bap-logo
Politics

စစ်ခုံရုံးစီရင်မှုနှင့် ပြစ်မှုအယူခံပိုင်ခွင့်မရှိ ထုတ်ပြန်ချက် တရားမဝင်ဟု ဥပဒေပညာရှင်အချို့ဆို

19_-Ap_Vn1rjg7GzWVuq1-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ

 

စစ်အုပ်ချုပ်ရေး ၃၇ မြို့နယ်တွင် စစ်ခုံရုံးတရားစီရင်ရာ၌ ပြစ်မှုကျူးလွန်မှုအတွက် အယူခံပိုင်ခွင့် မရှိကြောင်း အမိန့် ထုတ်ပြန်ချက်သည် ၂၀၀၈ အခြေခံ ဥပဒေဖြင့် သွေဖယ်နေခြင်းကြောင့် အမိန့် တရားမဝင်ကြောင်း ဥပဒေ ပညာရှင် အချို့ကသုံးသပ်ပြောကြားသည်။

 

ဖွဲ့စည်းပုံနဲ့ဆန့်ကျင်တဲ့ ပြဌာန်းချက်တွေက အလိုအလျောက်ပျက်ပယ်တယ်။ စစ်ကောင်စီရဲ့ အယူခံပိုင်ခွင့် မရှိစေရ ဆိုတဲ့ပြဌာန်းချက်ကို အဲဒီလိုမြင်ပါတယ်ဟု ဆိုပါ ဥပဒေပညာရှင်က ဆိုသည်။

 

စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များတွင် အရပ်ဘက်တရားစီရင်ရေးအစား စစ်ခုံရုံးတွင် ပြစ်မှုများကို စီရင်မည်ဖြစ်ပြီး ထိုသို့ စီရင်နိုင်မည့် ပြစ်မှုအမျိုးအစား ၂၃ ခုကို စစ်ကောင်စီက ဖေဖော်ဝါရီလ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 

ယင်းသို့ ပြစ်မှုများကို စီရင်ရာတွင် ဥပဒေထက်ကျော်လွန်၍ အမြင့်ဆုံးပြစ်ဒဏ်ပေးခြင်း၊ သေမိန့်ပေးခွင့် ရှိခြင်းတို့ပါဝင်ပြီး ထိုသို့ပြစ်ဒဏ်စီရင်မှုများအား တရားရုံးအယူခံဝင်ခွင့်မရှိကြောင်း စစ်ကောင်စီက ထုတ်ပြန် ထားသည်။

 

ထို့အပြင် ကျန်အမှုများကို အရပ်ဘက်တရားရုံးများကသာ စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီအနေနဲ့လွှမ်းမိုးပြီးတော့ ဒီလိုအမိန့်မျိုးထုတ်ပြန်တာဥပဒေနဲ့မညီဘူး။ စစ်ကောင်စီ ထုတ်ပြန်လိုက် ကတည်းက ပျက်ပယ်သောအမိန့်ဖြစ်တယ်။ အဲဒီမှာ ခုနက ပြောတဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေကို ချမှတ်လိုက် သော်လည်း အဲဒီအမိန့်တွေအပေါ်မှာ အယူခံခွင့်မရှိစေရ ပြဌာန်းချက်က တော်တော် အရုပ်ဆိုးအကျည်းတန်တဲ့ ပြဌာန်းချက်ဖြစ်တယ်ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးက ဆိုသည်။

 

စစ်အုပ်ချုပ်ရေးမြို့နယ်များတွင်ကျင့် သုံးမည့်တရား စီရင်ရေးသည် ၂၀၀၈ ဖွဲ့စည်းပုံခြေခံဥပဒေ၊ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ ၂၀၁၀ ခုနှစ် () အပါအဝင် တည်ဆဲဥဒေများ နိုင်ငံတကာ တရားဥပဒေများဖြင့် ညီညွတ်ခြင်းမရှိခြင်းကြောင်း သိရသည်။

 

ယင်းအပြင် စစ်ကောင်စီကိုယ်တိုင်လက်ကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉ တွင် တရားစွဲဆို ခံထားရသူသည် ဥပဒေနှင့်အညီ အပြည့်အဝချေပခွင့်ရှိရမည်ဖြစ်ကာ ပြစ်ဒဏ်ချမှတ်ခံရပြီး နောက်တွင်လည်း အယူခံအခွင့်အရေး ရရှိရမည်ဟု ပြဌာန်းထားသည်။

 

လက်ရှိစစ်ကောင်စီလက်စွဲသုံးနေသည့် ပုဒ်မ ၅၀၅ က သည် မူလရာဇသတ်ကြီးဥပဒေတွင်မပါဝင်ဘဲ အာဏာသိမ်းပြီးနောက် ပြင်ဆင်ပြဌာန်းလိုက်ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင် ပြီး ယင်းဥပဒဖြင့် တရားစွဲဆိုမှုများပြားလာကြောင်း ဥပဒေပညာရှင်များထံမှ သိရသည်။

 

Burma Associated Press

 

Myanmar
SAC
lawyer
Martial Law

Share With
bap-logo