bap-logo
Education

NUG ၏ ပညာရေးကဏ္ဍတွင် ဆရာ၊ဆရာမ တစ်သိန်းသုံးသောင်းကျော် ပါဝင်နေ

AtBJIj5FhJixr7ug-O1bN-image

လွန်ခဲ့သော ၂ နှစ် က

စက်တင်ဘာ ၆။

 

အမျိုးသားညီညွတ်ရေးအစိုးရ- NUG ၏ ပညာရေးကဏ္ဍတွင် ဆရာ၊ဆရာမ တစ်သိန်းသုံးသောင်းကျော် ပါဝင် နေသည်ဟု အောက်တိုဘာ ၅ ရက် (ကမ္ဘာ့ဆရာများနေ့)တွင် NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

 

NUG၏ အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍနှင့် သက်မွေးပညာကဏ္ဍများတွင် ဆရာ၊ဆရာမပေါင်း ၁၃၂,၀၉၉ ဦး ပါဝင်နေသည်ကို သိရှိရကြောင်း ၎င်းက ဆိုသည်။

 

NUG ပညာရေးဝန်ကြီးဌာန၏ မူဝါဒများကို အကောင်အထည်ဖော်နေသည့် အခြေခံပညာကဏ္ဍက CDM ဆရာ/မ ဦးရေ ၁၁၆,၁၃၇ ဦးရှိပြီး အဆင့်မြင့်ပညာကဏ္ဍတွင် ၁၃,၆၅၂ ဦးနှင့် သက်မွေးပညာကဏ္ဍတွင် ၂,၃၁၀ ဦး ရှိသည်ဟု ဆိုထားသည်။

 

အဆင့်မြင့်ပညာကဏ္ဍ၏ တိုးတက်ဖြစ်ထွန်းမှုအနေဖြင် မြန်မာ့နွေဦးတက္ကသိုလ် MNOU ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ပုဂ္ဂလိက တက္ကသိုလ်များနှင့် ချိတ်ဆက်ပြီး နိုင်ငံတကာ အဆင့်မြင့်ပညာရေးဝန်ဆောင်မှုများ ပေးနိုင်ရန် ဆောင်ရွက်နေသည်ဟုလည်း အသိပေးထားသည်။

 

“ဆရာ/မနဲ့ ဝန်ထမ်းတွေရဲ့ စားဝတ်နေရေးအတွက် သင်တင့်မျှတတဲ့ ထောက်ပံ့မှုကို NUG အစိုးရဘက်က ဖြည့်ဆည်းပေးဖို့ ဆောင်ရွက်နေသော်လည်း အခုအချိန်အထိ ရရှိတဲ့ ဘဏ္ဍာငွေအကန့်အသတ်တွေ ထဲကမှ ကဏ္ဍတစ်ခုချင်းအလိုက် မျှဝေသုံးစွဲနေရတာဖြစ်လို့ လုံလောက်တဲ့ ထောက်ပံ့မှုမျိုးတွေ မပေးနိုင်တာကိုလည်း ကျွန်တော့်အနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။

 

ဒါ့အပြင် အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းစဉ် (BECA) အတွက် နည်းပညာ ကုန်ကျစရိတ် မြန်မာငွေကျပ် (၁၇၆) သန်းကျော်ကို ပညာရေးဝန်ကြီးဌာနဘက်က ကျခံသုံးစွဲခဲ့ကြောင်း လည်း ၎င်းက ပြောသည်။

 

Burma Associated Press

NUG
teacher

Share With
bap-logo