bap-logo
Politics

"ရောင်နီလာရာလမ်း" ရုပ်ရှင်ပြသမှု ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ နီးပါးရရှိခဲ့

L05YrJm0A_DUWlqwCDp6j-image

လွန်ခဲ့သော ၂ နှစ် က

ရန်ကုန် ၊ဖေဖော်ဝါရီ ၅

 

ဒါရိုက်တာကိုပေါက်၏ ဒုတိယ‌မြောက်ရုပ်ရှင်ဖြစ်သည့် "ရောင်နီလာရာလမ်း" ရုပ်ရှင်အား ဂျပန်နိုင်ငံ၊ တိုကျိုမြို့ တွင် ပြသခဲ့ရာ ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ နီးပါးရရှိခဲ့ကြောင်း ရုပ်ရှင်ပြသရေးကော်မတီမှ သိရသည်။

 

"ရောင်နီလာရာလမ်းရုပ်ရှင်ကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် Red Carpet show အဖြစ်စတင်ပြသခဲ့ရာ ပရိသတ် ၁,၀၀၀ ကျော် ကြည့်ရှုအားပေးခဲ့ပြီး ရန်ပုံငွေ သိန်း ၁,၀၀၀ နီးပါး ရရှိခဲ့တယ်" ဟု ယင်းကော်မတီက ဆိုထား သည်။

 

အဆိုပါ ရုပ်ရှင်ကို ယမန်နေ့မှစတင်၍ ဂျပန်၊ အမေရိကန်၊ ဆွီဒင်နှင့် နယ်သာလန်နိုင်ငံများရှိ မြို့များတွင် တပြိုင်တည်း ပြသခဲ့ခြင်းဖြစ်သည်။

 

"ရောင်နီလာရာလမ်း" ရုပ်ရှင်မှာ၂ နာရီနီးပါးကြာမြင့်ပြီး၊ ဒါရိုက်တာကိုပေါက်၏ အနုပညာသမားဘဝ၊ တော်လှန်ရေးသမားဘဝ စသည့်ဘဝနှစ်ခုအတွင်းပြောင်းလဲသွားခဲ့သော အခြေအနေများကို တင်ပြထားသည့် မှတ်တမ်းရုပ်ရှင်ဖြစ်သည်။

 

Burma Associated Press

 

Ko Pauk
funds
documentary film

Share With
bap-logo