအကြိမ် ထပ်မံ၍ သဘောတူစာချွန်လွှာ ရေးထိုးလိုက်ခြင်း ဖြစ်သည်။

 

အမေရိကန် အခြေစိုက် University of Arizona(UA) နှင့် နွေဦးတက္ကသိုလ်က ယခုနှစ် မတ်လအတွင်းက ပထမအကြိမ် သဘောတူစာချွန်လာ ရေးထိုးခဲ့သည်ဟု သိရသည်။

 

ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် အသစ်များကို မကြာခင် ကြေညာသွားမည်ဟုလည်း နွေဦးတက္ကသိုလ်က အသိပေးထားသည်။

 

Burma Associated Press

coup
Student
Youth
Education
Spring University Myanmar

Share With
bap-logo