Education
လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ဘွဲ့ရထားတဲ့ လူစာရင်းတွေ ရန်ကုန်မှာ ကောက်နေ
လွန်ခဲ့သော ၃ နာရီ က
BAP၊ ဒီဇင်ဘာ ၂၂။
လွန်ခဲ့တဲ့ ၁၀ နှစ် အတွင်း ဘွဲ့ရတဲ့သူတွေရဲ့ စားရင်တွေကို ရန်ကုန်မြို့က မြို့နယ်အချို့မှာ လိုက်လံ ကေုက်ယူနေတယ်လို့ ရပ်ကွက်နေသူပြည်သူတွေဆီက ပြောပါတယ်။
ရပ်ကွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကတဆင့် ၂၀၁၅ ကနေ ၂၀၂၅ ခုနှစ် အတွင်း ဘွဲ့ရသူတွေရဲ့ စာရင်းကို တအိမ်တက်ဆင်း လိုက်လံကောက်ယူနေတာလို့ သာကေတမြို့နယ်နေသူတွေက ပြောပါ တယ်။
"ဘာအတွက်ကောက်တယ်ဆိုတာမပြောတော့ စိတ်ပူရတာပေါ့၊ စစ်မူထမ်းအတွက်လား မဲစားရင်း အတွက်လာမသိရတော့ စိတ်ပူနေကြရတယ် "လို့ သာကေတမြို့နယ် နေသူတဦးက ပြောပါတယ်။
သန်းခေါင်စာရင်းနဲ့နေထိုင်သူတွေသာမက ဧည့်စားရင်းနဲ့လက်ရှိနေထိုင်သူရဲ့ ဘွဲ့ရအမျိုးသား၊ အမျိုးသမီး စာရင်းတွေကို ကောက်ယူနေတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့မှာ ရပ်ကွက်အလိုက် ဘွဲ့ရစာရင်းတွေ လိုက်ကောက်နေပြီး အချို့ နေရာတွေမှာ ဘွဲ့ရစာရင်းလာပေးဖို့ အုပ်ချုပ်ရေးမှူးအဖွဲ့က အော်လံနဲ့ လိုက်အော်နေတာလည်း ရှိတယ်လို့ Rangoon Scout Network ကလည်း အသိပေးထားပါတယ်။
"အတိကျတော့မသိရသေးဘူး၊ ရွေးကောက်ပွဲ မဲရုံစောင့် Volunteer အတွက်လို့တော့ပြောတယ်၊ ကျောင်းတက်နေသူရှိရင် စာရင်းထဲမထည့်ဘူးလို့တော့ပြောတယ်"လို့ ရပ်ကွက်ရုံးနဲ့နီးစပ်သူတဦးက ပြော ပါတယ်။
ဒီလိုကောက်နေတာကို ရပ်ကွက်တာဝန်ရှိသူတွေကိုယ်တိုင် ဘာအတွက် ကောက်ယူနေတယ်ဆိုတာ မသိရဘူးလို့ ပြောဆိုနေကြသလို အချို့ကရွေးကောက်ပွဲအတွက် လုပ်အားပေးဖို့ကောက်ယူ နေတာလို့ လည်း ဆိုပါတယ်။
အခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ကစပြီး ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်း၊ ယုဇနဥယျာဉ်မြို့တော်၊ တောင်ဒဂုံ၊ တောင်ဥက္ကလာပ၊ မင်္ဂလာတောင်ညွှန့်၊ ၊သာကေတ၊ ဒဂုံ၊ ပုဇွန်တောင်မြို့နယ်က ဆရာဝန်ဘွဲ့၊ အင်ဂျင်နီ ယာဘွဲ့၊ ဥပဒေဘွဲ့၊ ရေကြောင်းရေးဘွဲ့နဲ့ အသက်မွေးဝမ်းကြောင်းဘွဲ့ ယူထားသူတွေရှိပါက စာရင်း လာကောက်နေတာလို့ ပြည်သူအချို့က ပြောပါတယ်။
Top News
လွန်ခဲ့သော ၃ နာရီ က
လွန်ခဲ့သော ၅ နာရီ က
လွန်ခဲ့သော တစ်ရက် က